ဘယ်သူ အကြီးလဲဟေ့

ဆူးJune 10, 20111min022

ချိုချို ဆိုတဲ့ အမျိုးသမီးက အသက် ၂၅လောက်မှ အိမ်ထောင်ကျခဲ့ပါတယ်။ မိသားစု အသိုင်းအဝိုင်းတောင့်တဲ့ ယောကျား ကို ယူပြီး ဘဝင် တကြွကြွပေါ့.. အိမ်ထောင်သက် ၃နှစ်လောက်အထိ ကလေးရူးရူးခဲ့ပေမဲ့ ကလေး အဖတ်မတင်ခဲ့ပါဘူး။ ဒီလိုနဲ့ ၄နှစ်မြောက်မှာ ကလေး တယောက်ရပါတယ်။ မကြာပါဘူး ပျက်ကျ သွားခဲ့ပြန်တယ်။ စိတ်ညစ်ညစ်နဲ့ နေရင်းနောက်ထပ် ကလေး တယောက် ထပ်ရခဲ့တယ်။ ကလေး ရပြီး ကိုယ်ဝန်ကြီးနဲ့ အချိန်မှာ ကလေး အဖေက အလုပ်ထဲမှာ အဆင်မပြေ ဖြစ်လာပြီး အိမ်တွေ ကားတွေ ပါ မရှိတော့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ကလေးကို မွေးပြီး ၃လ လောက် အကြာမှာတော့ စာတစောင်ရေးပြီး အိမ်က ထွက်သွားခဲ့ပါတယ်။ စာထဲမှာတော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အတွက် ရပ်ဝေးကို အလုပ် ထွက်လုပ်ဖို့ ထွက်သွားတဲ့ အကြောင်းနဲ့ ကလေး စရိတ်ထောက်ပံ့မယ် ဆိုတဲ့ အကြောင်း ရေးထားခဲ့ပါတယ်။ ချိုချိုလည်း မိဘ အိမ်ပြန်နေပြီး ထပ်ပြီး အဆက်အသွယ် မလုပ်လို့ စိတ်နာနေခဲ့ပါတယ်။ ကလေး ကို အဖေ မကောင်းကြောင်း နဲ့ ကလေးက အဖေ ကောလို့ မေးရင် နင့်မှာ အဖေ မရှိဘူးဆိုတဲ့ စကားတွေ နဲ့ ကလေး အမြဲ ပြောတဲ့ အတွက် ကလေးတယောက်ရဲ့ နုနယ်တဲ့ နှလုံးသားမှာ အဖေ ဆိုတာ မကောင်းဘူး လို့ မှတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကလေး အသက် ရနှစ်လောက် မှာတော့ ချိုချို နဲ့ သူ့ ခင်ပွန်း အမှတ်မထင် ပြန်တွေ့ပြီး လင်မယား ပြန်ပေါင်းထုတ်ဖို့ ကြိုးစားပါတယ်။

ငယ်စဉ်ကတည်းက အစွဲကြီးတဲ့ ကလေးကတော့ အဖေ ဆိုတဲ့ အသံကြားတာနဲ့ ခါးခါးသီးသီး ဖြစ်နေတော့တာပါပဲ။ အဖေ ဆိုရင် အနားတောင် ကပ်လို့ မရတဲ့ အထိ အဖေ ကို ကြောက်ရွံ့ မုန်းတီးတဲ့ အထိ ဖြစ်နေခဲ့ပါတယ်။ ကွဲသွားတာ ၆နှစ်ကျော် ဖြစ်နေတဲ့ အပြင် အရက်လည်း သောက်တတ်နေတော့ ကလေးက သမီး အဖေ က အရက်သမားကြီး မုန်းတယ် ဆိုတဲ့ စကားကို ပြောတာ ကြားတော့ ဒီလောက် ကလေး ငယ်ငယ်လေးက တော်တော် အစွဲကြီးပါလားလို့ တွေးမိကြတယ်။ မိခင်က ထို အချိန်မှ နောင်တ ရမိတယ်။ သူ ပြောတဲ့ စကား ကလေး ရဲ့ နှလုံးသားထဲမှာ သံမှိုစွဲအောင် မှတ်ထားတာ ပြုပြင်ပေးလို့ မရတော့တဲ့ အတွက်ပါပဲ။

