မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ် ၆ဦး အကူအညီတောင်းခံ

BayoteMay 3, 20101min010

တောင်းစားသူအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရသဖြင့် မလေးရှားနိုင်ငံ မြောက်ပိုင်း ကလန်တန်းပြည်နယ်၊ တန္နာမေရကမ့် kelantan ပြည်နယ်၊ tanah merah Camp ထဲတွင် ကယ်ဆယ်သူမရှိပဲ ဒုက္ခရောက်နေသည့် မြန်မာကလေးငယ်၆ဦင်္းတို ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း မတ္တရာမြို ့မှ အဖဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို ့၏ သားဖြစ်သူ အသက် ၁၂နှစ်အရွယ် မောင်ကျော်သူလင်းက ပြောပြရာတွင် “မန္တလေးကမူဆလင်ပဲ၊ ဦးမဲလုံးတဲ ့၊ သားကို လဘက်ရည်ဆိုင်မှာ လုပ်ရမယ်ဆိုပြီး ခေါ်လာတာ။ မလေးရှားကို ရောက်လာခဲ့တယ်။ ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရပါတယ်၊ တစ်နေ ့ ကို ရင်းဂစ် ၁၀ဝ ရအောင် တောင်းရပါတယ်၊ အနည်းဆုံး၇၀/၈ဝ လောက် ရတတ်ပါတယ်။ မရတဲ့နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ဝဝလင်လင် မစားရဘူး၊ သား၃လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ ခု ကမ့်ထဲမှာ ရောက်နေတာ ၉လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင်မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်၊ သားတို့ကို မြန်မြန်လာကယ်ကြပါ၊ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။

ပိုက်ဆံတောင်းသည့် အလုပ်ကိုလုပ်ခဲ့ရသည့် ကလေး၆ဦးအနက် ရန်ကုန်တိုင်း ဒလမြို ့ နယ်မှ အသက်၁၄နှစ်အရွယ် မင်းယုစန်း အကျဉ်းသား နံပါတ် (၅၃၅၄၅) မှာ အသက်အကြီးဆုံးဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉) ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး (၅၃၅၄၄) မန္တလေးတိုင်းမတ္တရာမှ ကျော်သူလင်း(၅၃၅၄၆) နှင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမှ မောင်အောင်ဝင်း(၅၂၆၇၉) တို့မှာ အသက်၁၂နှစ်အရွယ် ကလေးငယ်များ ဖြစ်ကြသည်။ မအေးမြထွေးဆိုသည့် ၁ဝနှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း တစ်နေရာတည်းမှ ဖြစ်ရုံမက အဒေါ် တော်စပ်ကြောင်း သူကပြောပြသည်။

အခြားသူများမှာ အကျဉ်းသားနံပါတ်များ ရရှိထားပြီးဖြစ်သော်လည်း မအေးမြထွေးမှာ မိန်းကလေးဆောင်တွင် နေထိုင်ရသူဖြစ်သဖြင့် ဓါတ်ပုံနှင့် အကျဉ်းသားနံပါတ်မရရှိခဲ့ပါ။

အကျဉ်းစခန်းထဲတွင်ရောက်ရှိနေသည့် ကလေး၆ဦးအနက် နောက်တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နေ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏ သား အသက်၁၂နှစ် အရွယ် မောင်အောင်ကိုဝင်းက “မူဆလင်ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ ၂ဦးက ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ၊ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်၊ မလေးရှားကိုရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်၁၀ဝရအောင် တောင်းခိုင်းပါတယ်၊ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ဝဝလင်လင် မစားရဘူး၊ ဒီမှာလည်း မစားရဘူး၊ သားတို ့ကို လာထုတ်ပေးကြပါ”ဟု ပြောသည်။

ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့ အဖွဲ ့က နေရာတိုင်းကို သွားလာ လှုပ်ရှားလို ့ရနိုင်တဲ ့ အဖွဲ ့မဟုတ်ပါဘူး၊ ငွေကြေးအင်အား တောင့်တင်းတဲ့အဖွဲ ့လည်း မဟုတ်ဘူး၊ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင်ဝင်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမားကျယ်ပြန် ့ တယ်၊ ကျနော်တို ့တစ်ဖွဲ ့တည်း မလုပ်နိုင်ဘူး။ ကျနော်တို ့အဖွဲ ့က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများကွန်ယက်မှာ အဖွဲ့ဝင် ဖြစ်တာကြောင့် လုပ်နိုင်တဲ့အဖွဲ ့ အစည်းကြီးတွေကိုလည်း တင်ပြမယ်၊ ပူးပေါင်းဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်၊၊ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။

