ခရီးတစ်ခါထွက်တော့ ဒီလို

သူ ဖားကန့်ကထွက်တော့ မနက် 11နာရီ။ ကောင်းကင်ပြင်မှာကမိုးလေးကအုံ့လျှက်။ ခရီးတစ်ခါထွက်ဖို့အရေးပြင်ဆင်လိုက်ရတာက တစ်ပတ်လောက်ရှိတယ်။ ကားလက်မှတ်ဖြတ်ဖို့ကြိုမချိတ်မိတာကသူ့အမှား ။ ခုလို စောစောထွက်နိုင်တာပဲ ကောင်းသလိုလိုရှိတယ်။ ကားလက်မှတ်ဖြတ်ရာမှာလည်းအနှောင့်အယှက်ရှိတယ်။မြစ်ကြီးနားကို သူကသွားမှာဆိုတော့ ဖိုးဝှီးကားခက 15000တဲ့။ဘုရား ဘုရားပေါ့။တကယ်တမ်းက 7000-8000 ဝန်းကျင်ရှိတာပါ။ခုတော့ ရာသီဥတုက ဖောက်၊လမ်းတွေကပျက်ဆိုတော့ကားဆရာတွေလည်း ဒီအချိန်မှ မြိုးမြိုးမြတ်မြတ်ကလေး စားရတယ်ထက်ပါ့။ ကလိမ်ကကျစ်ဆိုတာကို ဒီနေရာမှာတွေ့တာပဲ။ သူဖြတ်ထားတာက ဖိုးဝှီး ကားရောက်လာတော့ ဒိုင်နာ။ ကဲ့ကြည့် ကားဆရာတို့များ။ ကားလက်မှတ်ခကိုပြန်တောင်းမယ်ဆိုတော့ ဟိုလိုလို ဒီလိုလို။ နောက်ဆုံးတော့လည်းဒိုင်နာနဲ့ပဲ ညားခဲ့ရတယ်။ ဒိုင်နာကားဆရာက မေးတယ်။
“ညီလေး ကားခ ဘယ်လောက်နဲ့ဖြတ်လာလဲ”တဲ့။
သူက 15000 ဆိုတော့။ ကားဆရာက ဘာမှတော့မပြောဘူး။တကယ်သိလိုက်ရတာက ကားဆရာရတာ 10000ထဲ။
ဒီနားနဲ့ဒီနားကို 5000 ကြီးများတောင်ကပ်စားလိုက်တာ မျက်မြင်ကိုယ်တွေ့။ သူလည်းဘာမှလုပ်လို့မရပါဘူး။ ဒါက သူတို့လောကကိုး။

ဖားကန့်ကနေ မြစ်ကြီးနားကိုရောက်ဖို့လမ်းမှာ 3နာရီလောက်ကိုဒုက္ခကခံလိုက်ရသေးတယ်။ လမ်းတွေကလည်း ပျက်။ ကားတွေကပိတ်။ဒီလို့နဲ့ မြစ်ကြီးနားကိုရောက်တော့မနက် 2နာရီ ။ တည်းခိုခန်းတွေကလည်းမရှိ။ အပြည့်။ သုံးဘီးသမားက ပို့ပေးပါတယ်။တည်းခိုခန်းတစ်ခုကို။ ဝင်ဝင်ချင်းဘာပြောတယ်မှတ်သလဲ။
“အစ်ကို ဆော်ရှိတယ်နော်”တဲ့။
ပြဿာနာ။
ဘယ်နှယ့်။စိတ်ထဲက ဘယ်လိုတည်းခိုခန်းလဲဆိုတာကို သိလိုက်တယ်။ဒါပေမယ့် ဘာမှမတတ်နိုင်။ တည်းခိုရန်မှအပ တစ်ခြားမရှိ။
နောက်တစ်နေ့မှာမြစ်ကြီးနား မန္တလေး ရထားကို အပတွဲကနေဖြတ်လိုက်တယ်။ရထားက မနက် 5နာရီတဲ့။ သူ့မှာ မနက် 4နာရီလောက်ကတည်းက ်ဘူတာကိုဆင်း ထိုင်စောင့်လိုက်တော့ ရထားက ဆိုက်တောင်မဆိုက်သေးဘူးတဲ့။ လာမယ့်လာတော့ မနက် 8နာရီ။ မြစ်ကြီးနားကထွက်တော့ နေ့လည် 12နာရီ။ ကဲကြည့်။. ပထမတန်းဆိုတော့ ကောင်းကောင်းသန့်သန့်ပေါ့။ တတ်ကြည့်လိုက်တော့။ရိုးရိုးတန်းထိုင်ခုံကို အစွတ်ကလေးစွတ် ဖုံထူထူလေးခင်းလိုက်ရင်ပဲ ပထမတန်းလို့ပြောလိုက်တာ။
လမ်းတစ်လျှောက်မှလည်း တက်လာလိုက်တဲ့ ကြားဘူတာကလူတွေ။ ပြည့်ကျပ်လို့။ အမှန်က အပတွဲဆိုတာနဲ့ ဘယ်သူမှတတ်လို့မရတော့ဘူးလေ။ ခုတော့ကြည့် သူ့ရှေ့မှာလည်းကုန်တွေ။ အပြည့်။ ကိုင်း ခရီးတစ်ခါထွက်တယ် စိတ်ကိုမချမ်းသာဘူး။

