ကုလအတွင်းရေးမှူးချုပ်နှင့်တူသော သဂျီးဦးခိုင် P.Tiger

paper tiger

သဂျီးဦးခိုင် ဒေါသထွက်နေပုံ
ကမာ္ဘပေါ်မှာ နိုင်ငံအချင်းချင်းကိစ္စရပ်များ၊ လူသားမျိုးနွယ် တစုလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စများအတွက် ကွပ်ကဲညှိနှိုင်းဆောင်ရွက်ပေးဖို့ ကမာ္ဘ့ကုလသမဂ္ဂဆိုတာ ရှိပါတယ်။ ရွာထဲမှာ ကျနော့်ထက်ပိုသူများ ရှိမှာပါ။ အဲဒီ့အဖွဲ့အစည်းကြီးဟာ နိုင်ငံတခုချင်းကို ဘာလုပ်ရမယ်၊ မလုပ်ရဘူးလို့ ညွှန်ကြားနိုင်တဲ့ အခွင့်အာဏာများ အပ်နှင်းထားပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေနဲ့တော့ ဘောင်ဝင်ရမှာပေါ့လေ။ နိုင်ငံကြီးတခုရဲ့ ခေါင်းဆောင် အဆင့်အတန်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူး ညီမျှပါတယ်။ ကုလသမဂ္ဂဌာနချုပ်ရုံးရဲ့ လက်အောက်မှာ ယူအန်ဒီပီ၊ ယူနီဆက်ဖ်၊ အိုင်အမ်အဖ်၊ အိုင်အယ်အို စတဲ့ ရုံးကြီးများရဲ့ အကြီးအကဲများဟာ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ သို့ ဩဇာတိက္ကမရှိတဲ့ ဝန်ကြီးဟောင်းများ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ကတော့ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းပါ။ ပြောချင်တာ ရွေးချယ်ခန့်အပ်ထားတဲ့သူများ၊ အပ်နှင်းထားတဲ့ အဆောင်အယောင်၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့်အာဏာတို့ဟာ နိုင်ငံကြီးတခုရဲ့ အစိုးရအဖွဲ့အတိုင်း ကြီးမားထည်ဝါလှပါတယ်။
သို့ပေမဲ့ သို့ပေမဲ့ပေါ့လေ၊ အရေးယူနိုင်လောက်အောင် စည်းကမ်းချိုးဖောက်တဲ့ နိုင်ငံများရှိသော်လည်း အကြောင်းအချင်းအရာ အရပ်ရပ်ကြောင့် နှာစေးလို့၊ မျက်စိမှိတ်လိုက်နဲ့ ရူးချင်ယောင်ဆောင်ရပါများတော့ သူ့ဆိုရင် ဘယ်နိုင်ငံကမှ မလေးစားတော့ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂကတော့ သူ့လုပ်မြဲအတိုင်း စည်းကမ်းများ ထုတ်လိုက်၊ သတိပေးတားမြစ်လိုက်နဲ့ ဆက်လက်ဖြီးဖြန်းနေပါတယ်။ အစမှာ နိုင်ငံကြီးများက