စိတ်ညစ်စရာလိုင်စင်ဆိုင်ကယ်

kyawkyaw11June 17, 20111min03

ကျွန်တော်တို့သံတွဲမြို့နယ်အတွင်းက လိုင်စင်နဲ့မော်တော်
ဆိုင်ကယ်တွေဟာ သူတို့ပြုသမျှနုနေရတဲ့ မိန်းမပျက်တွေ
နဲ့တူနေပါပြီ—
ခုဆိုရင် လိုင်စင်ဆိုပြီးပြောင်းရတာ 3 ခါရှိပါပြီ
တစ်ခါသက်တမ်းတိုးရင် 40000 နီးပါးကုန်ကျပါတယ်
စာအုပ်မှာသွင်းရတဲ့လိုင်စင်ကျေးတွေကတော့ ထောင်ဂဏန်းလောက်ပါဘဲ ဒါပေမဲ့ လမ်းစရိတ်ဆိုပြီး
မတရားတောင်းခံနေတဲ့ဝန်ထမ်းတွေကို ဒီအတိုင်း
ဘဲလက်ပိုက်ကြည့်နေကြရပါတယ်—
လိုင်စင်ကျေးတွေများတယ်လို့သွားပြောရင်လဲ
လိုင်စင်ဆိုင်ကယ်တွေကိုစစ်လိုက်ကျောလိုက် မန်လိုက်
ဟောက်လိုက် ဒီဟာမပြည့်စုံလို့ ဟိုဟာမပြည့်စုံလို့
ဆိုပြီးရစ်တော့ဒါဘဲ–
နောက်ဆုံးတော့ ခံစားနေရသူတွေက ပြည်သူတွေပါဘဲ——
သံတွဲသား

3 comments

  • usnczn

    June 17, 2011 at 3:59 am

    လုပ်ပိုင်ခွင့်လေး နဲနဲရထားတာကို အခွင့်အရေး အနေနဲ့
    ပိုက်ဆံ ရှာနေတဲ့အကျင့် ပျောက်သင့်ပါပြီ။
    တိုင်းပြည် ကို ဝိုင်းဝန်း ကယ်တင်မယ် ဆိုတဲ့စိတ်နဲ့
    ဒီလူတွေကို ရှုတ်ချ တာမျိုးတွေ ဝိုင်းပယ်တာမျိုးတွေ
    လုပ်သင့်တယ်။
    ကိုယ့်အလုပ်ပြီးအောင် ပေးစရာရှိတာပေး ရပေမဲ့
    အခပေး အိမ်သာ လိုမျိုး ဆက်ဆံသင့်တယ်။
    အဲဒီလူတွေကလဲ ကိုယ့်ဖာသာကိုယ် အိမ်သာလို မဖြစ်ရအောင်
    ပြည်သူလူထုနဲ့ အဆင်ပြေအောင် နေသင့်ပါပြီ။

    Reply

  • apulay

    June 17, 2011 at 6:56 am

    mg မှာ စိတ်ဝင်စားစရာ ဗဟုသုတရစရာ မှတ်သားစရာလေးတွေ ပါလို့အမြဲဝင်ဖတ်ဖြစ်တယ် ။
    ဝေဖန်ရေးတွေပဲရေးမယ်ဆိုရင်တောင် အပြုသဘောနဲ့ဝေဖန်တာမျိုးပဲဖြစ်သင့်တယ် ။ အမြဲတမ်း မကောင်းမြင်တတ်တဲ့မင်းကိုငါအရမ်းအံ့ဩမိပါရဲ့ ။ ခောတ်တွေပြောင်းနေပါပြီ ။ မတရားခံနေရတယ်လို့ ယူဆနေရင် သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်လို့ရတဲ့ခောတ် ရောက်နေပါပြီ ။
    ကိုယ့်ဘက်ကတော့မှန်ပစေနော် ။

    Reply

  • windtalker

    June 17, 2011 at 12:36 pm

    ကောင်းဗျာ ။ ကိုအပုလေး ရေးတာလေး မြင်တော့ ဆက်ရေးမယ်နော် ။ ပြည်သူတွေ လို ့ခေါင်းစဉ်တပ်တပ်ပြီး ပွဲ ဆူ အောင် ရေးနေသလား လို ့ဖတ်ရင်း ဖတ်ရင်း သဘောပေါက်လာသလို ပဲ ။

    Reply

Leave a Reply

Your email address will not be published.