ဒီလိုနဲ့ ကလေး အသက် ရနှစ်မှာ လင်မယား ပြန်ပေါင်းကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘိုးဘွား အမွေ တခု ရလိုက်တော့ အားလုံး အဆင်ပြေပြေနဲ့ ဖြစ်နေကြတာပေါ့။ ကွဲကွာ သွားတဲ့ ၆နှစ်ကျော်မှာ နောက် မိန်းမ တယောက် ရနေတာ မသိလိုက်ပါဘူး။ တနေ့မှာတော့ အမျိုးသမီး တယောက်က ချိုချို တို့ နေတဲ့ မြို့ကို လိုက်လာပါတယ်။ ချိုချို ဆိုတာ ဘယ်သူလဲ ဆိုပြီး ဒေါကြီး မောကြီးနဲ့ အိမ်ပေါက်ဝ မှာ လာအော်ပါတယ်။ ဖြစ်ချင်တော့ ထို အမျိုးသမီးကလည်း ကလေး တယောက် လက်ဆွဲလာတာ ဖြစ်ပါတယ်။ ကလေးက အလွန်ဆုံး ရှိလှ ၃နှစ်လောက်ပဲ ရှိပါအုန်းမယ်။ ဒီလိုနဲ့ ချိုချိုက ကျမ ချိုချိုပါ ဘာကိစ္စ ရှိလို့လဲ ဆိုတော့.. နင်က ငါ့ယောကျားကို မြူဆွယ်တဲ့ လင်ခိုးမ ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ ရန်လာတွေ့ပါတယ်။ ဒီမှာ ငါနဲ့ သူနဲ့ ရတဲ့ ကလေး ဆိုပြီး ကလေးကို လက်ညိုးထိုးပြတယ်။ ရပ်ကွက်ထဲက လူတွေက ဝိုင်းလာကြည့်ပြီး ရီကြတယ်။ ပထမ တော့ ရန်တွေ့တဲ့ အမျိုးသမီးက ခပ်ကြောင်ကြောင် ဖြစ်သွားတယ်။ ချိုချိုက နင့်ကို နင် အကြီးများ မှတ်နေလား ဟိုမှာ ဆိုပြီး ကျောင်းက ပြန်လာတဲ့ ကလေးကို လက်ညိုးထိုးပြီး ကလေး ပြလိုက်တော့ ပြီးတော့ ငါကတောင် နင့်ကို လင်ခိုးမ ဆိုပြီး တရားစွဲမယ် ဆို တရားစွဲလို့ရတယ် ပြောလိုက်တော့ ငြိမ်သွားပါတယ်။ ကလေး အရွယ်နဲ့တင် အကြီး အငယ် သိသာ ထင်ရှားသွားတာနဲ့ လာရာလမ်းကို ရှက်ရှက်နဲ့ ပြန်လှည့် သွားခဲပါတော့တယ်။

ရပ်ကွက်ထဲတွေမှာ ဖြစ်နေကျ ဆိုပေမဲ့ ရန်ဖြစ်တဲ့ စကားလုံးတွေ မထည့်ပဲ အဖြစ်အပျက်ကလေးက ဟာသ မြောက်ရေးထားတာ ဖြစ်ပါတယ်။

