နှစ်သက်မိသည့်ကဗျာလေး…………

zaw mgJune 12, 20111min05

နှစ်သက်မိသည့်ကဗျာလေး…………

 

ပန်းရောင်းသူများ

ဆိုရိုးစကားတစ်ခုရှိတယ်

လက်သမားတစ်ယောက်ရဲ့

အိမ်တံခါးတွေဟာ

အပျက်တွေ  ချည်းပဲတဲ့။

 

ပန်းရံဆရာတစ်ယောက်ရဲ့

ဝန်ခံချက်ကတော့

ဟိုတယ်မှာ  တစ်ခါမှ

မတည်းခိုဖူးတဲ့ အကြောင်း။

 

မိမိမှာ

စေ့စပ်လက်စွပ်   မရှိပါ    လို့

ပန်းထိမ်ဆရာတစ်ယောက်က

ထွက်ဆိုဖူးတယ်။

 

လယ်သမားကြီးတစ်ယောက်ကတော့

ဒေါ်လာဆိုတာ
ဘယ်လိုဟာမျိုးလဲလို့

မေးနေရှာလေ ရဲ့။

 

ကိုယ့်ပုံတူကို

ကိုယ်ပြန်ဆွဲဖို့

တစ်သက်လုံး  မေ့လျော့နေခဲ့တာ

ပန်းချီဆရာတစ်ယောက်ပေါ့။

 

ဘာပဲဖြစ်ဖြစ်

ဖဲ့ထုတ်ခံရတဲ့

သစ်သားစတွေ  မပါဘဲနဲ့တော့

ပန်းပုရုပ် တစ်ရုပ်

ဖြစ်မလာနိုင်ဘူးလေ။        ။

 

မင်းလူ  ( ပန်းချီဆရာကံတိုးအတွက်အမှတ်တရ )စာအုပ်မှ

 




5 comments

  • koyo

    June 12, 2011 at 4:36 am

    သဘောကျတယ်ဗျာ။

    Reply

  • manawphyulay

    June 12, 2011 at 7:06 am

    ဒါကတော့ အိုးသည် အိုးကောင်းမသုံးရပါလည်း ထည့်သင့်တယ်ထင်တယ်…..

    Reply

  • nozomi

    June 12, 2011 at 8:48 am

    သူကြီး ဘယ်လောက်ရေးရေး
    သူကြီး ကတော် ကတော့ ပွိုင့်ပေးမှာ
    မဟုတ်ဘူးနော်

    Reply

  • shweminthar

    June 12, 2011 at 2:30 pm

    သူကြီးကတော်ရဲ့တော်ကြောင်း ကောင်းကြောင်းတွေသာရေး
    သူကြီးကတော် ဘယ်လိုလှကြောင်း ချောကြောင်း တွေသာ ရေး…. ပိုပိုသာသာလေးသာရေး
    သူကြီးကို ပွိုင့် မပေးရင်တောင် အားဘွားတွေ တော့ ပေးလိမ့်မယ်

    Reply

  • flower

    June 13, 2011 at 4:08 am

    ပန်းဥယျာဉ်မှုုးရဲ့လက်နဲ့ လှပတဲ့ပန်းလေးတွေ
    ပျိုးခဲ့ပေမဲ့……………….
    သူရဲ့ဘေးမှာရှိကျန်နေခဲ့တဲ့အရာတွေက…………………..
    သစ်ရွက်ခြောက်တွေနဲ့……………………..
    ညှိုးနွမ်းနေတဲ့…………….
    ပန်းလေးတွေသာ………….
    ကျန်ခဲ့တာကိုလဲ
    ဖြည့်စွက်ရေးပေးလိုက်ပါတယ်……………………

    Reply

Leave a Reply

Your email address will not be published.