နို့ဆီ ကြိုက်လား

ဆူးJune 7, 20111min019

တနေ့တော့ ပိုးပိုး ဆိုတဲ့ အပျိုကြီး တယောက်က သူ့ရဲ့ ညီမလို အနေသဘော ထားရတဲ့ သူငယ်ချင်းများကို အသက်အနည်းငယ် ပိုကြီးတဲ့ သူပီပီ အာခေါင် အာရင်းသန်သန်နဲ့ ဆုံးမနေပါတယ်။ သူရဲ့ ဆုံးမတဲ့ လေသံကတော့ ဟဲ့.. မိန်းမတွေ သိမ်သိမ်မွေ့မွေ့ နေကြ နင်တို့ အလကားနေရင်း အီးစီကလီ မလုပ်ကြနဲ့။ နင်တို့တွေ အတွေးတိမ်တိမ်နဲ့ ဘာမှန်း မသိ ညာမှန်း မသိ သူများ မြူဆွယ်တိုင်း ပါဖို့ မကြိုးစားနဲ့.. အိမ်ထောင်ကျတယ် ဆိုတာ နင်တို့ သိလို့လား…

နင်တို့ နို့ဆီဘူး မြင်ဘူးလား။
အင်း.. ဘာဖြစ်လို့လဲ ဆိုပြီး စိတ်ဝင်တစား အာရုံစိုက်ပြီး နားထောင်နေကြတယ်။
မှတ်ထား.. နို့ဆီ ခွက်က ဖောက်ထားပြီး ဒီတိုင်း ထားကြည့် ပုရွက်ဆိတ်တွေ တန်းစီပြီး တက်လာလိမ့်မယ်။ အဲဒီ ပုရွက်ဆိတ်ထဲမှာ တချို့က နို့ဆီ ခွက်ထဲ ပြုတ်ကျပြီး နို့ဆီထဲ ကူးနေတာ ပြန်မတက်နိုင်ဘူး။ တချို့က အပေါ်က ပတ်ပြေးနေကြတာ…
နို့ဆီ ခွက်ထဲ ပြုတ်ကျတဲ့ ပုရွက်ဆိတ်က အိမ်ထောင်ကျသွားတဲ့ မိန်းမတွေ ပေါ့အေ..
သူတို့ အောက်ကနေပြီး ဆင်းမလာနဲ့ ဆင်းမလာနဲ့ ဆိုပြီး လက်ပြပြီး အမျိုးမျိုး ပြောနေတည်း အပေါ်က ပုရွက်ဆိတ်တွေက နင်တို့ပဲ စားနေပြီး ငါတို့ကို မစားစေချင်လို့ အော်နေတာ ဆိုပြီး ဆင်းမှာပဲ ဆင်းမှာပဲ ကြုံးဝါးပြီး ခေါင်းမာ နေတာ သူတို့ သေမှာ စိုးလို့ ပြောတာ တလွဲတွေးကြရင်း နို့ဆီဘူး နုတ်ခမ်း ပတ်ပေးပြီး လမ်းရှာတာပေါ့.. လမ်းမတွေ့လည်း ခုန်ချတာလည်း ရှိမှာပေါ့။ ခုန်ချတဲ့ ပုရွက်ဆိတ်က တခါတည်းကို တန်းနစ်တာပဲ.. အဲဒီမှာမှ လမ်းပတ်ရှာရင်း ခြောက်တဲ့ နေရာတွေ နင်းပြီး ဖြေးဖြေးချင်း ဆင်း.. တဲ့ အကောင်ကတော့ ပြန်တက်လို့ ရအုန်းမယ်။ နင်တို့ တွေ အဟုတ်ကြီး မှတ်ပြီး သူများ ပြောတိုင်း မယုံကြနဲ့ ကြားလား။
ထိုကဲ့သို့ ဆုံးမ စကားများ ပြောခဲ့ပါတယ်။ ပိုးပိုးရဲ့ သူငယ်ချင်းများတော့ သူပြောတဲ့ စကားကို ယုံပြီး အပျိုကြီး ဘဝ နဲ့ နေကြပေမဲ့ ပိုးပိုး ကိုယ်တိုင်ကတော့ အဲဒီ ဆုံးမ စကားများ ပြောပြီး ၃လ ၄လ အကြာမှာ ဆိုက်ကား သမား တယောက်နဲ့ အိမ်က သဘောမတူတဲ့ ကြားက ခိုးရာ လိုက်ပြေးသွားပါတော့တယ်။ နောက်ဆုံးတော့ ပိုးပိုးက သူကိုယ်တိုင် ပုံပြင်လေး ကို အသက်သွင်းပြီး သက်သေ ပြသွားခဲ့ပါတော့တယ်။