22 comments

  • တော်သေးတာပေါ့ ဒေါ်ချိုချိုရယ်
    ကလေးမွေးထားတာရယ်
    ဟိုမိန်းမလိုက်လာပြီးရန်ဖြစ်တဲ့အချိန်
    အဖေကိုမုန်းနေတဲ့သမီးက ဒါကျမအဖေမဟုတ်ဘူးလို့များပြောမိရင်
    ချိုချိုတော့ ငိုငိုငို ဖြစ်သွားမယ်။
    ကဲ ဒီပုံပြင်လေးကို ဖတ်ပြီးရင် ကောင်းကောင်းဆိုးဆိုး အဖေက အဖေဘဲလို့မှတ်လို့ သားသမီးများကိုသင်ပေးပါ။
    သူကြီးရေ
    ဒါကလဲ အဖေများနေ့ကို ဂုဏ်ပြုတယ်လို့မှတ်နော်

    Reply

    • kai

      June 10, 2011 at 5:55 pm

      အကြီးဖြစ်ဖြစ်..အငယ်ဖြစ်ဖြစ်… အဲဒီအဖေက. ထွက်လာသမျှ.. ကလေးတွေတာဝန်ယူရမှာဖြစ်တာမို ့… ထိပ်ပြောင်..ဆံဖြူ…ဖြစ်နေလောက်တယ်..။

      ဒါကိုလဲ အဖေများနေ့ကို ဂုဏ်ပြုတယ်လို့မှတ်လိုက်နော်… 🙂

      Reply

  • shwe ni

    June 10, 2011 at 5:06 pm

    အဲတာမျိုးတကယ်ရှိတယ်ဆူးရေ။ အမကြားဖူးတယ်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 10, 2011 at 5:35 pm

    အင်းးးး
    ဒီနေရာမှာ ကျွန်မ ဟုတ်ပါဘူးယောင်လို့ ဘွာ 😀
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု ရဲ့
    သူများနဲ့မတူအောင်………….ဆိုဒဲ့ ကိုယ်ပိုင်အတွေးနဲ့ချမန်းပြရမယ်ဆိုရင်
    ဒါက သဂျီးမင်းရဲ့အလိုတော်အတိုင်းပါ
    မိန်းမယောက်ကျား
    အကြောင်းကြောင့်ကွဲတာသဘာဝပေမယ့်
    ဒါဟာ အိမ်ထောင်ရေးဖေါက်ပြန်မှု့တစ်ခုပါဘဲ
    ကိုယ့်ဇနီးမယားကိုသာ သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းရင်ပြဿနာမရှိပေမယ့်
    ဖေါက်ပြန်တာကတော့ဖေါက်ပြန်တာပါဘဲ
    ဒါ့ကြောင့် လိင်တူချစ်သူများဟာလည်း
    လိင်တူချစ်သူအချင်းချင်း မဖောက်မပြန်ဘဲ
    သစ္စာရှိစွာ ချစ်ခင်ပေါင်းသင်းနေထိုင်ကြမယ်…….ဆိုရင်ဖြင့်
    မြက်ပေါက်…ဟုတ်ပါဘူးယောင်ပြန်ပြီ 🙁
    ကာမေသုမိစ္ဆာ ကံကို ကျခံစေရမှာမဟုတ်ဘူးဆိုတာ
    မဟုတ်ပါလားခင်ဗျာ
    ဒက်ဂလောက်
    ဒက်ဂလောက်

    Reply

    • ဆူး

      June 10, 2011 at 5:43 pm

      မမပုကတော့ ဒီလို ပြောမှာပေါ့.. သက်သေပြစရာ သားသမီး မထွန်းကားနိုင်တဲ့ လူတွေ ဆိုတော့ သစ္စာ ဆိုတာ လူနာမည် မလုပ်နဲ့နော်။

      Reply

      • king

        June 12, 2011 at 11:49 am

        အော် ပုမမ ဘုမထရအောင်
        အဲ ဟုတ်ပေါင်
        သုခရအောင်
        ဘုကျကျလုပ်ရင်း ……
        😛