အဆိုပါ တန္နာမေရ ကမ့်ထဲတွင် နိုင်ငံရေးလှုပ်ရှားမှုနှင့်ငြိစွန်းပြီး မြန်မာပြည်သို့ ပြန်လိုသည့် လူများစာရင်းတွင် ဖေါင်ဖြည့်မထားသည့် တက်ကြွလှုပ်ရှားသူများ လည်းရှိသည်။ မိုးဝင်းအသက်၂၉နှစ်၊ ဧရာဝတီတိုင်း(၅၃၅၀၆)။ရှာရစ် ဧရာဝတီတိုင်း (၅၂၆၇၈)၊ မိုးအောင်၊အသက်၃၉နှစ်၊ ရန်ကုန်တိုင်း၊ ကိုဖိုးချမ်း၊ရခိုင်ပြည်နယ်။ (၅၃၀၃၃) အပါအဝင်မြန်မာ၃ဝ ဝန်းကျင်းခန့်မှာ တစ်နှစ် ကျော်ကြာပြီဖြစ်သော်လည်း ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုခြင်း တစ်စုံတစ်ရာမရှိကြောင်း ဧရာဝတီတိုင်းမှ ကိုရှာရစ်ကပြောသည်။

“ကျနော်တို့ မလေးရှားမှာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားကြပါတယ်။ မလေးရှားမှာရှိတဲ့ကုလသမဂ္ဂက၊ ဗမာတွေအပါ အဝင် အခြားတိုင်းရင်းသားတွေကို လုံးဝအသိအမှတ်မပြုဘူး၊ မြန်မာဆိုတာနဲ့ ခေါင်းပဲညိတ်ပြီးတော့ ဘာမှကို မမေးတော့တာဗျ။ ချင်းတွေကို အစပိုင်းကတော ့ နဲနဲလုပ်ပေးခဲ့တယ်။

ကျနော်လည်း ကုလားတွေကိုပဲ အသိအမှတ်ပြုနေတော့ ရှာရစ် ဆိုပြီး နာမည် ပေးလိုက်တယ်၊ ကျနော်ဗမာပါ၊ ဗုဒ္ဓဘာသာပါ။ ယူအင်လည်း မျှမျှတတ ဆောင်ရွက်တာ မရှိဘူး၊ ကျနော်တို့က တိုင်းပြည်ပြန်ရင်လည်း အဖမ်းခံရမယ်၊ တတိယနိုင်ငံလည်း သွားမရ၊ မလေးရှားမှာလည်း နေလို့မရ ကမ့်ထဲမှာ ဘဝသေသလို ဖြစ်နေပါတယ်။ ကျနော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါဗျာ”ဟု ပြောဆိုသွားသည်။

Source: http://bmta05.wordpress.com/2010/04/19/%E1%80%99%E1%80%B1%E1%80%9C%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%9E%E1%80%B0%E1%80%B1/

10 comments

  • laypyay

    May 3, 2010 at 11:40 am

    ကြားရတာ စိတ်မကောင်းပါ ဘူး.. မြန်မာ ကလးငယ်တွေ ရှေ့ရေး ရင်လေးမိပါတယ်. နိုင်ငံတော့ အနေနဲ့ 2010 Election မှာ ဒါတွေ များယောင်ယောင်မှားမှားပါမိသလားမသိဘူး.။

    Reply

  • susunosuki

    May 3, 2010 at 11:51 am

    ကူညီနိုင်သူများအားလုံးကူညီ နိုင်ရင်ကူညီကြဖို့ နှိုးဆော်ချင်ပါတယ်
    ကလေးဆိုတာ အနာဂတ်ရဲ့ ကြယ်ပွင့်တွေပါ

    Reply

  • poeaung6

    May 8, 2010 at 1:46 pm

    ဘာတွေလုပ်နေကြတာလည်း ကလေးတွေကို ကူညီရမယ်လေ အိပ်မနေကြပါနဲ့ ဝိုင်းဝန်းကူညီကြပါခင်ဗျာ နီးစပ်ရာတွေကလည်းပြောပေးကြပါ

    Reply

  • nyi

    May 9, 2010 at 6:34 am

    ကူညီပါရစေ ကူညီပါရစေ ခင်ဗျာပြည်သူအတွက်ဆို အသင့်ပါပဲ။။
    ပြည်သူ တွေအေးချမ်းဖိုအတွက် ရဲတပ်ဖွဲ အဖိုးအဖွားတွေဘေးကင်းဖို
    ဦးဦး တို ဒေါ်ဒေါ် တို့ စောင်ရှောင်ကြစို သားသားတို မီးမီးတို့ အန္တာကင်းစေဖို့။။
    ကူညီချင်ပါတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
    ကျွန်တော်တာ ဒီနိုင်ငံ ရဲ့ အရေးပါတယ် လူတစ်ယောက်ဆိုရင်..။
    ကိုယ်နိင်ငံ ကလူဆို သူများနိုင်ငံ အထင်ကြီးပြီးသွားစရာ မလိုအောင် စွဲဆောင်ထားရမှာပဲ..။

