ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ

Yin Nyine NwayJune 17, 20111min010

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။

သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်

နေထိုင်နိုင်ဖို့ ကြိုးစားပါ။

ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။

သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။

သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။

သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။

သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။

သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။

ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်

ဆက်လိုက်ပါ။

ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ်

နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ

တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနို

င်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ

နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ

အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၄) စကားတစ်ခွန်းတည်းနဲ့

လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနို

င်တယ်။စကားအခွန်းတစ်ထောင်သုံးမှ

လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ

ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့

ပေါင်းမြက်တွေစိုက်ပျိုးမထားပါ

နဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့်

အသိဉာဏ်တွေ

မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ

မဖြစ်စေဘူး။သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ

မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ/ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့

မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?

ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ

မပျော်ရွှင်တာတွေထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ

ဘယ်သူ့မှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ကိုယ့်ဆိုးကျိုးကို

ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို

အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊

ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ

ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာမပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်

အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။လူတွေက

ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။

ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို

စိတ်အနှောင့်အယှက်ပေးနေတာ။

10 comments

  • xman

    June 17, 2011 at 2:47 pm

    အခုတလောဖတ်ရတာတွေကြားမှာ ဒါမျိုးလေးကြားဖေါက်ဖတ်ရတာ ကောင်းလိုက်တာ။

    Reply

  • naywoonni

    June 17, 2011 at 3:46 pm

    သိပူးလေ……… ဆုံမှမဆုံ ဖူးတာ……..

    Reply

  • ဆူး

    June 17, 2011 at 3:58 pm

    ချစ်နိုင်သူတွေ ချစ်ကြပေါ့။
    တယောက် လိုအပ်ချက် အားနည်းချက် အပြန်အလှန် သိပြီး နားလည်နိုင်ရင် ပြသနာ မရှိဘူး ထင်တာပဲ။

    Reply

  • pooch

    June 17, 2011 at 5:13 pm

    အခုတလော အဆင်မပြေတာတွေ များနေလို့ ဒီပို့လေး ဖတ်ရတာစိတ် ကြည်သွားတယ်

    Reply

  • nature

    June 17, 2011 at 6:52 pm

    စိတ်ထားတတ်ကမြတ်တယ်တဲ့၊ အကောင်းဘက်ကလှည့်တွေးတတ်တဲ့ အကောင်းမြင် ဝါဒတခုပါပဲ။

    Reply

  • susunosuki

    June 18, 2011 at 3:04 am

    ရွာထဲမှာ ဒီလိုပိုစ့်တွေပဲ ရှိစေချင်တယ်။ ဒါပေမယ့် (စိတ်အထင်) အညံ့စားပိုစ့်တွေဖတ်ရတော့ လည်း ကောင်းတဲ့ ပိုစ့်ကို ပိုတန်ဖိုးထားတတ်လာတာပေါ့။

    Reply

    • Yin Nyine Nway

      June 18, 2011 at 1:58 pm

      အားလုံးကို ကျေးဇူးပါ

      Reply

      • maythakhin

        June 20, 2011 at 5:09 pm

        ကောင်းပါတယ်။ဖတ်ရတာလေးတွေက မျှတမှုရှိတယ်။ကောင်းခြင်း၊မကောင်ခြင်းကို ဒွန်တွဲထားတာလေးတွေ။ တန်ဖိုးရှိပါတယ်။

        Reply

  • winnmyo

    June 18, 2011 at 5:18 am

    ကျွှန်မလည်းတကယ်ချစ်ရမဲ့သူနဲ့ဆုံချင်လိုက်တာ…

    Reply

  • chitpyae

    June 21, 2011 at 12:31 am

    ဒီ စာလေးတွေ ဖတ်မိတော့မှပဲ သတိထားသင့်တာတွေ နည်းနည်းမြင်လာသလို ပဲ ခံစားမိပါတယ် မမနွေး ရေ …… ကျေးဇူးတင်ပါတယ် ရှင် 🙂

    Reply

Leave a Reply

Your email address will not be published.