တာဝန်နှင့် ဝတ္တရား (အားလုံးရဲ့ အမြင်ကို …..)

KingJune 6, 20111min014

ဒီပို့စ်လေးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ရွာထဲမှာရှိတဲ့

ရွာသူ/သားတွေရဲ့ ခံယူချက်ကလေးကို သိချင်တာကြောင့်

တစ်ကြောင်း ကျွန်တော့်ရဲ့ အဖြစ်အပျက်တွေကို

နားလည်စာနာပေးနိုင်လိမ့်မယ်လို့ ယူဆရခြင်း ဆိုတဲ့ ……..

အကြောင်းအမျိုးအမျိုးတွေကြောင့် ရေးတင်ရခြင်း ဖြစ်ပါတယ်။

နောက်ပြီးတော့လည်း မနေ့က ရွာထဲက ရွာသူ/သားတွေ

တွေ့ဆုံပွဲအစီအစဉ် ကြောင့်လည်း ပိုပြီးရင်ဖွင့်ချင်စိတ်များ

ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်တော်ဟာ

ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက်

အချိန်တော်တော်များဟာ ကျွန်တော်မပိုင်ပါဘူး။

နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ နိုင်ငံအတွက် ၂၄ နာရီလုံး

တာဝန်ရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်ဟာ

တာဝန်ဆိုတဲ့ စကားလုံးအောက်မှာ ဝတ္တရားဆိုတဲ့ လူမှုရေးများ

ပျက်ကွက်မှုများရှိခဲ့ပါတယ်။ အထူးသဖြင့်

ပြင်ပပေါင်းသင်းဆက်ဆံရေးများဘက်မှာ အထူးပင် အားနည်းမှုများ

ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရွာထဲမှာပဲ

ပေါက်ကရလျှောက်ပြောရင်းနဲ့

လူပြောင်လူနောက်ရွာသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ရွာကိုသံယောဇဉ်ရှိသလို ရွာသူ/သားတွေအပေါ်မှာလည်း

အတော်လေး ခင်မင်မိပါတယ်။ လူကိုသာမမြင်ဖူးပေမယ့် အားလုံးကို

လေးစားချင်ခင်တဲ့စိက်တော့ လျော့မသွားတဲ့အပြင် တစ်နေ့တစ်ခြား

ပိုပိုတိုးလာတာ အမှန်ပဲဖြစ်ပါတယ်။ ရွာထဲက ရွာသူ/သားတွေ

တွေ့ဆုံကြမယ်ဆိုတော့ ကျွန်တော်ပျော်ရွှင်မိတာ

အမှန်ပဲဖြစ်ပါတယ်။ တွေ့ဆုံပွဲအတွက်လည်း ကျွန်တော်

အားတက်သရော comments တွေရေးတင်ခဲ့တာလည်း

အားလုံးအသိပင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်တဲ့

အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေဟာ လောကကြီးထဲမှာ

မျှော်လင့်သလို မကြုံတွေ့ရတာဟာလည်း

စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဘယ်လိုပင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပေမယ့်လည်း

ကျွန်တော်ဟာ တာဝန်ဆိုတဲ့ စကားလုံးကို ဝတ္တရားဆိုတဲ့

စကားလုံးနဲ့ မတွန်းလှန်နိုင်တဲ့အတွက် မိတ်ဆုံပွဲတက်ရောက်ရမယ့်

အစီအစဉ်ဟာ ပျက်သုန်းခဲ့ရပါတယ်။ ကျွန်တော်ဘဝမှာတော့

တာဝန်ဟာ အခုချိန်ထိ ဝတ္တရားရဲ့အထက်မှာရှိနေပါသေးတယ်။
ရွာသူ/သားတွေအနေနဲ့ရော တာဝန်နှင့် ဝတ္တရားဟာ

ဘယ်လိုဘယ်ပုံစံမျိုးရှိတယ်ဆိုတာမသိပေမယ့် ကျွန်တော်ကတော့

………………….. .
အားလုံးကို လေးစားချင်ခင်တဲ့
King
😛

14 comments

  • king

    June 6, 2011 at 8:15 am

    ဘူမှလည်း မဆွေးနွေးပေးကြဘူး
    ဟီးးးးးးးးးးးးး ရွှတ်
    🙁

    Reply

  • etone

    June 6, 2011 at 9:12 am

    နာဖုန်းဆက်တဲ့ အချိန်11ခွဲ မှာ နီက….အိပ်ယာတောင် အခုမှ ထတာဆို .. 😛 😛 😛

    Reply

    • king

      June 6, 2011 at 9:35 am

      အင်းပေါ့ အိပ်ယထာတာကလည်း လာနိုးလို့လေ
      အမဆက်တော့ 11 မခွဲသေးပါဘူး
      ကျွန်တော်က 11 ခွဲ ထ ပြီး လစ်မလို့ ယောပုဆိုးအနက်ကလေးကိုတောင် မီးပူတိုက်ထားသေး
      😛