သူပြောတာကို မသိချင်ယောင်ဆောင်၊ ကြာတော့ နိုင်ငံလတ်များက မလိုက်နာ၊ နောက်ဆုံး မြန်မာနိုင်ငံလို နိုင်ငံအသေးလေး များကတောင် ပမာမခန့်ပြုလာ ကြပါတော့တယ်။ ကုလအတွင်းရေးမှူးချုပ်ခင်မျာလည်း ဒီလိုနဲ့ ကြေငြာချက် ထုတ်လိုက်၊ စိတ်မကောင်းဖြစ်လိုက်၊ သတိပေးတားမြစ်လိုက်နဲ့ စကားကို အမျိုးမျိုးရေလဲသုံးရင်း ကမာ္ဘ့ ခေါင်းဆောင်တဦး စာရင်းဝင်အဖြစ်နဲ့ ကျေနပ်လိုက်ရပါတော့တယ်။
အခုလည်း ရွာထဲမှာ သဂျီးက ဘာလုပ်၊ ဘာမလုပ်ရ ရုပ်အတည်ကြီးတခွဲသားနဲ့ ဒူးနဲ့ဒုတ် ပြထားပေမဲ့ ရွာသားများက အရေးစိုက်ရကောင်းမှန်း မသိပါဘူး။ ကျနော်ကိုယ်တိုင်လည်း လစ်ရင်လစ်သလို ဖောက်ပါတယ်။ အကြောင်းအရင်းကို ပြန်စစ်လိုက်တော့ သဂျီးလည်း ကုလသမဂ္ဂအဖွဲ့ကြီးလို အပြောပဲရှိတယ်၊ လက်တွေ့မှာ အရေးယူမှု တိတိကျကျ မရှိတော့ ဘယ်သူမှ ကြောက်ရကောင်းမှန်း မသိတော့ပါဘူး။ ဆိုရှယ်ဆိုက်သဘောမျိုး ဖြစ်တာမိုလို့ တကယ်တော့လည်း ငါတကောကောလို့ မဖြစ်နိုင်ပါဘူး။ (သဂျီးကောင်းစေချင်လို့ ချဲ့ကားပြော ရတာကို ခွင့်လွှတ်ပါ) ဒါပေမဲ့ သူ့အိုးနဲ့သူ့ဆန် တန်ရပါမယ်။ (ဥပမာ – နန္ဒာလှိုင်အပျိုတုန်းကနဲ့ကိုကြောင်ကြီး) လတ်တလောမှာတင် အချော်တကောက်ပို့စ်များ တက်လာပြန်ပါပြီ။ ပြသနာအသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်ကဘဲ သဂျီးကိုယ်တိုင် အခြောက်ပို့စ်များကို သူ့ခေါင်းစဉ်အောက်မှာ တင်ရမယ်။ အဲဒီခေါင်းစဉ် ဟာလည်း ရွာထဲမှာ လက်မခံနိုင်ကြတာများလို့ ပင်မစာမျက်နှာပေါ်ကို ပေးမတက်ပါဘူး။ ဒါကို မျက်ကွယ်ပြုပြီး တင်ထားတဲ့ လိင်တူဆက်ဆံခြင်းအားပေးတဲ့ ပို့စ်ကို အရင်ကလိုပဲ သတိပေးလိုက်၊ စည်းကမ်းထပ်ထုတ်လိုက် လုပ်နေမယ်ဆိုရင်ဖြင့် မန်းဂေဇက်အွန်လိုင်း အယ်ဒီတာအဖွဲ့ဟာ (ပြောသာပြောရတယ် သူတယောက်ထဲလား မသိဘူး) ဟာ ကုလသမဂ္ဂကို အများဝေဖန်နေကြသလို ကျားတော့ကျား၊ ဒါပေမမဲ့ စက္ကူကျားရုပ်သာဖြစ်ပြီး သဂျီးကတော့ စက္ကူကျားခေါင်းကြီး ဖြစ်ပါကြောင်း ဝေဖန်မှတ်ချက် ပြုပါသည်။