19 comments

  • shweminthar

    June 7, 2011 at 4:01 pm

    အော်အော် နို့ဆီခွတ်ထဲ ပါတ်လက်မျော ရတယ်ပေါ့
    ဖြစ်မှ ဖြစ်ရလေ
    ဒါဆို နောက် ၃၊၄ လ လောက်တော့ စောင့်ရဦးမှာပေါ့
    နားစွင့် နေမယ်နော်

    Reply

  • ဆူး

    June 7, 2011 at 4:12 pm

    နို့ဆီ ခွက်ထဲ မဆင်းရဲလို့ အရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ နှစ်တွေ တော်တော် ကြာနေပြီ။ တခါတရံ ပြန်လှည့်ပြေးချင် စိတ်ပေါက်တယ်။

    Reply

  • unclegyi1974

    June 7, 2011 at 5:07 pm

    မယုံမရှိနဲ့ပိုးပိုးရဲ့အကယ့်ကိုယ်တွေ့
    ဥပမာလေးကကောင်းမှကောင်း

    Reply

  • phyoshein

    June 7, 2011 at 5:13 pm

    ဆင်းမှာပဲ.. ဆင်းမှာပဲ.. ငါ့ကို လာမတားနဲ့…
    နို့ဆီသောက်ပြီးပဲ အသေခံတော့မယ်…..
    ဆူး…ရေ..
    ကျွန်တော့ဦးလေးက ကျွန်တော့ကို ပြောတဲ့စကားတစ်ခွန်းရှိတယ်..
    မင်းတော့လေ.. မယား…..လည်းမရ…. တရား……လည်းမရ..ဖြစ်ဦးမယ်…တဲ့..
    ဒါကြောင့်လေ… တစ်ခုခုတော့ ရအောင်ယူမလားလို့…အဲလို…အဲလို…
    အဲ..ဒါပေမယ့်..ခုန်တော့ချဘူး… ဖြေးဖြေးချင်း ဆင်းမှာ…

    Reply

  • weiwei

    June 8, 2011 at 1:40 am

    နို့ဆီ ကြိုက်ဘူး …

    Reply

  • နွယ်ပင်

    June 8, 2011 at 4:25 am

    နို့ဆီတိုင်း မကောင်းတာတော့မဟုတ်ပါဘူးလေ ကောင်းတဲ့ နို့ဆီတွေလဲရှိမှာပါ .မယုံရင် နို့ဆီခွက်ထဲ ဆင်းကြည့်ပါလား …. 😛

    Reply

    • etone

      June 8, 2011 at 4:31 am

      အဟဲ ဆင်း ကြည့်ရမလား … လုံးဝမတားနဲ့နော် … တကယ်ဆင်းမှာ … နွယ်ပင် တရားခံပဲ ။

      Reply

      • king

        June 8, 2011 at 12:05 pm

        နို့ဆီ ဗူး ဖောက်ရသေးဝူးးးးးးး
        😛 😛

        Reply

  • လင်းဝေကျော်

    June 8, 2011 at 7:07 am

    နို့ဆီ နဲ့ ဥပမာပေးလို့ ထပ်တူတော့ ဘယ်ကျပါ့မလဲ။
    တကယ်တမ်းတော့ အိမ်ထောင်ရေးဆိုတာ စီရင်ချက် ချထားပြီးသားအရာမဟုတ်ပါ။
    ဘာဖြစ်မယ်ဆိုတာက ကိုယ်ဘယ်လိုပြုမူသလဲ ကိုယ့်လက်တွဲဖော်ကို ဘယ်လိုတုံ့ပြန်သလဲဆိုတာပါပဲ။
    အသေးအဖွားကစလို့နော် ဂရုစိုက်မှ ရတာ။ ကိုယ်တိုင်ဖန်တီးတာလဲ ပါတယ်လို့ပြောချင်တာပါ။