    Reply

  • htethtet

    June 9, 2010 at 4:34 pm

    ငါ -ိုး မသားတွေက
    တိုင်းသူပြည် သားတွေရဲ့ခေါင်းဆောင်လုပ်ပြီးခေါင်း ရှောင်နေကြတယ်
    သူ့အမေလင် အမျိုးတွေ မဟုတ်လို့လား မအေ -ိုး တွေကတော့ အသာအယာဘဲ

    Reply

  • Ba Gyi Taw

    June 21, 2010 at 5:37 am

    ဘ တော့နိုင်ငံအတွက်ရော၊ နိုင်ငံသား၊သမီး တွေအတွက် ပါစိတ်လေးမိတယ် ။

    Reply

  • cobra

    June 21, 2010 at 10:14 am

    ဟာ
    တော်တော်ကြီးကြောက်ဖို့ကောင်းနေတာဘဲ။ဗမာတွေကလည်းအချင်းချင်းဂုပ်သွေးစုပ်ဖို့လောက်ဘဲကြည့်နေကြတယ်။တကယ်တန်းတော့မကောင်းတာဟာကျွန်တော်တို့ဗမာတွေပါဗျာ…..။

    Reply

  • သတင်းလူသား

    June 21, 2010 at 4:28 pm

    ယနေ့ခေတ်တွင် လူမမယ်ကလေးများ၊ အရွယ်မရောက်သေးသူများကို မသမာသူလူတစ်စုက ပစ်မှတ်ထား ငွေရှာဖွေခိုင်းလာသည်မှာ တဖြည်းဖြည်းအတင့်ရဲလာသည်ဟု မြင်မိသည်။ ရန်ကုန်မြို့တွင်လည်း ကလေးငယ်များတောင်းရမ်းနေသည်ကို တွေ့၍ မေးမြန်းစေ့ငုကြည့်ရာ လူကြီးများ၏ ခိုင်းစေချက်ဖြစ်သည်ကို သိခဲ့ရသည်။ သက်ဆိုင်ရာအာဏာပိုင်တို့အနေဖြင့် ဒီလိုဖြစ်ရပ်မျိုးတွေမှာ ထိထိရောက်ရောက်နှိမ်နင်းဖြေရှင်းဖို့ လိုလာပြီဟုလည်း မြင်သည်။

    Reply

  • unclegyi1974

    August 31, 2010 at 3:50 pm

    တော်တော်ကြာပါပြီ နိုင်ငံခြားရုပ်သံမှတ်တမ်းတခုကြည့်လိုက်ရပါတယ်၊ ရေကြီးနေတုန်းခွေတကောင်ရေနဲ့မျှောပါ
    လာပါတယ်၊ အဲဒီခွေးကိုဟယ်လီကော်ပတာနဲ့မရမကလိုက်ဆယ်ဒါကိုပြတာပါ၊ ခွေးတကောင်ရဲ့အသက်ကိုတောင်
    မရမက ကယ်တာပါ။
    အခုဒီမှာကလူမှောင်ခိုတွေကိုဟိုအရင်ကထက်စာရင်တော်တော်လေးကိုဂရုစိုက်ဖမ်းလာပါပြီ၊ ဝမ်းသာစရာပါ။
    ကြိုတင်ကာကွယ်မှုတွေလုပ်နေသလ ိုဖြစ်ပြီးသွားတဲ့အမှုတွေသတင်းအစရ ရင်ချက်ချင်းအရေးယူသင့်ပါတယ်။
    အခုကလေးတွေလိုအဖြစ်ကနိုင်ငံတော်ရဲ့တာဝန်လုံးဝဖြစ်ပါတယ်၊ ကိုယ်နဲ့မဆိုင်သလိုကြီးမနေသင့်ပါဘူး။

    ကယ်တင်ပြီးရင်လဲ သက်ဆိုင်ရာတရာခံက်ိုပေါ်ပေါက်အောင်ဖမ်းဆီးအရေးယူသင့်ပါတယ်။
    ဖမ်းမိတဲ့တရာခံကိုလဲအထူခုံရုံးတွေဖွဲ့ပြီးပြင်းပြင်းထန်တန်အပစ်ပေးသင့်တယ်။

    ဥပမာ။ ။ကြိမ်ဒါဏ် ၁ လကို ၁ဝချက်နဲ့ ထောင်ဒါဏ် ၁ဝ နှစ်
    ပိုင်ဆိုင်ပစ္စည်း (ဆွေ ရ ဆက်၊ မျိုး ရ ဆက် )အကုန်သိမ်းစေ

    Reply

  • ဆူး

    September 5, 2010 at 12:10 pm

    အဲဒီ ကလေးတွေကို ဘယ်လို ကယ်နိုင်လဲဟင် သူတို့ နေရပ်တွေကိုတော့ သူတို့ ပြောနိုင်နေကြတာဘဲ ပြန်မပို့ပေးကြဘူးလား။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.