ဥမင်ဖောက်ကာ ဘဏ်အတွင်းသို့ဝင်ရောက် မီးခံသေတ္တာ များဖောက်ခဲ့

BayoteMay 3, 20101min01

ယခုရက်သတ္တပတ်အကုန်က ပါရီမြို့ဘဏ်တစ်ခု၏ မြေအောက်ခန်းအတွင်း သို့ ဓားပြများက ဥမင်လိုဏ်ခေါင်းဖောက်ကာ ဝင် ရောက်ခဲ့ပြီး အပ်နှံထားသော ပုဂ္ဂလိကပိုင် မီးခံသေတ္တာအလုံးပေါင်း ၂၀ဝ နီးပါးတို့ကိုဖောက်ခဲ့သည်ဟု ရဲက ဆိုသည်။ ဘဏ်မြေအောက်ရှိ အလုံခန်းသို့အရောက် ဥမင်လိုဏ်အခန်းများကို မတူးမီ စနေနေ့ညပိုင်းက ပါရီမြို့ Avenue de l’Opera ရှိ လိုင် ယွန်နစ်ဘဏ် (Credit Lyonnais) ၏ ဘဏ်ခွဲမှ လုံခြုံရေးအစောင့်ကို လူဆိုးဂိုဏ်းများက ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်ဟု မတ်လ ၂၉ ရက်နေ့ညက ပြောကြားခဲ့သည်။ ဘဏ်ဓားပြ များသည် မီးခံသေတ္တာများကို နာရီအတန်ကြာ အချိန်ယူ၍ ဖွင့်ခဲ့ပြီး ၎င်းတို့ထွက်ခွာ သောအခါ ၎င်း၏နေရာကို မီးရှို့ခဲ့သည်။

One comment

  • susunosuki

    May 3, 2010 at 11:43 am

    ဘဏ်စောင့် ကိုဘာမှအနာ္တရယ်မပြုခဲ့တာပဲ တော်လှပါပြီ
    ဒီလိုဖောက်ခံရတော့ ဘဏ်ပိုင်ရှင် မွဲပြီပေါ့

    Reply

Leave a Reply

Your email address will not be published.