3 comments

  • kai

    June 6, 2011 at 8:19 am

    ဖားကန့်ကနေ.. မြစ်ကြီးနားကို ဘယ်နှမိုင်လောက်ရှိသလဲခင်ဗျ…။
    မြစ်ကြီးနား ဟော်တယ်ခန်းခကရော..တညဘယ်လောက်လောက်ရှိသလဲလို့..။
    အဲ..
    ကောင်မလေးတွေရော… တညဘယ်လောက်လောက်ရှိသလည်း.. သိသလောက်ခန့်မှန်းရေးပြပါဦးနော..။
    ဈေးကွက်အခြေအနေတွေစိတ်ဝင်စားလို့ပါ…။ 🙂

    Reply

  • Thaw Zin Loikaw

    June 6, 2011 at 8:57 am

    ဖားကန့်ကနေ မြစ်ကြီးနားက 107မိုင်
    မိုးကောင်း-ဖားကန့်က 67 မိုင်
    တည်းခိုခန်းက အောက်ထိပ်ဆုံး 3000 ကနေ 15000 ကနေအထက်
    ကောင်မလေးတွေကတော့ (စုံစမ်းကြည့်လိုက်တော့)
    5000 ကနေအထက်ဆရာ
    ဆရာစိတ်ဝင်စားရင်တော့ မြစ်ကြီးနားက စူပါစတားတည်းခိုခန်းကိုသွားလိုက်ပါ တပင်ရွှေထီးလမ်းမှာရှိတယ် သိပ်တော့မသန့်ပါ ဘာကြောင့်လဲဆိုတော့ ကျနော်လည်း မသိပဲ တည်းလိုက်မိလို့….သိလို တည်းချင်ရင် တော့ Go to –

    Reply

  • windtalker

    June 6, 2011 at 4:35 pm

    ကိုသော်ဇင် ရေးတာ ကောင်းတယ်ဗျာ ။ သတင်းအချက်အလက်လေးတွေ ပြည့်ပြည့်စုံစုံ နဲ ့ဆိုတော့ ဖားကန် ့သွားမယ့်လူ မြစ်ကြီးနား သွားမယ့်လူတွေ အတွက် ဒါလေး ကို ဖတ်ထားရင် ဆောင်ရန် ရှောင်ရန်လေး တွေ သိသွားတာပေါ့နော် ။ အစားအသောက် ကောင်းတဲ့ ဆိုင် လေး တွေ ကို ပါ ညွှန်းပေးပါဦး ကိုသော်ဇင်ရေ ။ ဖားကန် ့ကို သွားမယ်ဆိုရင်ကော ဘယ်လို အနေအထားလေး ရှိသလဲ ဆိုတာပါ လှုပ်ရှားပေးပါဦးဗျို ့

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.