အစားလျှော့စားစရာမလိုပဲ ကိုယ်အလေးချိန်ကျစေမည့်နည်းများ

လင်းဝေJune 9, 20111min07

တစ်နေ့က ပိန်နည်း အလွယ်များကို ဖတ်ပြီး ဒီနေ့တွေ့တဲ့ အစားလျှော့စရာမလိုပဲ အလေးချိန်ကျနည်းကို မျှလိုက်ပါတယ်။
အစားလျှော့စရာမလိုဘူး ဆိုပေမယ့် တကယ်တမ်းတော့ လျှော့စားရတာပါပဲ လို့လည်း ကြိုပြောထားပါရစေ။

တကယ်လုပ်ရင် တကယ်ပိန်တာတော့အမှန်ပဲ။ အိမ်နားမှာ ဖက်တီးလို့ အခေါ်ခံရတဲ့ကောင်လေး တကယ့်ဝတုတ်ကောင်က ၂လလောက်အတွင်း ကစားတာနဲ့ စားတာလျှော့လိုက်တာ
တသက်လုံး ဝတုတ်ဖက်တီးက အခုများ ချပ်ချပ်ရပ်ရပ်နဲ့ ရှိုးတွေဘာတွေများလို့ပဲ။

ပိန်ချင်သူတွေ စိတ်မလျှော့နဲ့ တကယ်ပိန်အောင်လုပ်ကြ။

ကျွန်တော်ကိုယ်တိုင်လည်း ပိန်အောင်လုပ်နေသူပါပဲ။

အစားအသောက်ကို အလွန်အမင်းလျှော့စရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျလိုပါ သလား။ အစားအသောက်မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

၁။ အိပ်ရေးဝဝအိပ်ပါ

မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းစာ ဆာလောင် စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ အိမ်မှာ စားပါ

အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေ ဟာ ခန္ဓာကိုယ် သွယ်လျတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအ သောက်အများစုဟာ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အဆီပါဝင်မှုများတာကြောင့်ပါ။

၃။ အစားကို ဖြည်းဖြည်းချင်းဝါးစားပါ

အစားအသောက်တစ်နပ်စားချိန်ကို မိနစ် ၂ဝ ကြာအချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်း ဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရင် ခန္ဓကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့် ကြောင်း အချက်ပြပါလိမ့်မည်။ အစားအ သောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့် ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံစားဖြစ်သွားပါတယ်။

၄။ ဟင်းသီးဟင်းရွက် များများစားပါ

အစာတစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင်စားပါ။ အားအသောက်ကို များများစားရမှ ကျေနပ်တတ်သူတွေအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေ သလို ကိုယ်အလေးချိန်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးတာ ကြောင့်ပါ။

၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာစားပါ

ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင် ပေါင်မုန့်စတာတွေဟာ ဝိတ်လျှော့လိုသူတို့ အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်း ကတော့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီပါဝင်မှု နည်းပြီး ခန္ဓကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။

၆။ ဝက်ပေါင်ခြောက် ရှောင်ပါ

နံနက်စာစားတဲ့အခါနဲ့ ဆင်းဒဝစ်ရှ် စားတဲ့ အခါ ဝက်ပေါင်ခြောက်မစားပါနဲ့။ ဝက်ပေါင် ခြောက်နှစ်ချောင်းမှာ ကယ်လိုရီ ၁၀ဝ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁ဝ ပေါင် တက်လာနိုင်ပါ တယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာ ကိုသာ ရွေးစားပါ။

၇။ သကြားမစားရပါ

အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြားလက်ဖက်စားဇွန်း ၁ဝဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန်တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်းညစ်နွမ်းသွားစေပါတယ်။

၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ

အရက်ပါတဲ့ လူမှုရေးဝိုင်းတွေသွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာ တွေကို အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံးသောက်ပါ။ အရက်သောက် မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီရရှိ စေတဲ့အပြင် အာဟာရတန်ဖိုးနည်းတဲ့ အစား အသောက်တွေကိုပါ မဆင်ခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်းလက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာဟာ ကို်ယ်အလေးချိန် လျော့ကျ စေမယ့် နည်းလမ်း ကောင်းတစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အား ကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏအနည်းငယ်သောက် ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင် ပါတယ်။

၁၀။ ယောဂကျင့်ပါ

ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် လျော့ နည်းကြကြောင်း အမေရိကန်အာဟာရ အဖွဲ့ အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူးစားတတ်တဲ့ အကျင့်မရှိကြ တာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်ညစ်ငြိမ်အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသော ပီကေဝါးပါ

သကြားမပါတဲ့ ပီကေဝါးတာဟာ သရေစာစားချင်စိတ် လျော့နည်းစေပါတယ်။ တီဗီကြည့် ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာစားပါက သရေစာစားချင်စိတ် ပြင်းပြနေနိုင် ပါတယ်။ သကြားမပါဘဲ အနံ့မွေးတဲ့ ပီကေဝါးပေးရင် တခြားသရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။

၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀ဝ လောင်ကျွမ်းအောင်လုပ်ပါ

အစားမလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေး ချိန် ၁ဝ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀ဝ ကျဖို့အတွက် မိနစ် ၂ဝကြာ တစ်မိုင်လမ်းလျှောက်ခြင်း၊ မိနစ် ၂ဝကြာ ဥယျာဉ်စိုက်ပျိုးခြင်း၊ မိနစ် ၃ဝကြာ အိမ်သန့် ရှင်းရေးလုပ်ခြင်း၊ ၁ဝမိနစ်ကြာ လမ်းအမြန် လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခုလုပ်ဆောင်ပါ။

၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏစားပါ

သက်သက်လွတ်စားတာဟာ ကိုယ်အလေးချိန်သွယ်လျစေကြောင်း Web MD သုတေသန အရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သက်သတ်လွတ်စားသူတွေဟာ အသားစားသူတွေထက် ၂ဝ ရာခိုင်နှုန်းကိုယ်အလေးချိန် လျော့ကျနေတတ်ပါတယ်။ ပဲနီလေးစွပ်ပြုတ်၊ ပဲအမျိုးမျိုး ပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

7 comments

  • hmee

    June 9, 2011 at 7:25 am

    တနှစ်မှာ ၁ဝပေါင်ပဲ ကျမှာလား။ မဖြစ်ဘူးနော်။ တက်သွားတုန်းက တနှစ်အတွင်း ပေါင် ၂ဝကျော် ချက်ချင်း တက်သွားတာ။ ပိန်ပဲပိန်ချင် လေ့ကျင့်ခန်းတော့ မလုပ်ချင်ဘူး။ 🙂

    Reply

  • rabbit

    June 9, 2011 at 8:04 am

    ပိန်ချင်တာမှ တစ်ပိုင်းသေနေတာပဲ .. လေ့ကျင့်ခန်းလုပ်ဖို့ကျ အချိန်မရှိတာနဲ့ ပျင်းတာနဲ့ အကြောင်းအမျိုးမျိုးပြပြီး မလုပ်ဖြစ်ဘူး … ဘယ်လောက်ထိ ပိန်ချင်လဲဆို ဝမ်းသွားရင်တောင် ဝမ်းပိတ်ဆေးမစားဘူး .. ဗိုက်ချပ်ချင်လွန်းလို့ … အိပ်ထမတင်လား … လုပ်တာပေါ့ … တစ်ရက် 10ခါ နှစ်ရက်လောက်လုပ်ပြီး မလုပ်ဖြစ်တော့ဘူး … အဆီကျ လဘက်ရည် .. အော် အနံ့ မခံနိုင်လို့ နှာခေါင်း ပိတ်သောက်တယ် .. ဆေးလား .. ဆေးတော့ မစားရဲဘူး .. Side Affect ရှိလို့လေ .. တော်ကြာ သေသွားရင် ဘယ်လို လုပ်မလဲ

    Reply

  • manawphyulay

    June 9, 2011 at 9:55 am

    ကိုယ်အလေးချိန်တိုးပြီး ဝစေတဲ့နည်းလေးလည်း သိချင်ပါတယ်ရှင်

    Reply

  • kai

    June 9, 2011 at 10:08 am

    Angelina Jolie တော့…မည်သို့မည်ပုံလုပ်လိုက်သည်မသိ.. ၉၉ပေါင်ဖြစ်သွားတယ်လို့.. ဒီတပါတ်..ဂျွန်၁၃ စတားမဂ္ဂဇင်းအဖုံးမှာ ပုံနဲ့တကွပါလာတယ်..။
    ဆိုတော့…
    အမျိုးသမီးတွေ.. ပိန်တာကောင်းပါတယ်..။
    “လှလို့..ပိန်လို့”. ဆိုတာ…အမှန်တရားပါပဲ..။
    “လှလို့..ဝလို့ “ဆိုတဲ့ဆိုရိုးက.. လှတာကို မနာလိုလို့.. ဝတဲ့သူတွေကပြောကြတာ..။ 🙂

    “Alarmed over his partner’s recent weight loss, Brad Pitt has staged an intervention with Angelina Jolie, begging her to get help,” claims Star magazine in a cover story that alleges she’s down to 99 pounds and frequently collapsing.
    http://www.gossipcop.com/angelina-jolie-weight-loss-99-pounds-brad-pitt-intervention-anorexic-eating-disorder-drugs-heroin-relapse/

    Reply

  • MaMa

    June 10, 2011 at 1:01 am

    ခေါင်းစဉ်ကို ကြည့်ပြီး အလွန်သဘောကျသွားပါသည်။
    ၁။ အိပ်ရေးဝဝအိပ်ပါ- အိပ်လွန်းလို့ ဝ တယ်လို့ ပြောကြပြန်ရော။
    ၂။ အိမ်မှာ စားပါ-အိမ်မှာလည်းစားတယ်။ အပြင်စာလည်း စားတယ်။
    ၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာစားပါ-စားပါတွေဆိုတာကို အားလုံးလိုက်နာတယ်။ (မလိုက်နာတာဆိုလို့ “မစားပါနဲ”့ ဆိုတာတွေပဲ ရှိတယ်။)
    ၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ- လုံးဝ လုံးဝ မသောက်ပါ။
    ၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀ဝ လောင်ကျွမ်းအောင်လုပ်ပါ-အဲဒါလောက်တော့ အပျော့။
    အဲဒီလောက် အချက်အလက်တွေ ကိုက်ညီတာတောင် ဘာလို့ မပိန်တာလဲ။ (ခုမှ အပြစ်ဖို့ရမယ့် အကြောင်းအချက်တွေ ရပြီ။) 🙂

    Reply

  • chitlay

    June 10, 2011 at 4:06 am

    သေချာမှတ်သားပြီး လိုက်နာပါ့မယ် … ။

    Reply

  • Nyein

    December 15, 2011 at 12:30 pm

    ပိန်ချင်နေတာ ကြာလှပြီ…ဒါပေမယ့်လည်း ဒီနည်းလမ်းတွေအကုန်လုံးလုပ်ရမှာဆိုရင်တော့မလွယ်ဘူးနော်……..အဟဲ….ထပ်ပြီး စဉ်းစားလိုက်ပါဦးမယ်လေ……..:P

    Reply

Leave a Reply to rabbit Cancel Reply

Your email address will not be published.