မွေးမြူရေး လုပ်ငန်းအကြီးစားများ မြန်မာပြည်တွင် လာရောက်မြှုတ်နှံရန်ပြင်ဆင်နေ

fattyJune 6, 20111min04

လက်ရှိမြန်မာပြည်မှ မွေးမြူရေးဆိုလို့ နိုင်ငံခြားကရင်းနှီးမြှုတ်နှံသည့် ကုမ္ပဏီ ၂ ခုလောက်ဘဲရျိပါတယ်။ ယိုးဒယား နဲ့ အင်ဒိုနီးရှားကပါ။ ကြက်မွေးမြူရေးပေါ့ ..။ အခုလောလော
ဆယ် အိန္ဒိယနဲ့ မလေးက ကမ္ဘာ့အကြီးဆုံးစာရင်းဝင် မွေးမြူရေး ကုမ္ပဏီ ကြီးတွေ လာရောက်
ရင်းနှီးမြှုျွှ်နှံဘို့စိုင်းပြင်နေကြပါပြီ။ အကောင်တွေကိုဒီမှာဘဲမွေး ဒီမှာဘဲ စည်သွတ်ဘူး
ထုတ်လုပ်ကြပါလိမ့်မယ် …….။ ဈေးကွက်က ဒီပြည်တွင်းဈေးကွက်တင် မဟုတ်ဘဲ တကမ္ဘာ
လုံး အတိုင်းအတာထိ ရည်ရွယ်ကြောင်းသိရပါတယ် ..။

ပြဿနာက ကျနော်တို့တိုင်းပြည်မှာ ရင်းနှီးမြုတ်နှံဖို့ အသင့်ဖြစ်ကြပါပြီလား …။
ဒေါ်လာဈေး အပြင်ဈေးနဲ့ အစိုးရဈေး နှစ်မျိုးကွဲနေတာက တစ်ပြဿနာ …………။
အွန်လိုင်း ကွန်နက်ရှင်တွေ .. ခုတမျိုးတော်ကြာတမျိုးဖြစ်နေတာကလဲ ဒုက္ခ ……။
အခုတလော လိုင်စင်လျှောက်တာမြန်ပြီး ထောက်ခံချက်တွေယူရတာကကြာနေပြန်ပါတယ် ..။
ပြည်တွင်းထုတ်ကုန်ကို နိုင်ငံတကာပို့ဖို့ စံချိန်စံညွှန်းမှီ ဒီနိုင်ငံမှာ ရနိုင်ပါ့မလာ …..။
အဲလိုအဲလိုပြဿနာလေးတွေတော့ ရှိရဲ့ … တကယ်လာဖြစ်ရင် အလုပ်အကိုင်တွေတော့
တဖက်တလမ်းက ပွင့်လာအုံးမယ်လို့ မျှော်နေပါရဲ့ ……။

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 7, 2011 at 2:24 am

    ကျွန်တော်ကတော့ဒါကို ကြိုဆိုတယ်ဗျ
    ဒါမှ တကယ့် အခြေခံလူတန်းစားတွေတွက်
    စီးပွားရေးတံခါးဖွင့်ဝါဒဘဲ
    မြန်မာပြည်အောက်ဖက်လောက်ဖြစ်မယ်ထင်တယ်
    ရေး၊ ထားဝယ်တို့ပေါ့ အဲ့သည်ဖက်တွေက ကြက်စာထုပ်လုပ်လို့ရတယ်လေ
    ဒါနဲ့ ဘယ်အုပ်စုတွေက လုပ်မှာလဲ လေးဖက်ရဲ့

    Reply

  • တညင်သား

    June 7, 2011 at 3:18 am

    လာရောက် ရင်းနှီး မြုတ်နှံ ဘို့အတွက်တော့ အဆင်ပြေအောင် လုပ်ပေးနိင်မယ်လို့ယူဆမိပါတယ်..(ထင်ကြည့်တာနော်) လိုအပ်တာတွေကိုတော့ ဒီလိုပဲ တဖြည်းဖြည်း ပြုပြင်သွားရမှာပေါ့ဗျာ.. မျှော်လင့်သလို ဖြစ်လာနိင်ပါစေ..ဦးဖတ်ရေ……….

    Reply

  • zawinaing

    June 7, 2011 at 4:46 am

    ကြိုဆိုပါတယ် …. ဒါမှ နည်းပညာတွေ အမွေဆက်ခံလိုရမှာပေါ့ ………….
    😛

    Reply

  • unclegyi1974

    June 7, 2011 at 2:55 pm

    ဖြစ်လာမယ်ဆိုအတိုင်းထက်အလွန်ပါ
    ပထမ အလုပ်အက်ိုင်ပေါများလာမယ်
    ပြည်တွင်းထက်ဝင်ငွေကောင်းနိုင်မယ်လို့မျှော်လင့်လို့ရမယ်ထင်ပါတယ်
    ဒုတိယ နည်းပညာတွေပါလာမယ်ယူတတ်ရင်ရမယ်
    တတိယ နိုင်ငံအတွက်အခွန်အခတွေရပြီးနိုင်ငံဝင်ငွေတိုးလာမယ်

    Reply

Leave a Reply to မိုက်ကယ်ဂျော်နီအောင်ပု Cancel Reply

Your email address will not be published.