19 comments

  • captainamerica

    June 9, 2011 at 2:23 am

    ကိုကြောင်ကြီးပြောတာကျွန်တော်လည်းသဘူတောပါတယ်………..ရွာသူရွာသားအပေါင်းကမှလက်မခံနိုင်
    ကြတာသဂျီးရယ် ….သူတို.လိုလူမျိုးကြတောါရွာသူလို.ခေါ်ရမလား… ရွာသားလို.ခေါ်ရမလား..တော်တော်
    တောါခက်ပါတယ်လေ….လူအခွင့်အရေးဆိုတဲ့စကားလုံးကြီးကိုထည်လဲသုံးပြနေတော့လည်းပြောရတော့
    ခက်သား… ခြောက်ခြောက်တို.အခွင့်အရေးပေါ့ ……….

    Reply

  • eros

    June 9, 2011 at 2:29 am

    အဆိုပါဖြစ်ရပ်များအတွက် ကျွန်ုပ် အင်မတန်စိုးရိမ်မိပါတယ်။ (အလုပ်မဖြစ်မှုတွေ များသော ကုလသမဂ္ဂလေသံအတိုင်း ပြောလိုက်ပါသည်။)

    I worried so much for these issues. (As UN said.)

    Reply

    • ဆူး

      June 9, 2011 at 12:25 pm

      စိုးရိမ်မကင်းဖြစ်မိတာက ဘာမှ လုပ်လို့ မရဘူး ဆနွင်းမကင်းကမှ စားလို့ရတာ

      Reply

  • MaMa

    June 9, 2011 at 2:55 am

    ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှူး ဖြစ်တုန်းက ဖြေရှင်းခဲ့ရတဲ့အခက်အခဲ အကြောင်းတွေ ပြန်ဖတ်ကြည့်ပြီးမှ ဦးသန့်ရဲ့အရည်အချင်းတွေကို လေးစားမိတယ်။ ခုခေတ် ဆနွင်းမကင်း (စိုးရိမ်မကင်းကို အရပ်ထဲမှာတော့ ဆနွင်းမကင်းလို့ပဲခေါ်တယ်။) နဲ့တော့ ကွာပါ့။

    Reply

  • maungmoenyo

    June 9, 2011 at 4:19 am

    စာတည်းဖြတ်သူလောက က စာပေစိစစ်တဲ့ အာဏာပိုင်ရဲ့ ခလုတ်တိုက်မှုရန်ကဝေးအောင် ချမှတ်ပေးတဲ့ tip လေးကိုသတိရမိပါတယ်။ အဓိပ္ပါယ်နှစ်ခွထွက်တဲ့ post မျိုးစာပေမျိုးလက်မခံရဆိုတဲ့သံမဏိစည်းကမ်းပါ။ ခု MG ရဲ့ အပြင်အဆင်မှာ rating စနစ်တွေလုပ်ပေးထားပြီမို့ လက်သင့်မခံတဲ့ သူတွေက negative rating vote လုပ်ရင်အဲ့ဒီ ဆောင်းပါး၊ ကွန်မင့် ပျောက်သွားမယ်လို့ထင်ပါတယ်။ အဲ့ဒီလို setting မျိုးလုပ်ထားတာများလားလို့။ ဒါဆိုဒီကိစ္စကရှင်းသွားပါမယ်။
    သီးခံလော့ငါ့ရှင်တို့… ခေတ်စားလာတဲ့ topic ဆိုရင်ခေတ်အလိုက် ပေါ်လာပေမဲ့ အချိန်တန်ရင် နပိန်ကန်ခံရစမြဲပါဗျာတို့။

    Reply

  • weiwei

    June 9, 2011 at 4:27 am

    သူကြီးက လေသေနတ်ပဲ သုံးပေမယ့် သမာသမတ်တော့ ကျပါတယ်လေ …. 🙂

    Reply

  • zoe

    June 9, 2011 at 4:42 am

    သူကြီး ဖက်ကလည်း ပြန်စဉ်းစား ကြည့်ပေးအုန်း လေ ။ ဟုတ် ?? 🙂 ဒီလောက် ကြီး လဲမတွယ် ပါနဲ့ ။

    Reply

  • manawphyulay

    June 9, 2011 at 5:35 am

    ရေခွက်ထဲ့ ရေအပြည့် ဖြည့်လာပြီး စက္ကူကျားခေါင်း စိမ်လိုက်မယ်ဆိုရင် ဘယ်လိုများ ဖြစ်သွားမလဲဟင်… 😛

    Reply

  • fatty

    June 9, 2011 at 6:07 am

    ပိုစ်တခုကိုဖတ်ပြီး ရီအောင်လုပ်နိုင်တာ ကျနော့အတွက်တော့ရှားပါတယ် ….
    ဒါပေမဲ့ ကိုဘေကာင်ကြီး ပိုစ်ကိုဖတ်ရရင် ကြိတ်ပြိးတော့ကိုရီရတယ် …
    ပါရမီထူးပါပေ့ ကိုကြောင်ရယ် …..။
    ကျုပ်ရီချင်တာက ..မန်းဂေဇက်အယ်ဒီတာအဖွဲ့ ( ပြောသာပြောရတယ် သူတယောက်ထဲလားမသိဘူး )
    ဆိုတဲ့စာသားပါ ..။ ခဏရပ်ပြီး ရီပါရစေအုံး ( ဟာသ ဆိုတာ လွယ်တာမှုတ်ဘူးနော် )