      Reply

      • etone

        June 6, 2011 at 9:53 am

        နောက်တာပါ ဗျို့… ။
        ဒီကောင်လေး အလုပ်မှာ တကယ်ကို ဘီးဇီးဖြစ်နေတာ ….. ကျမတောင် သူတို့ရုံးရှေ့ သွားပြီ မောင်ကင်းထွက်လာလျှင် လာ ..မလာလျှင် ခဲနဲ့ပေါက်မယ်သွားအော်တော့ … ရုံးစောင့်ကြီးထွက်လာရှာတယ်…။ ဟိတ်ကလေးမ … ခဲနဲ့တော့မပေါက်ပါနဲ့ကွယ်…. မောင်ကင်းကိုတွေ့ချင်ရင် မနက်ဖြန် ရုံးတတ်တဲ့အထိစောင့်ပါတဲ့…. ။ ဒီနေ့ ရုံးပိတ်ရက်ပါတဲ့… ။ 😛 😛

        Reply

  • manawphyulay

    June 6, 2011 at 9:13 am

    ဒီလိုပါပဲ လူတိုင်းက မွေးလာထဲက တာဝန် ဝတ္တရားဆိုတဲ့လမ်းကြောင်းပေါ် လျှောက်လာခဲ့ကြရတာပါ။ အချိန်ဆိုတာ ဝယ်လိုရရင် ဝယ်ချင်တဲ့အထိ ဖြစ်လာခဲ့သေးတယ်။ ကိုယ်တောင် အဲလိုဖြစ်နေရင် သူများတွေလည်း ကိုယ့်ထက်မဆိုးတောင် တန်းတူနီးပါးတော့ ဒီဘဝကို ပိုင်ဆိုင်ထားကြတယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ဒီတစ်ခါ မဆုံ နောက်တစ်ခါ ဆုံကြတာပေါ့နော်။

    Reply

  • မောင်ကင်း
    မောင်မင်းအခုမှလျှောက်လဲချက်တွေမပေးနဲ့တော့။
    ကိုယ့်အပြစ်ကိုယ်သိတယ်ဆိုရင်
    ………………………………………………………………….

    Reply

    • king

      June 7, 2011 at 12:52 am

      အဟီး
      ရမလားလို့ဗျ
      😛 😀 🙂

      Reply

  • antimoe

    June 6, 2011 at 2:55 pm

    မနေ့က အံတီမိုးကတော့ သတိရနေတယ်။
    စိန်ဂေဟာရှေ့မှာ ရဲကားတစီး၊ မြို့ထဲမှာလည်းတွေ့ခဲ့တယ်။
    အားလုံးအဆင်ပြေရဲ့လား….ဆိုပြီး …စိတ်တော့ပူမိတယ်။
    ၅ယောက်ထက်ပိုမစုရ ဆိုပြီး…စစ်ဆေးနေတယ်ဆိုလားပဲ။
    နောက်စုမယ်၊ ဆုံမယ်ဆိုရင်….တယောက်ယောက်ရဲ့…အလှူမှာ ဆုံတာ ပိုမကောင်းဘူးလား။
    အဲဒီနေ့မှ…..တိုက်ဆိုင်သွားတာ…ရှိနေတာကြောင့်…မလာကြတာများလား။

    Reply

  • unclegyi1974

    June 6, 2011 at 3:10 pm

    ခက်ပါတယ်မောင်ကင်းရယ်
    အပြင်မှာပါးစပ်ပိတ်ထားသမျှ
    ဒီကျမှရေးချင်တာရေးရတော့
    အန်တီမိုးကလည်းရဲကားကြီးနဲ့တဲ့
    လာရဲဖူးကွယ်
    နောက်များမှတွေ့မယ်ကွယ်

    Reply

  • zawinaing

    June 7, 2011 at 5:11 am

    တနင်္ဂနွေ..
    တာဝန် = ကောင်မလေးနဲ့တွေ့ရန် ….
    ဝတ္တရား = ပိုက်ဆံများများထည့်ခဲ့ရန် …..

    🙁

    Reply

  • pooch

    June 7, 2011 at 8:22 am

    ကိုကင်းရေ ရွာထဲမှာလူတွေ ပဲရှိတာ။ ယုံလိုက်ဖမ်းမနေနဲ့ ရှာလို့တွေ့မှာမဟုတ်ဘူး။ 🙂

    Reply

    • king

      June 7, 2011 at 3:26 pm

      ဒါဆိုရင်လည်း ငါးမရ ရေချိုးပြန် ဆိုသလို
      ယုံမရ ရွာသူချောချောယူပြီး ပြန်ရမယ် ….
      ဘယ်သူတွေချောလဲ (ပြောတိုင်းမယုံပါ လက်တွေ့စမ်းသပ်ကြည့်မည် စကိတ်နှင့်)
      😛 😛

      Reply

  • pooch

    June 7, 2011 at 5:28 pm

    သဂျီး ရေ ဟောဒီမှာဗျို့ ကိုကင်းတစ်ယောက် ရွာသူတွေကို နှောင့်ယှက်ဖို့ ဆင်ကြံကြံနေပါတယ်။
    ထိပ်တုံးခတ်ပြီး ပညာပေးပေးပါ။ လက်တွေ့စမ်းသပ်ခန်း ဝင်ဖို့လည်း ကြံနေပါတယ်။ 🙂 :):)

    Reply

    • king

      June 8, 2011 at 5:36 am

      သူကြီးက ခတ်ဘူးတဲ့
      တော်ကြာသူ့အမျိုးတွေကို ကြံမှာစိုးလို့
      မသိချင်ယောင်ဆောင်နေတယ်
      😛

      Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.