ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မည်သည့်နိုင်ငံသားမဆို ဆိုက်ရောက်ဗီဇာစတင်လျှောက်ထားနိုင်

klnMay 3, 20101min01

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြသည့် မည်သည့်နိုင်ငံသားတိုင်းမဆိုဆိုက်ရောက်ဗီဇာ Visa On Arrival စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာပြောင်းလဲကျင့်သုံးရေးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ သိရှိရပါသည်။ ကမာ္ဘလှည့်ခရီးသွားများ အနေဖြင့် ယခင်ကမြန်မာနိုင်ငံ၌ ဆိုက်ရောက်ဗီဇာရရှိခဲ့မှုမရှိခြင်းကြောင့် ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် ဗီဇာရရှိရန်ကြိုးပမ်းရ၍ အချိန်နှောင့်နှေးခြင်း ကြုံတွေ့ရသည့်အတွက် ယခုကဲ့သို့ စီစဉ်ခဲ့ရပြီး မြန်မာနိုင်ငံခရီးသွား ကဏ္ဍတွင်လည်း ပိုမိုအဆင်ပြေစေရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။ မည်သည့် နိုင်ငံသားမဆို ၎င်းတို့သက်ဆိုင်ရာနိုင်ငံမှ လာရောက်သူတိုင်းအား ဆိုက်ရောက်ဗီဇာစည်းမျဉ်းဘောင်ဝင်လျှင် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ၏ ပတ်စ်ပို့သက်တမ်းသည် ရန်ကုန်သို့ရောက်ရှိချိန်တွင် သက်တမ်းအနည်းဆုံး ခြောက်လရှိရမည်ဟုသိရသည်။ ဆိုက်ရောက်ကမာ္ဘလှည့်ဗီဇာအတွက်ဗီဇာကြေး အမေရိကန်ဒေါ်လာ ၃ဝကောက်ခံပြီး နေထိုင်ခွင့် ၂၈ရက်ပေးမည်ဖြစ်ပြီး သက်တမ်းတိုးခွင့် ပြန်လည်လျှောက်ထားခြင်းခွင့်မပြုကြောင်း၊ ဆိုက်ရောက်လုပ်ငန်းဗီဇာအတွက် အမေရိကန်ဒေါ်လာ ၄ဝ ကောက်ခံပြီးနေထိုင်ခွင့်ရက် ၇ဝ နှင့်နေထိုင်ခွင့် သက်တမ်းပြန်လည် တိုးနိုင်ကြောင်း၊ ဆိုက်ရောက်ပြည်ဝင် ဗီဇာ (လူမှုရေးအလည်အပတ်) အတွက် ဗီဇာကြေးအမေရိကန်ဒေါ်လာ ၄ဝနှင့် နေထိုင်ခွင့် ၂၈ရက်ခွင့်ပြုပြီး နေထိုင်ခွင့်သက်တမ်း ထပ်မံတိုးမြှင့်နိုင်ကြောင်းနှင့် ဆိုက်ရောက် ဖြတ်သန်းခွင့် ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၁၈ဒေါ်လာ ကောက်ခံကာ ၂၄နာရီနေခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆိုက်ရောက်ဗီဇာ လျှောက်လွှာပုံစံအား လေကြောင်းလိုင်းများတွင် အွန်လိုင်းမှ ကြိုတင်ရယူလျက်ထားနိုင်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် လေယာဉ်လက်မှတ်ပါရှိရမည်ဖြစ်သည်။

One comment

  • susunosuki

    May 3, 2010 at 12:06 pm

    ကောင်းတဲ့အစီအမံပါ
    ခရီးသွားကမာ္ဘလှည့်တွေအတွက် အစဉ်ပြောလာနိုင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.