ကျွန်တော်ပြောပြချင်သောအကြောင်းအရာများ…..

Wai Yan LayJune 6, 20111min06

ကျွန်တော်ပြောပြချင်တာကတော့ သာကေတအဝိုင်းနားက ၃၅မီနီဘစ် ကားဂိတ်က ကားတွေအကြောင်းပါ… မနက်ရုံးတက်ချိန်ဆို သာကေတလမ်းက အလွန်ကို ကားအသွားအလာ များပြီး ရှုပ်နေတတ်ပါတယ် ဒါတွေကတော့ တခြားကြောင့် မဟုတ်ပါဘူး၊ ၃၅ကားတွေဟာ ဘယ်တော့မှ ကားဂိတ်ထဲကို ဝင်ရပ်တာမတွေ့ပါဘူး ကားလမ်းက ကျဉ်းရတဲ့ အထဲ သူတို့ လမ်းပေါ်တက်ရပ်လို ရပ် ကွေ့ချင်သလို့ ကွေ့ အရမ်းကို လမ်းသွား၊ ခရီးသွားများမှာ ဒုက္ခရောက်ရပါတယ်၊ အရမ်းလည်းအန္တရယ်လည်းများပါတယ်ဗျာ၊ ကားတွေကသူတို့ ရှောင်ရ လမ်းတွေကပိတ်၊ .. ဘာလို့ကားဂိတ်ထဲကို ဝင်မရပ်ရတာလဲတော့မသိပါဘူး…. ဂိတ်မှုးတွေကရော မပြောကြတော့ဘူးလား၊ ဘယ်သူ့မှာတာဝန်ရှိသလဲတော့ ကျွန်တော်လည်းမသိတော့ပါဘူးဗျာ..၊ လူတိုင်းစည်းကမ်းလေး ရှိမယ်ဆို ရင်…………………..

6 comments

  • ဆူး

    June 6, 2011 at 3:28 pm

    သာကေတ လမ်းကိုတော့ မသိဘူး..
    မြို့ထဲ သိမ်တော်ကြီး အရှေ့က လမ်းမှာ ဆိုလည်း ကားကြီးတွေ အဲလို လုပ်လို့ စိတ်ပျက်ရတယ်။

    Reply

  • padonmar

    June 6, 2011 at 4:56 pm

    ဘတ်စကား ဒရိုင်ဘာတွေ တော်တော်များများ ဒီလိုချည်းပါဘဲ။သူတို့ကိုအရင် ပညာပေးသင့်ပါတယ်။

    Reply

  • MaMa

    June 7, 2011 at 12:35 am

    အခုအသစ်ရွှေ့တဲ့ သီရိမင်္ဂလာဈေးရှေ့မှာလည်း ကုန်တင်ကားတွေ၊ ဘတ်စကားတွေက လမ်းပေါ်ပိတ်ရပ်ပြီး လူစောင့်၊ ကုန်တင်ကြလို့ ယာဉ်ထိန်းရဲ ရှိတဲ့အချိန်ဆိုရင် လမ်းမပိတ်ပေမယ့်၊ မရှိရင်တော့ အဲဒီလမ်းပေါ်က မသွားပဲ အေးရိပ်မွန်ထဲက ဖြတ်သွားရတယ်။ ယာဉ်ထိန်းရဲကလည်း တစ်ပတ်ကို ၆ ရက်လောက်ပဲ မရှိတာပါ။

    Reply

  • eros

    June 7, 2011 at 1:59 am

    ဆိုတော့ကာ ဘာကို ဖော်ပြလဲဆိုတော့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ရာ အစစ အရာရာ အစိုးရချည်းပဲ လက်ညှိုးထိုး အပြစ်ပုံချလို့ မရဘူးဆိုတာ ဖော်ပြနေတယ်။ ပြည်သူတွေကလည်း စည်းကမ်းရှိမှ တိုးတက်နိုင်ပါလိမ့်မယ်။ တခါတလေ သူကြီးပြောတဲ့ စကားဟုတ်သလိုလို ရှိသားဆိုပြီး သတိရမိတယ်။

    Reply

  • etone

    June 7, 2011 at 4:55 am

    စည်းကမ်းကလည်း ရှိပါ့မလား … ။ စည်းကမ်းထိန်းသိမ်းရေး အမည်ခံပြီး ယူနီဖောင်းဝတ်ထားတာရယ်… ၊ စပယ်ယာပေးတဲ့ 200 တန်အပြဲစုတ်ပါမကျန် လူမြင်သလိုတမျိုး ၊ လူမမြင်သလိုတမျိုးယူရတာရယ်… ၊ တခါ တလေများ ကားသမားက ဒုန်းစိုင်းမောင်းလို့ စပယ်ယာက လက်ထဲသွားမထည့်နို်င်တဲ့ အခါမျိုးမှာ မျောက်ငှက်ပျောသီးပစ်ကျွေးသပစ်ပေးလို့ …ပြေးကောက်ရတာရယ်တွေ ရှိနေသရွှေ့တော့ ကားမောင်းတဲ့လူတွေ၊ လိုင်းကားတွေ ၊ လမ်းပေါ်တက်ပြီး လမ်းလျှောက်တဲ့လူတွေ ၊ ကုန်တင်ကားတွေ၊ကားကြပ်တဲ့ ကိစ္စတွေ အမြန်မောင်းတာတွေ …… ပြောရလျှင် လမ်းပေါ်မှာ လှုပ်ရှားနေတာတွေ အားလုံး … ဘယ်တော့မှ အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး … ။

    Reply

  • etone

    June 7, 2011 at 4:56 am

    စည်းကမ်းကလည်း ရှိပါ့မလား … ။ စည်းကမ်းထိန်းသိမ်းရေး အမည်ခံပြီး ယူနီဖောင်းဝတ်ထားတာရယ်… ၊ စပယ်ယာပေးတဲ့ 200 တန်အပြဲစုတ်ပါမကျန် လူမြင်သလိုတမျိုး ၊ လူမမြင်သလိုတမျိုးယူရတာရယ်… ၊ တခါ တလေများ ကားသမားက ဒုန်းစိုင်းမောင်းလို့ စပယ်ယာက လက်ထဲသွားမထည့်နို်င်တဲ့ အခါမျိုးမှာ မျောက်ငှက်ပျောသီးပစ်ကျွေးသလိုပစ်ပေးလို့ …ပြေးကောက်ရတာရယ်တွေ ရှိနေသရွှေ့တော့ ကားမောင်းတဲ့လူတွေ၊ လိုင်းကားတွေ ၊ လမ်းပေါ်တက်ပြီး လမ်းလျှောက်တဲ့လူတွေ ၊ ကုန်တင်ကားတွေ၊ကားကြပ်တဲ့ ကိစ္စတွေ အမြန်မောင်းတာတွေ …… ပြောရလျှင် လမ်းပေါ်မှာ လှုပ်ရှားနေတာတွေ အားလုံး … ဘယ်တော့မှ အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး … ။

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.