တယ်ညံ့သကိုး ….

======================

တယ်ညံ့သကိုး .....။
တယ်ညံ့သကိုး …..။

======================

သူဋ္ဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။
(အိပဲ့၊ အိပဲ့  ငှက်သဗ္ဗာန်ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)

“ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အဝတ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး”

“ဟုတ်ကဲ့”

ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။

“အခု တစ်နေ့ ဘယ်လောက်ရတုံး”

“အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့”

“ဝင်ငွေ ဘာမှမရပါလား။ တယ်ညံ့သကိုး”

ခဏနေပြန်တော့ …

“မင်းမှာ အိမ်ရောရှိရဲ့လား”

“မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာနေတာ”

“အိမ်ကလေးတစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး”

ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုးဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။
အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။

“ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကို ဆယ်ပါဦး”

“ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး”

ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော … ။

“……..

ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။
ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။
ပုံမှန်ဆက်ဆံရေးတွေ ကွယ်ပျောက်လာတယ်။

…………..”

19.05.2011 ကြာသပတေးနေ့ထုတ် BiWeeklyEleven ဂျာနယ်
မောင်စံပေါ ရေးသားသော အဖိုးတန်ပစ္စည်းနှင့် အဖိုးမတန်သောလူ ဆောင်းပါးမှကောက်နုတ်ထားခြင်းဖြစ်ပါသည်။

======================

4 comments

  • Big Defender

    June 11, 2011 at 11:23 am

    ခင်ဗျားကြီးကတယ်ညံသကိုး။ ကိုင်းကိုင်းရှင်းပြပါဦး

    Reply

  • စိန်ပေါက်ပေါက်

    February 17, 2012 at 11:50 am

    များလဲ ရေမကူးတတ်ဘူးတော့
    ဒါဆို..
    တယ်ညံ့တဲ့အထဲ ပါသွားပြီပေါ့နော်..

    Reply

  • kyeemite

    February 17, 2012 at 2:01 pm

    ပုံပြောတဲ့ ဒေါ်အံဇာရေ…ခြေမထောင်ပီးဖတ်သွားပါဒယ်..

    Reply

  • alinsett

    January 22, 2016 at 10:17 am

    တစ်သိန်းလေးတောင် အခုထိ ပြည့်အောင် ဆက်မရေးနိုင်တဲ့ အံဇာ…
    တယ် ညံ့သကိုး….
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    လို့… မပြောရက်ပါဘူး။

    :k:

    Reply

Leave a Reply

Your email address will not be published.