တစ်မိနစ်စာ အပျင်းပြေ ဟာသများ(၂)

maung hninkharrJune 16, 20112min03

ကြက်မှာ အပြစ်မရှိပါ

‘ကိုရေ . . . မနက်ဖြန် ကျွန်မတို့ အိမ်ထောင်သက် ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကြက်တစ်ကောင်သတ်စားရအောင်လား’

‘လွန်ခဲ့တဲ့ ၁၅နှစ်က ငါ့အပြစ်အတွက် ကြက်မှာ ဘာအပြစ်မှမရှိပါဘူးကွာ။’

 

ဆံပင်သန်ဆေး

‘မင်းဘာကြောင့် နှုတ်ခမ်းမွှေး အဲ့ဒီလောက်ရှည်နေရတာလဲ?’

‘မသိပါဘူးကွာ . . . ဆံပင် သန်ဆေးလီမ်းကတည်းက ဒီလိုဖြစ်သွားတာပဲကွာ။’

 

အရောင်တူတာရမှာပေါ့

နိုင်ငံခြားသားနှစ်ဦးသည် စားသောက်ဆိုင်တစ်ခုထဲသို့ဝင်သည်။

‘ယနေ့ရနိုင်သော စားသောက်ဖွယ်ရာများ’ စာရင်းတွင် မမြင်ဘူး၊မစားဘူးတာများကို တွေ့ရ ၍ မြည်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့ဖြင့် ‘စပယ်ရှယ်နို့’ ကိုမှာလိုက်ကြသည်။ ခဏအကြာတွင် အမျိုးသမီးတစ်ဦး ၎င်းတို့အနားကိုရောက်လာပြီး ခွက်နှစ်ခွက် ထဲသို့

မိမိ ၏ ရင်သားမှ နို့များကို ညှစ်ပေးလေသည်။

‘စပယ်ရှယ်နို့’ သောက်ရင်း တစ်ယောက်ကပြောသည်။

“စပယ်ရှယ်ဘီယာ မှာရင် ဘာရမလဲမသိဘူးနော်”

 

အရက်ဖြတ်သူ

‘မင်းပြောတော့ အရက်ဖြတ်တယ်ဆို။ အခုဘာလို့ အရက်ဆိုင်သွားဖို့ ခေါ်တာလဲ?’

‘အေးလေ . . . တစ်ခွက်နဲ့ တစ်ခွက်ကြားဖြတ်ထားတာကိုပြောတာလေ။’

 

ထောင်ထဲမှာ နေလိုက်လျှင်ကောင်းသား

ယောကျာင်္းဖြစ်သူ မိုးအရမ်းချုပ်သည့်တိုင် မအိပ်သေးတာတွေ့တော့ မိန်းမက

‘မောင် ဘာဖြစ်နေတာလဲ? ဘာဖြစ်လို့မျက်ရည်တွေကျပြီးထိုင်နေတာလဲ?’

‘လွန်ခဲ့တဲ့ နှစ်၂ဝက ငါတို့ချိန်းတွေ့တဲ့နေ့ကို မှတ်မိသေးလား? မင်း အဲ့ဒိတုန်းက ၁ရနှစ်ပဲ ရှိသေးတယ်လေ။’

‘မှတ်မိတာပေါ့’

‘မင်းအဖေ ငါတို့ကို ပန်းခြံထဲမှာတွေ့သွားတယ်လေ။ မှတ်မိသေးလား?’

‘မှတ်မိတယ်လေ’

‘မင်းအဖေ ငါ့ကို မေးတယ်လေ။ ငါ့သမီးကို ယူမလား? ထောင်ထဲမှာ နှစ်၂ဝ သွားနေမလား? လို့လေ ‘ဒါရော မှတ်မိသေးလား?

‘မှတ်မိတယ်လေ’ လို့ပြန်ဖြေတယ်။

အဲ့ဒီအချိန်မှာ ယောကျာင်္းက မျက်ရည်ကိုသုတ်ပြီး လေးလေးကန်ကန်နဲ့

‘ဒီနေ့က ထောင်ထဲက ငါပြန်လွှတ်မယ့်နေ့ပေါ့’

လို့ပြန်ဖြေလိုက်တယ်။

 

 

3 comments

Leave a Reply to maung hninkharr Cancel Reply

Your email address will not be published.