၂ လုံး ၃ လုံး ဒိုင်များအခြေအနေ …..

fattyJune 9, 20111min06

တလောကစပြီး ဘယ်မှာမှညွှန်ကြားချက် မတွေ့ရဘဲ ရဲစခန်းများက သတင်းကြောင်း ဒိုင်များရပ်ဆိုင်းသွားရပါတယ် ..။ အထူးသဖြင့် နယ်မှ တောင်သူ လယ်သမားများ
လက်လုပ်လက်စားများ အများစုဟာ လုပ်ငန်းခွင်ဘက်ကိုပြန်ပြီး ဦးလှည့်ကြတာတော်တော်များများတွေ့ရလို့ဝမ်းသာစရာပါ ..။

ဒိုင်များဘက်ကတော့ hand phone တွေအသုံးပြုပြီး ပြန်လည်လှုပ်ရှားဖို့ တာဆူနေကြပြန်တာ တွေ့ရပါတယ်။
ဒီတခါ ရဲကိုပါ ဆက်ကြေးပေးစရာ မလိုတော့လို့ ပိုပြိး ok တဲ့အကြောင်းလဲပြောကြပါတယ်။

အချင်းချင်းဓါတ်သိ လက်ကြီးထိုးသမားများကိုသာ လက်ခံမယ်လို့လဲပြောကြပါသေးတယ် ..။ ဘာပြောပြော သာမာန် ပြည်သူအမျးစု အတွက် လောင်းကစားမှုတခု
အတော်အတန်ရပ်ဆိုင်းသွားတဲ့အတွက် အောင်မြင်မှု အတိုင်းအတာတခုအနေနဲ့ရလိုက်ပါတယ် ..။

လာဘ်ပေးလာဘ်ယူတိုက်ဖျက်မှုလည်း ထိုနည်းတူ အောင်မြင်မှုတရပ် အတိုင်းအတာ တခုထိ ထိရောက်သွားစေချင်ပါတယ် ..။ ဒါပေမဲ့ ဘာသတင်းမှ ထူးထူးခြားခြား
ထွက်တော့မလာသေးပါ။

6 comments

  • naywoonni

    June 9, 2011 at 8:41 am

    ဟုတ်သလား? အဲဒိလိုပဲထင်လိုက်သလား ? ကျွန်တော်တို့ဘက်မှာတော့ ပိုတောင်ဆိုးလာသလိုပဲ…။ ဖမ်းတယ်လဲ ပြောသေးတယ်..။ ဒိုင်တွေလည်းပျောက်မသွားဖူး …။ အတိတ်စိမ်း ပေးချိုင်းတွေလည်း ပလူပျံနေတာပဲ…။ ပိဿာချိန်နဲ့ဝယ်လို့ရတယ်…။ ခိုးချောင်ခိုးဝှက်လုပ်ရမှ လူတွေကပိုတောင်စိတ်ပါနေသေးတယ်..။ ဖမ်းတယ်ဆိုတာ သူတို့ကိုပိုက်ဆံ မျန်မှန်မပေးတဲ့ ဒိုင်သေသးသေးလေးတွေ ဖမ်းပြတာပါ…။ တစ်ကယ်လုပ်နေတဲ့ ဒိုင်ကြီးတွေကျတော့ မဖမ်းတဲ့အပြင် ခဏနားထားဦး လို့ လာပြောသတဲ့…။ တစ်ကယ်က မနားပါဘူး..။ အရင်လိုပေါ်တင်မလုပ်တာပဲရှိတယ်..။ ခု ဘယ်လောက်ဖိုး ထိုးမလဲ လာခဲ့ပဲ…။

    Reply

  • windtalker

    June 9, 2011 at 1:10 pm

    ရဲ တွေ က ဖမ်းတာလိုလို စီမံကိန်းလိုလို လုပ်လိုက်တော့ ဒိုင်တွေ က ဘယ်လို ထိုးသားတွေ ကို ဘယ်လို တုံ ့ပြန် သလဲ ဆိုတော့ ၅ဝ ဆ ပဲ ပေးတော့တယ် တဲ့ ။ ဒါလည်း ကျွန်တော် တို ့မန်းတလေး ၂လုံးထီ ရောဂါသည် များ က အားပေးကြတာပါပဲ ။ အခု ဒီနေ ့မေးကြည့်တော့ အခြေအနေ ပြန်အိုကေ သွားပြီ တဲ ့။ ၇၅ ဆ ပြန် လျော်ပေးနေပြီ မို ့၂လုံးဝေဒနာရှင်များ ပျော်ပျော်ရွှင်ရွှင် အားပေးနေကြပါကြောင်း ။

    Reply

    • eros

      June 9, 2011 at 1:23 pm

      နောက်ဆုံးတော့ ထုံးစံအတိုင်းပဲပေါ့။

      Reply

  • naywoonni

    June 9, 2011 at 3:20 pm

    ဟုတ်ပ နောက်ဆုံးတော့ ထုံးစံအတိုင်းပါပဲ…။ ဘယ်တော့မှပျောက်မှာမဟုတ်တော့ပါ…။

    Reply

  • unclegyi1974

    June 9, 2011 at 3:40 pm

    လောင်းကစားကလူရဲ့အတ္တနဲ့လောဘကိုအရင်းတည်ပြီးလုပ်ကြတာဆိုတော့
    လူဆိုတာကလည်းလောဘဒေါသမောဟကအမြဲဖုံးနေတဲ့သတ္တဝါဆိုတော့
    ပုံမှန်အတိုင်းဆိုပျောက်ဖို့မလွယ်ဖူးနဲ့တူတယ်

    Reply

  • fatty

    June 9, 2011 at 4:34 pm

    ကျနော့်ရပ်ကွက်မှာတော့အတော်ဖမ်းလိုက်တယ် တော်တော်လေးတုန့်သွားတယ် ။
    လုံးဝပျောက်မသွားတောင် လက်လုပ်လက်စားတွေ တောင်သူတွေ သိပ်မလုပ်ဖြစ်ကြရင်ကောင်းမယ်။
    ရွှေပြည်သာဘက် မင်္ဂလာဒုံ ထောက်ကြံ့ဘက်တွေအတော်လေးရပ်သွားတယ် ..။

    Reply

Leave a Reply

Your email address will not be published.