မန်းတောင်ရိပ်ခို ထန်းရိပ်ညို ကျုံးရေပြင်က စိမ်းစိုစို နန်းမြို့ ရိုးက နီညိုညို

မန်းလေးကျုံးရေပြင်အောက်မှာမှော်တွေကြောင့် စိမ်းစိုနေသလို
နန်းမြို့ရိုး နီညိုညိုရဲ့နောက်မှာရှိနေ့တဲ့ ထန်းပင်စုစုလေးကလဲ ခပ်ညိုညို
အသက်ကလေးရဲ့ ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတဲ့စကားအတိုင်းပါဘဲ။
မြင်ရတာ စိတ်ထဲမှာ ကြည်နူးရပါတယ်။

9 comments

  • manawphyulay

    June 6, 2011 at 10:12 am

    အတော်ကို အေးချမ်းလိုက်တာနော်။ ဟုတ်ကဲ့ မန်းတောင်ရိပ်ကို ခိုချင်ပါတယ်။ အသက်ရှည်ချင်တာလည်း ပါတာပေါ့လေ… 😛

    Reply

  • mayhtet

    June 6, 2011 at 2:24 pm

    ဟုတ်တယ်နော် ဦးပေါက် ၊ဦးပေါက်ကြောင့်မန်းဂုဏ်တတ်တယ်

    Reply

  • တညင်သား

    June 6, 2011 at 2:44 pm

    မန်းတောင်ရိပ်မှာ ခိုရမှာလေ ကိုပေါက်ရဲ့မြို့ရိုးဘေးနားလဲ ခိုလို့ ကောင်းမဲ့ပုံပဲ ချူံတွေနဲ့ .. မန်းသူလေးတွေ အဲဒီနားမသွားကြနဲ့ မြွေပါး ကင်းပါး ကြောက်စရာနော်…

    Reply

  • hmee

    June 6, 2011 at 3:11 pm

    ဦးပေါက်ရေ ကောင်းကင်က အပြာ၊ တိမ်က အဖြူ ရာသီဥတု သာယာတဲ့ပုံ။ ရေပြင် အနားသတ်အုတ်ရိုး ၊ထိုးထိုးထောင်ထောင် ထန်းပင်ကြားက မြို့ရိုး တကယ်ကို လှပါတယ်။ မန္တလေးမြို့ကို အလည်လာစဉ်က မြို့ရိုးရှေ့က ဆီဒိုးနားဟိုတယ်မှာ တည်းတဲ့ဧည့်သည်ကို သွာတွေ့တော့ ဧည့်သည်က ဘယ်နေရာမှာမှ မရတဲ့ဝိုင်လို့ ပြောပြီး ဧည့်ခံကာ ဘာဝိုင်လဲလို့ ပဟေဠိ ဖွက်ပြီးမေးတယ်။ နီနီရဲရဲလေးနဲ့ ချိုတာမို့ ဇီးသီးဝိုင်လားလို့ ပြန်မေးတော့ ချဉ်ပေါင်သီးဝိုင်လို့ပြောတယ်။ ဦးပေါက်ရေ အခုကော ရသေးလားမသိ။ အတော်သောက်ကောင်းတာမို့ မန္တလေးလို့ ကြားတိုင်း တွဲပြီး အမှတ်ရတယ်။ 🙂

    Reply

  • hmee ရေ ဆီဒိုးနားတော့ ကျနော်မသွားရဲပေါင်ဗျာ၊
    ဈေးကြီးတယ်ဗျာ။
    ချဉ်ပေါင်သီးဝိုင်တော့ မသိဘူး ဒီနှစ်သင်္ကြန်မှာသောက်တဲ့ ပင်မှည့်ဝိုင်ကတော့ တကယ်ကောင်းဗျာ။
    ဈေးလည်းသိပ်မကြီးဘူး ။
    မန္တလေးကို ရောက်ဘူးသူက သတိရတယ်ဆိုရင်လဲကျေနပ်သလို
    မရောက်ဘူးသူက လာချင်တယ်ဆိုရင်လဲသဘောကျ၊
    ကိုယ့်မြို့ကိုယ်ချစ်တာကိုးဗျ။
    လူတိုင်းလူတိုင်းကလည်းကိုယ့်မွေးဇာတိကိုတော့ အားလုံးချစ်ကြမြတ်နိုးတတ်ကြသူချည်းပါဘဲ။
    အကြောင်းအပေါင်းမသင့်လို့ ခွဲခွဲပြီးနေရတော့လဲ တစ်ချိန်မှာ ကိုယ့်ဇာတိကိုပြန်လာခွင့်ကြုံကြမှာပါနော်။

    Reply

  • ဆူး

    June 6, 2011 at 3:29 pm

    ပုံလေးက အရောင်တော်တော် လှတယ်နော်။ တိမ်ရောင်နဲ့ ကောင်းကင် သိသိသာသာ ကွဲပြားတယ်။ ရေတွေကလည်း အရောင်လက်တယ်။

    Reply

  • အဲဒါ (5-6-2011)မနက်ပိုင်း ဆယ်နာရီလောက် ဆီဒိုးနားမရောက်ခင် နှစ်ပြလောက်က နေရာလေးမှာ ရိုက်ထားတာပါ။
    မန်းလေးနန်းမြိုရိုးမှာ ထန်းပင်စုစုလေးရှိနေတာက အနောက်ဘက်ကျုံးလမ်း 24-25လမ်းကြားမှာနဲ့
    အခုပုံလေးမှာပါတဲ့ 26ဘီလမ်းပေါ် ကထန်းပင်စုလေးတွေကအလှဆုံးလို့ထင်ပါရဲ့…………….

    Reply

  • shweminthar

    June 6, 2011 at 4:00 pm

    မန်းလေးကို စိတ်ဝင်စားလို့ ဘဲ ဖြစ်ဖြစ် ၊
    မန်းတောင် ရိပ်ခိုချင်လို့ ဘဲ ဖြစ်ဖြစ် ၊ လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်။
    အဆိုတော် ရှင်းရှင်းတောင် မန်းလေးကို တစ်ခေါက်ရောက်ပြီး သီချင်းဆိုသွားသေးတယ်။
    ဘာတဲ ့

    Reply

  • mayhtet

    June 6, 2011 at 11:57 pm

    မျက်စိကိုအေးချမ်းသွားတဲဘဲ

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.