        Reply

  • bigcat

    June 10, 2011 at 11:52 pm

    သမီးက မမြင်လိုက်ရတဲ့ အဖေကို စိတ်နာတာနဲ့ နောက်မယားရန်လာတွေ့တဲ့ အကြောင်းအရာနှစ်ခုကို သက်သက်စီ ခွဲတင်ရင် ပိုသင့်တော်မလားလို့။ အခုတော့ ခလေးပြသနာကို စဉ်းစားရမလား၊ နောက်မိန်းမနဲ့ခလေးကို သနားရမလား၊ ရယ်ရမလား မသိတော့ဘူး။ သဂျီးကတော့ ပျော်မှာပါ၊ ပို့စ်တခုစာပဲ ပေးရလို့။

    Reply

    • ဆူး

      June 11, 2011 at 5:50 am

      ပိုစ်ကို အတွဲလိုက် ကိုရီးယား ဇတ်လမ်းကို တင်မယ်ဆိုရင် ရနိုင်ပါတယ်။
      သို့သော် လက်ညောင်းတာက တကြောင်း စိတ်မရှည်တာက တကြောင်းပါ။
      ကလေးက အဖေ ကို အခုအချိန် ၈တန်း အထိ အဖေ က အနားခေါ်ရင်တောင် မသွားဘူး။
      တော်တော် အစွဲကြီးတဲ့ ကလေးလို့ ပြောရမယ်။ ကလေး အမေ ကို တွေ့တိုင်း ကလေး က သူ့ အဖေ နဲ့ တည့်ပြီလား မေးဖြစ်တယ် အခု အချိန်ထိလည်း လုံးဝ လက်မခံဘူး လို့ပဲ ပြောတယ်။

      Reply

  • MaMa

    June 11, 2011 at 2:54 am

    တကယ့် လောကကြီးထဲမှာလည်း အဲဒါမျိုးတွေ တွေ့ဖူးတယ်။ မိဘပေးစားလို့ ယူပြီး နောက်မှ အဲဒီလူက အရင်ရည်းစားနဲ့ ရုံးတက်လက်မှတ်ထိုးထားကြတာလို့ ကိုယ်ကအငယ်ဖြစ်မှန်း သိသွားတာမျိုးတွေ တွေ့ဖူးတယ်။

    Reply

  • Cherry Phyo

    June 11, 2011 at 4:31 am

    အင်း ။ ဖြစ်တတ်တဲ့ သဘာဝပါဘဲ။
    အဲဒါကို ဟာသမြောက်အောင် ရေးထားတဲ့ အတွက် ဖတ်လို့ကောင်းပါတယ်။

    Reply

  • ဆူး

    June 11, 2011 at 5:51 am

    အားပေးတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

    Reply

  • weRone

    June 11, 2011 at 9:07 am

    ဒီကမာ္ဘပေါ်မှာ ယောင်္ကျားတွေ (အကုန်းလုံးမပါ) ရဲ့ အချစ်သာ မပြောင်လဲဘူး သစ္စာရှိကြမယ်ဆိုရင် ဒီလိုအဖြစ်တွေ ဖြစ်လာမှာမဟုတ်ဘူး…

    Reply

    • king

      June 12, 2011 at 11:52 am

      ဒါကလည်း မိန်းမတွေ (အကုန်လုံးမပါ) ကပါ သစ္စာရှိဖို့ လို့ပါတယ်
      အရင်ရည်းစားဟောင်းနဲ့ ဘာဖြစ်ခဲ့မှန်း မသိဘဲ မသိနားလည်သူထံ ထက်ဝက်ဈေးနဲ့ ထိုးထည့်တာမျိုးပေါ့ (ပစ္စည်းဝယ်ရောင်းနဲ့ ရောကုန်ပြီ) ဘယ်လိုရှင်းပြရမှန်းလဲသိတော့ဝူး
      နားလည်သလိုသာ နားလည်လိုက်ကြပါ
      😛

      Reply

  • antimoe

    June 11, 2011 at 10:37 am

    အန်တီမိုးက အကြီးပါ။
    (….လို့…ထင်တာပဲလေ။)
    ဒါပေမယ့်….ကလေးမရှိသေးဘူး။
    လာပြီး..ကလော်ဆဲရင်…ပြန်ပြစရာမရှိတော့..ဘယ်လိုလုပ်ရမလဲ….။
    @#^%$

