ယာဉ်စီးခ ပိုငွေပြန်မအမ်းသည့် ယာဉ်နောက်လိုက်များ ကားလိုက်ခွင့် ရာသက်ပန်ပိတ်ပင်မည်ဟုဆို်

klnMay 3, 20101min02

ခွဲတမ်းဖြင့်ချထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ခရီးသည်နှင့် (မထသ)ယာဉ်လိုင်း၏ အကြွေမရှိသဖြင့် အပိုပြန်အမ်းငွေအမ်းခြင်းများကို မကြာခဏဖြစ်လေ့ရှိကြောင်း၊ အချို့သောစပယ်ယာများမှာ အကြွေရှိသော်လည်း အကြွေမရှိခြင်းကို အကြောင်းပြကာ ကိုယ်ကျိုးအတွက်မအမ်းသည့်အကြောင်းများ ရှိနေကြောင်း၊ ထို့အတွက်ကြောင့် မထသမှသက်ဆိုင်ရာဘဏ်များတွင် အပတ်စဉ်ပုံမှန်အကြွေများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက် အကြွေများကို ခွဲတန်းချထားပေးထားကြောင်း၊ ယင်းသို့ပြန်အမ်းငွေရှိလျက်သားနှင့် မအမ်းလျှင် တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ လိုင်းကားစီး၍ လိုရာခရီးသွားနေရသော ခရီးသည်များအနေဖြင့် အကြွေမရှိသောကြောင့် ထိုပြဿနာနှင့် နေ့စဉ်နီးပါးရင်ဆိုင်နေရကြောင်း၊ အကြွေများကို တတ်နိုင်သမျှဆောင်ထားကြောင်း၊ အပြောအဆိုကြမ်းတမ်းသော စပယ်ယာအချို့နှင့် တွေ့ပါက ပြဿနာကြီးကြီးကျယ်ကျယ်ဖြစ်ရကြောင်း၊ အကြွေရှိလျက် ပြန်မအမ်းသော ပြဿနာများကို မကြာခဏရင်ဆိုင်နေရကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။ ယခင်နှစ်တွေကတည်းက ယခုအချိန်ထိ မထသ(ဗဟို)မှ အပတ်စဉ်ငွေကြေးများ လဲလှယ်ကာ ယာဉ်လိုင်းအလိုက်ခွဲတမ်းချပေးထားကြောင်း၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် စပယ်ယာတို့အား တွေ့ဆုံချိန် များတွင် ခရီးသည်တွေအတွက် အဓိကထားပြီး ဝန်ဆောင်မှုပေးရန်မှာထားကြောင်း မော်တော်ယာဉ်လိုင်းများ ပြေးဆွဲနေသော လမ်းကြောင်းများ၌လည်း မထသ(လှည့်ကင်း)များချထားကြောင်း၊ ယာဉ်မောင်းများကိုလည်း ယာဉ်ကြောမပိတ်ဆို့စေရန်နှင့် စည်းကမ်းတကျမောင်းရန်၊ အန္တရာယ်ကင်းရှင်းရေးအတွက် မှာကြားထားကြောင်း ယာဉ်မောင်းများကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးရေးများ လုပ်ပေးပြီး အောင်မှသာလျှင် ယာဉ်မောင်းခွင့်ပြုကြောင်း ၂၀၁ဝခုနှစ် မေလ ၄ရက်နေ့ထုတ် Flower Newsဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • zinkokothant

    May 3, 2010 at 9:30 am

    ဟုတ်တယ်…အဲဒါသိပ်ကောင်းတဲ့အကြံအစည်ပဲ

    Reply

  • susunosuki

    May 3, 2010 at 12:09 pm

    စပါယ်ယာ ဆိုတာကလဲ လူသားပဲဆိုတော့ လောဘကတော့ရှိတယ်
    ကျွန်တော်တို့ကတော့လုံးဝမကြည်ပေမယ့် နောက်ပိုင်းကျတော့ နားလည်ပေးရတယ်
    သူတို့ရိုင်းတယ်
    ဖက်ဖြစ်ရင် ကိုယ်နာမယ်မို့လား`
    ရပ်စီးတင်တဲ့ အထူးလိုင်းကိုလဲ အရေးယူသင့်ပါပြီ

    Reply

Leave a Reply

Your email address will not be published.