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 9, 2011 at 12:14 pm

    အင်းးးးး
    ကိုကြောင်ကြီးကတော့
    လုပ်ငန်းစောင်တာတစ်ခုမှာ ဦးဆောင်ဦးရွက်
    လုပ်ကိုင်ဘူးခြင်းမရှိသေးဘူးဆိုတာသေခြာသလောက်ရှိနေပြီ
    ကိုကြောင်ကြီး စစ်ဗိုလ်လုပ်ရင်တော့
    စောစောပျံလွန်တော်မူဘို့ကိန်းရှိတယ်
    လူကြီးဆိုတာ တပည့်တွေကို မြှောက်ထိုးပင့်ကော်လုပ်ပေးတတ်ရပါတယ်
    ကိုကြောင်ကြီးးခင်ဗျား

    Reply

    • ဆူး

      June 9, 2011 at 12:53 pm

      ဘယ်လိုလဲ ဘဂျီးပု.. အဲမှား သွားလို့.. မမပု..
      နာမည် မည်သူ တဦးတယောက်မှ မည်သည့် အကြောင်းနဲ့ မဆို တလုံးတောင် ယူမရသုံးရဘူး ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် တတ်တဲ့ မမပု.. ဒီတခါတော့ ဓါတ်တူ နံတူ ဆေးဘက်ယူနေတယ် ထင်ပါ့နော်..

      အသက်နဲ့ လဲ ပြီး ကာကွယ် တာနဲ့ မမပု အသက် ထွက်လာပြီ။
      မမပုနဲ့ အသက် တသားတည်းကျ အေခွဲယူချင်ပါ့ ဆိုလည်း မတားပါဘူး။
      ဆန္ဒကို သိက္ခာနဲ့ ဖုံးရတယ်။
      ပု ဆန္ဒနဲ့ ပု လုပ်ချင်တဲ့ ကိစ္စ.. လူမြင် သူမြင်တော့ မလုပ်နဲ့ပေါ့။
      မမပု ကော တော်သလင်းခွေးတွေ ဂဲနဲ့ ထုဘူးချင် ထုဘူးအုံးမယ် ထင်တယ်နော် ဂဲနဲ့ ထုခံရတဲ့ ခွေးနေရာတော့ မရောက်ပါစေနဲ့လို့ မျက်မှန်း တမ်းမိ ရွာသား အချင်းချင်း စေတနာ ရှေ့ထား သတိပေးလိုက်တယ်။

      Reply

    • nigimi77

      June 11, 2011 at 5:11 am

      လုံးဝ ဥသုန် ထောက်ခံတယ်။

      Reply

      • nigimi77

        June 11, 2011 at 5:14 am

        ကိုရင် ပု ပြောတဲ့ဟာကိုပါ။

        Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 9, 2011 at 3:09 pm

    ဆူးဂဒေါ့ ပြောဒေါ့မယ်
    နေအုန်း စိတ်စေတသိတ်တွေအကြောင်း
    စာအုပ်လှန်လိုက်ဦးမယ်
    လောလောဆယ်
    မေတ္တာဆိုတာ အဒေါသ ( သတိမဲ့သောအခါ တက်မှုတဏှာ )
    ဥပက္ခာ ဆိုတာကလဲ သတိမဲ့တဲ့အခါ မောဟ မသိခြင်းဖြစ်တယ်နော်
    ဆင်ခြင်ဆင်ခြင်

    Reply

  • ဆူး

    June 9, 2011 at 3:25 pm

    အဝိဇ္ဇာ ဆိုတာ အမှောင်ဖုံးတာ
    ကိလေသာ ဆိုတာ လိုချင် တပ်မက်မှု
    ကိလေသာ ဆိုတာ မီး လို့ တင်စားကြတယ်။
    မီး ဆိုတာ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင် ရန်သူ။
    အေးတဲ့ ဒေသမှာ မီးကို အနွေးဓါတ် အဖြစ်သုံးပေမဲ့ မီးကို လိုတာထက် ပိုသုံးလွန်းရင် ပူလာလိမ့်မယ်။
    အသားများ ဆီလူးပြီး အပူကူးမိရင်တော့ အကင်ဘဝ ပြောင်းသွားမယ်နော်။
    သဘောပေါက် သဘောပေါက်..

