အမေရိကန် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၅ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေအမေရိကန် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၅ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေ

kyawgyiMay 3, 20101min01

၂၀၀၆ ခုနှစ်မှစပြီး အဆိုးဝါးဆုံး ကျောက်မီးသွေးတွင်းပေါက်ကွဲမှု တစ်ခု အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယား ပြည်နယ် မှ မက်စီအင်နာဂျီ ကုမ္ပဏီပိုင် မြေအောက်ပေ ထောင်ပေါင်းများစွာ နက်သော ကျောက်မီး သွေးတွင်းတွင် ဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်ရပ်တွင် လူ ၂၅ ဦးသေဆုံးပြီး အနည်းဆုံး ၄ ဦး ပိတ်မိနေသည်ဟု ယူဆရသည်။ ပြည်နယ်သတ္တုတွင်း လုံခြုံဘေး ကင်းရေးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပေါက်ကွဲမှုမှာ လွတ်မြောက်ပြီး ပိတ်မိနေသူများ အနေဖြင့် မြေအောက်တွင် လေးရက်စာ လုံလောက်သော စားစရာ၊ ရေနှင့် အောက်စီဂျင်များကို  လေလုံသေတ္တာကြီးများဖြင့် ထည့်ပေးထားရာဆီသို့ လက်လှမ်းမီနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။  သို့သော် ယခုအထိ ယင်းနေရာသို့ တစ်ဦးတစ်ယောက်မှ ရောက်လာနိုင်ပုံ မတွေ့ရသေးဟု ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အနီးဆုံး မြေအောက်လွှာ နှစ်ထပ်အနက် ပထမထပ်ကို ဝင်ရောက်နိုင်ခဲ့ပြီး ဒုတိယအထပ်ကို ဆင်းရန် ဓါတ်ငွေ့များ ထူထပ်နေသဖြင့် အခက်အခဲ ဖြစ်နေသည်။  အလောင်း ၂၅ လောင်း တွေ့ရကြောင်း အတည်ပြုခဲ့ပြီး အလုပ်သမား ၂၉ ဦးရှိနေသည့်အတွက် ၄ ဦးကို ရှာဖွေဆဲ ဖြစ်သည်။ အနီးဆုံးဘုရားကျောင်းတွင် လူအများ စုဝေးကာ အလုပ်သမားတို့အတွက် ဆုတောင်းပေးကြသည်။ သေဆုံး သူများထဲတွင် အငြိမ်းစားယူရန် ၅ ပါတ်သာလိုတော့သည့် မိုင်းလုပ်သက်နှစ် ၃ဝ ရှိသူ အသက် ၆၂ နှစ်အရွယ် ဝီလီဂရမ် လည်း ပါဝင်သည်။  အာဏာပိုင်တို့က မြေအောက်လှိုဏ်အမိုး ပြိုကျသည်ဟု မယုံကြည်သော်လည်း ဘေးကင်းလုံခြုံရေး ဝန်ထမ်းအချို့၏အဆိုအရ မြေအောက်တွင် တစ်မိုင်ခွဲခန့် လမ်းပိတ်နေသည်ဟု ဆိုသည်။ ယင်းကျောက်မီးသွေးကုမ္ပဏီသည် ဘေးကင်းလုံခြုံမှုဆိုင်ရာ သတ်မှတ်ချက်များ လိုက်နာရန် ပျက်ကွက်သည့်အတွက် ၂၀၀၉ ခုတွင် ဒဏ်ငွေ ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော်နှင့် ၂၀၁ဝတွင်  ဒေါ်လာ တစ်သိန်း ကိုးသောင်းခန့် ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁ဝ ခုနှစ်အတွက် နှစ်ထောင်ကျော်သာ ပေးဆောင်ရသေးသည်ဟု ဆိုသည်။

One comment

  • susunosuki

    May 3, 2010 at 11:49 am

    ဆိုးလိုက်တဲ့ ဒုက္ခပါ
    စိတ်မကောင်းစရာသတင်းပါ
    ထပ်တူထပ်မျှဝမ်းနည်းရပါတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.