    ဒါကတစ်ပိုင်း…။
    နောက်တစ်ပိုင်းက…
    ကလေးပိုကြီးတာပြလိုက်တာနဲ့…ပြီးသွားရောလား။
    ကလေးငယ်လေးကရော….ဘာဖြစ်သွားသလဲ။
    အိုးဘားမားလို…သမ္မတဖြစ်လာရင်တော့…အဖေပြန်ကပ်လာမယ်..ထင်တယ်။

    Reply

    • ဆူး

      June 12, 2011 at 10:48 am

      ကလေး အဖေ က အခု တော့ အရက်သမား တပိုင်းနဲ့ အေ ကိုက်နေလို့ အမေ မျက်နှာနဲ့ ဆီးခွက် သွန် ထမင်းခူး ဒါလေးတွေတော့ လုပ်ပေးနေရတယ်။ အမေ မရှိရင်တော့ နိုးပဲ။

      Reply

  • Big Defender

    June 11, 2011 at 12:02 pm

    ကျွန်တော်အထင်တော့ဒီလိုဖြစ်စရာတော့မရှိဘူးလေ
    ကလေးကြီးကြီးသေးသေးမိဘကချစ်ရမှာပဲလေ
    ဟုတ်တယ်ဟုတ်

    Reply

  • nozomi

    June 12, 2011 at 2:14 pm

    ကျွန်တော် အလတ်ပါခင်ဗျ..
    အကိုအကြီးဆုံးက အမေကြီးကာပေါ်မှာပါ…
    ညီမအငယ်ဆုံးလေးကတော့ စမ်းချောင်းမှာလို့ပြောတာပဲ… 😀

    Reply

  • nozomi

    June 12, 2011 at 2:42 pm

    ကျွန်တော် အလတ်ပါခင်ဗျ..
    အကိုအကြီးဆုံးက အမေကြီး ကားပေါ်မှာပါ…
    ညီမအငယ်ဆုံးလေးကတော့ အစံချောင်နေ အဲ အဲ စမ်းချောင်းမှာနေတယ်လို့ပြောတာပဲ… 😀

    Reply

  • တညင်သား

    June 13, 2011 at 2:36 am

    သတ်သေ ပြစရာ ရှိသည်ဖြစ်ပါစေ မရှိသည်ဖြစ်ပါစေ စိတ်ပူစရာမလိုပါဘူး….အမျိုးသမီး (၄) ယောက်က အမျိုးသားတယောက်ထဲကို .. အတူတကွ တရားဝင် ပေါင်းသင်းနေထိုင်လို့ရပါတယ်…ဘာမှ စိတ်မပူကြပါနဲ့ ခင်ဗျားးး….:) 🙂

    Reply

  • pisikway

    June 13, 2011 at 4:51 am

    အပြစ်မရှိတဲ့ကလေးနှစ်ယောက်လုံးသနားစရာပါ။ အားကိုးအားထားပြုမယ်ရယ်လို့အိမ်ထောင်ပြုမိကာမှ ဒုက္ခရောက်တဲ့ပထမဇနီးလည်းသနားစရာပါ။ လူလွတ်ထင်လို့ (မသိလို့) ယူထားမိတဲ့ဒုတိယဇနီးလည်းသနားစရာပါ။ အရင်းစစ်လိုက်တော့ဒင်းအပြစ်တွေပေါ့နော။ 😛

    Reply

  • cum min

    June 25, 2012 at 2:45 pm

    အော်..ဘဝ..ဘဝ..ဘဝ
    မလွယ်ပါလားနော..လူတွေလဲ….
    အနိစ္စ…..တွေပါ..

    Reply

  • cum min

    June 25, 2012 at 2:51 pm

    အသက်ကြီးတဲလူက…အကြီးကွာ….လောင်းရဲတယ်….

    Reply

Leave a Reply

Your email address will not be published.