    Reply

  • pooch

    June 9, 2011 at 3:32 pm

    သူကြီးရေ ကံဇာတာတွေတက်အောင် ယတြာချေလိုက် အုန်း ။ သားသမီးမကောင်း မိဘခေါင်း။
    တပည့်မကောင်း ဆရာ့ခေါင်း။
    ရွာသားမကောင်း သူကြီးခေါင်း။

    Reply

  • shadowless

    June 9, 2011 at 4:40 pm

    ဘာတွေလဲ..ဘာတွေလဲ..
    လိုက်လည်း မမီတော့ဘူး..
    သိပ်မပြောကြပါနဲ့…
    သဂျီးက မြန်မာနိုင်ငံသားမဟုတ်လား…
    ဟိုးအရင်စစ်အစိုးရလိုပေါ့… သားရေကွင်း ဥပဒေတွေ ထုတ်ပြန်ထားပြီး
    လူကိုခင်ရင် မူကိုပြင်ပြင်နေတာ..
    ဒါမျိုးတွေ..ဒီမှာ ရိုး….ဟိုး..ဟိုးနေပြီ…
    အလကားပြောတာ..တစ်ကယ်ပြောတာ..
    သဂျီးက မသိခြင်ထောင်ထောင်နေတာ.. အဟိ..
    အမှန်တော့ဟုတ်ပါဘူး.. သဂျီး ကလှည်မကြည့်အားတာ..
    ရွာသားတွေ ကိုယ်တိုင်ဘာလုပ်နိုင်မလဲကြည့်နေတာ..ဘယ်လိုလုပ်မလဲကြည့်နေတာ..
    ဒါမျိုးတွေကိုတိုက်ထုတ်ဖို့.. ဒို့ရွာသားတွေစည်းလုံးစို့…

    Reply

  • shwemanthar

    June 11, 2011 at 6:54 am

    နားလည်မှုလေ နားလည်မှု
    ဒါနဲ.ပဲလုပ်စားနေတာ
    ထုတ်လိုက် ပြင်လိုက်နဲ.

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 17, 2011 at 2:52 am

    ဘန်ကီမွန်း ကုလမှူးချုပ် ဒု-သက်တမ်း အရွေးခံရဖို့ သေချာ By ဗွီအိုအေ (မြန်မာဌာန)

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကို ဒုတိယသက်တမ်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နိုင်အောင် ရွေးချယ်ဖို့အတွက် လုံခြုံရေးကောင်စီက ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

    မစ္စတာ ဘန်ကီမွန်းမှာ တခြားပြိုင်ဘက် မရှိဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဓိက အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့အတွက် ဒုတိယသက်တမ်း ပြန်အရွေးခံရဖို့ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    ဒီတပတ်ထဲမှာ မစ္စတာ ဘန်ကီမွန်းရဲ့ ဒုတိယ သက်တမ်းအတွက် လုံခြုံရေးကောင်စီက ထောက်ခံပေးပြီးရင် လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကနေ အတွင်းရေးမှူးချုပ် နေရာကို မဲပေး တင်မြှောက်ရမှာ ဖြစ်ပါတယ်။

    မစ္စတာ ဘန်ကီမွန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူး ဒုတိယသက်တမ်း အဆိုပြုတဲ့ ကိစ္စကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြိုဆိုလိုက်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အရေးပါတဲ့ အပြောင်းအလဲတွေကို ဆောင်ရွက်ခဲ့ပြီး ဟေတီ၊ အိုင်ဗရီကို့စ်၊ လစ်ဗျားနဲ့ တောင်ပိုင်းဆူဒန် ကိစ္စတွေ အပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခနဲ့ စိန်ခေါ်မှုတွေမှာ အရေးကြီးတဲ့ အခန်းကနေ ပါဝင် ဆောင်ရွက်ခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ အပတ်က ပြောဆိုခဲ့ပါတယ်။

    ဒုတိယ ၅ နှစ် သက်တမ်းအတွက် ပါဝင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ မစ္စတာ ဘန်ကီမွန်းက တရားဝင် ကြေညာခဲ့ပါတယ်။

    အသက် ၆၆ နှစ်အရွယ်ရှိတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဘန်ကီမွန်းက ဒုတိယအကြိမ် ပြန်အရွေးခံပြီး အလုပ် လုပ်ကိုင်ပေးဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၂ နိုင်ငံကို ပန်ကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

    ၂၀၀ရ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကစပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မစ္စတာ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပထမသက်တမ်း တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/bankimoon-124001334.html

    Reply

Leave a Reply to maungmoenyo Cancel Reply

Your email address will not be published.