    Reply

  • ဆူး

    June 8, 2011 at 9:24 am

    ဆူး က အပျော်သဘောနဲ့ နောက်ပြီး တင်လိုက်တာပါ။ ဘာမှ မရည်ရွယ်ပါဘူး။
    အပျိုကြီး အပျိုလေးတွေမှ မဟုတ်ဘူးနော်.. လူပျိုကြီး လူပျိုကြီးတွေနဲ့လည်း ဒီပိုစ်ဆိုင်တယ် ထင်တယ်။
    ရေရှည်စီမံကိန်း မရှိပဲ ဖြစ်သလို မလုပ်သင့်တာကို ရည်ရွယ်ချင်တာပါ။

    Reply

    • eros

      June 8, 2011 at 11:06 am

      သိပါတယ် သိပါတယ်။ ကနေ့ နေ့လည်ကတောင် ချစ်သူနဲ့ အဲဒီအကြောင်းပြောဖြစ်သေးတယ်။ ကျွန်တော့် ချစ်သူကို ကျွန်တော့် ရွှေနန်းထက်မှာပဲ ထားချင်တယ်။

      Reply

  • meelay

    June 8, 2011 at 11:11 am

    လက်ဖက်ရည်ဖျော်သောက်တဲ့ နို့ဆီပဲ ကြိုက်တယ် …… 🙂

    Reply

  • နို့ဆီကို ချိုမှန်းမသိတော့ ငြင်းသပေါ့။
    ဆင်းလဲဆင်းပြီးရော ချိုမှန်းသိတော့ ပြန်မတက်ချင်တော့ ဘူး။
    ဘယ်လူိုမျောမျော။
    အဲဒီအပျိုကြီး ပိုးပိုးကလဲ “ကိုဘခွေးရဲ့ ဒါန်ပေါက်” နဲ့တွေ့သွားတာနေမှာပေါ့နော်။

    Reply

  • fatty

    June 8, 2011 at 2:25 pm

    ဆူးရယ် နို့ဆီဗူးရော မြင်ဘူးလို့လား …………..။

    Reply

    • ဆူး

      June 8, 2011 at 2:32 pm

      ဆူး ပြောတဲ့ ပုံပြင် မဟုတ်ဘူး သူများ ပြောတာ ပြန်ပြောပြတာ.. ဆူး ပြောတယ် လို့ တလုံးမှ မပါဘူး

      Reply

  • hmee

    June 8, 2011 at 6:05 pm

    အော်…ကိုယ်လည်း နို့ဆီဗူးထဲ ရောက်နေတာပေါ့။

    Reply

  • bigcat

    June 9, 2011 at 2:27 am

    ကျနော်ကတော့ နို့စိမ်းဗူးပဲသုံးတယ်။ နို့ဆီက ပြင်းလွန်းလို့။

    Reply

  • တညင်သား

    June 9, 2011 at 3:49 am

    မမဆူး က နို့ဆီဗူး မြင်ဘူးပြီးသားပါ ..တလွဲတော့ မတွေးကြပါနဲ့ သူ နို့ဆီဗူး ပေါက်ကွဲဘူးတယ်လေ…

    Reply

  • windtalker

    June 11, 2011 at 6:08 pm

    ပုံပြင်လေးရဲ ့အဆုံးမှာတော့ ပိုးပိုး ဟာ ဆိုက်ကား စီးသွားပြီး ဆူး က တော့ ခြေလျင်လျှောက်စမြဲ ပါပဲ တဲ့ ။ ပုံပြင်လေး က တော့ ဒါပါပဲကွယ် ။ ( စတာနော် မဆူး ။ ဟီဟိ )

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.