မနေ့ညက

susunosukiMay 3, 20101min02

မနေ့ညက မင်းရောက်မလာဘူး။ ငါစောင့်နေသေးတယ်။မင်းရောက်မလာဘူး။
အရင်နေ့က မင်းနဲ့တွေ့ခွင့်ရတယ်။အဲဒီနေ့တုန်းက ငါ့ရဲ့အိပ်ရာဝင်ချိန်ဟာ အကြောင်းတစ်ခုခု နဲ့ စိုလက်တောက်ပနေခဲ့တယ်ဆို အဲဒီအကြောင်းက မင်းပေါ့။
မင်းဟာ ငါ့ရဲ့အိပ်ရာဝင်တေးဖြစ်တယ်။မင်းဟာ ငါ့အိမ်မက်တွေရဲ့ သိုက်စောင့်တစ်ယောက်။
မင်းဟာ ငါ့ရဲ့ မိုးသောက်မှာ အသာတကြည်နိုးထစေတဲ့ ရောဒ့်သီချင်းတစ်ပုဒ် ဖြစ်တယ်။ မင်းဟာ ငါ့ရဲ့ အလိုအပ်ဆုံးတစ်စုံတစ်ရာပါ……..။
ငါကိုယ့်ငါမင်းမရှိလည်းဖြစ်ပါတယ်လို့ အားတင်းပြီး အိမ်ပြန်လမ်းကိုစတင်လိုက်တော့ ငါ့ခြေထောက်တွေက လေးလံနေတယ်။ စိတ်ညစ်တဲ့အခါတိုင်း ပျော်တဲ့အခါတိုင်း တီးခတ်လေ့ရှိတဲ့ဂစ်တာ အိုလေးက ဒီညတော့ငါ့ကို မဆွဲဆောင်နိုင်ရှာဘူး။ တခြားလုပ်စရာလည်းမရှိ စာအုပ်လည်းမဖတ်ချင်လို့ ဂစ်တာကိုပဲကောက်ကိုင်လိုက်မိတယ်။
`ဟိုအရင်လို ပျော်ရွှင်ချင်များ ရာထောင်ချီတိမ်တွေရဲ့ကြား မျောလွင့်နေခရီးရှည်များနဲ့ ရာသီတွေဖြတ်သန်းခဲ့ကြxxx……
ဆက်တီးလို့မရတော့ပါဘူး။ဂစ်တာလေးလဲသွားတော့ ချောင်ကို။
ငါမရတော့ပါဘူး။ စကော်ပီယမ်သီချင်းလိုပဲ I lose control b’coz you babe……
ဒီညကမင်းကိုတွေ့ခွင့်မရတဲ့ညပါ

2 comments

  • kopauk mandalay

    May 3, 2010 at 1:49 pm

    မနေ.ညက မင်းရောက်မလာဘူး။
    အဆွေးများကြားမှာ အတွေးများထားခဲ.တော.ငါအိပ်လို.မရဘူး။
    သည်ညလဲမင်းရောက်မလားသေးဘူး။
    အဆွေးများဘဲလာနေအုံးမှာလား
    ပြေးသွားပြီးတွေ.လိုက်ရမလား ငါမသိတတ်ဘူး။
    သေချာတာကတော.ရူးချင်နေပြီ။

    Reply

  • laypyay

    May 3, 2010 at 4:34 pm

    အဲ့ဒါညပေါ့ .. မိုးတွေထစ်ချုန်းရွာလိုက်တာ .. ကောင်ကင်ကြီးလဲ ပျော်လို
    ကြယ်တွေကို ရေရင်း တက်မှန်း မသိတက်လာတဲ့ ငါရဲ့အာရုံးဦး
    မင်း ခိုးယူသွားတယ်လေ .။

    Reply

Leave a Reply

Your email address will not be published.