အော်သံများ

zoxnetMay 2, 20101min04
images

အမှောင်ခွင်း၍ အလင်းရောက်ခြင်းအား လူတိုင်းလိုလို နှစ်သက်ကြပါ၏။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သားများ ဖြစ်ပါသည်။ မိုးရာသီမှ လွဲ၍ မှောင်လိုက်၊ လင်းလိုက် ဘဝကိုသာ ကြုံတွေ့လာခဲ့ရသော ကျွန်တော်တို့ အဖို့ အလင်းကိုသာ အာသာငမ်းငမ်း ပုံမှန်ရယူ လိုချင်ကြပါသည်။ သို့ပေမင့် ကျွန်တော်တို့သည် ထိုအလင်းကို အလှည့်ကျ ဖြင့်သာ ညအချိန်တွင် ရရှိနေကြရပါသည်။ မိမိတို့ အလှည့်ကျမှသာ ရေတင်ရပါသည်။ မီးပူတိုက် ရပါသည်။ ရုပ်ရှင် ဇာတ်လမ်း ကြည့်ရပါသည်။ ထိုအလှည့်ကျမှသာ ထမင်းပွဲ ပြင်ရပါသည်။ အိပ်ရေးဝဝ အိပ်ရပါသည်။ ပြန်လည် အောက်မေ့ သတိရစေချင်ပါ၏။ ရုတ်တရက် အော်လိုက်သော ကလေးများ၏ အသံဖြစ်ပါသည်။ မီးပျက်ရာမှ ရုတ်တရက် မီးပြန်လာချိန် ဝမ်းသာအားရ အော်ကြသော ကလေးများ၏ အသံဖြစ်ပါသည်။ ဖယောင်းတိုင် ရောင်းသူ၊ အင်ဗာတာနှင့် မီးစက် ရောင်းသူများ ဝမ်းသာသည် ဝမ်းမသာသည် မသိသော်လည်း ကလေးများအော်သော ထိုအသံသည် ဝမ်းသာခြင်း 100 percent ပါရှိပါသည်။ ကျွန်တော်တို့ ရပ်ကွက်တွင် လမ်းမီးတိုင်များ ရှိပါ၏။ ယခင်က အိမ်မီးများ မလာသည့် အချိန်တွင် လမ်းမီးများ လာသည်ဖြစ်ရာ ထိုအလင်းရောင်ကို အားကိုး၍ ရပ်ကွက်တွင်းရှိ ကလေးများ လမ်းပေါ်ထွက် ကစားကြပါသည်။ ရပ်ကွက်တွင်း ကတ္တရာလမ်း များသည် ကစားကွင်းသဖွယ် ကလေးများဖြင့် စည်ကားနေလေ့ရှိပါသည်။ သို့သော် တခါတရံ အမှောင်ထုသည် အိမ်မီးသာမက လမ်းမီးကိုပါ အောင်နိုင်လေ့ရှိလေ၏။ ထိုအချိန်များတွင် ကလေးများ၏ မျှော်လင့်ချက်သည် လူကြီးများနှင့် ဆန့်ကျင်ကာ လမ်းမီးရောင်ကို တမ်းတကြလေသည်။ သို့ဖြစ်ရာ ကျွန်တော်တို့၏ ရပ်ကွက်များတွင် လူကြီးအော်သံနှင့် ကလေးအော်သံ များဟူ၍ အော်သံနှစ်မျိုးသည် အလင်းနှင့်အတူ ကွဲပြားစွာ ညအချိန်များတွင် ပေါ်ထွက်လာကြလေသည်။

4 comments

  • susunosuki

    May 2, 2010 at 2:47 pm

    အင်း
    မြိတ်မြို့မှာ လျှပ်စစ်မီးကိုပုဂ္ဂလိက ကပေးနေတယ် ဆိုလို့ဝမ်းသာလိုက်တာဗျာ
    မီးမပျက်ဘူးဆိုပဲ
    ရန်ကုန်ကို ဒီလိုပေးမယ့်နေကိုမျှော်နေမိတယ်။

    Reply

  • kopauk mandalay

    May 2, 2010 at 3:50 pm

    လက်ထဲမှာရှိတာကို အကောင်းဆုံးလို.လက်ခံလိုက်ရင်ပိုစိတ်ချမ်းသာမယ်ထင်ပါတယ်။
    မီးမလာတော.ဘာဖြစ်လဲ မီတာခသက်သာတယ်လို.မှတ်လိုက်ပေါ.။
    မီးအမြဲလာတော.ဘာဖြစ်လဲ ဖယောင်းတိုင်ဘိုးသက်သာတာပေါ.။
    အမြဲတမ်းသာ မီးလာနေရင် မှောင်တယ်ဆိုတဲ. ရသကို မခံစားရဘဲနေမှာပေါ.။
    တော်ကြာအော်ချင်ရက်နဲ.မအော်ရဘဲနေမယ်နော်။

    Reply

  • laypyay

    May 2, 2010 at 5:11 pm

    အော်ကွယ်. မီးမလာတော့ မီးစက်တွေရောင်းကောင်းတာပေါ့..၊ ပြီတော့ ဆီဆိုင်တွေ ထောနေကြတာပေါ့ .. ဆီဆိုင်ဆိုလို့ ..ဟိုတနေ့ က SSC အထူးကုဆေးခန်းရှေ့မှာ ဆီဆိုင်မီးလောင်တယ် .. မီးမှန် မမှန်တော့ သိဘူး. ဓါတ်တိုင်က ကြိုး ရှော့ ရိုက်ပြီးကြလာတဲ့ မီးဖွားစကနေ ထမီးလောင်တယ် ၊ ကဲ တတ်လဲ တတ်နိုင်ကြပါတယ် ဗျာ..။

    Reply

  • yannaingech

    May 4, 2010 at 4:20 am

    မြန်မာနိုင်ငံမှာ မတွေ့နိုင်တာ (၃) ခုရှိပါတယ်။
    ၁။ ချိုင့်မရှိတဲ့လမ်း
    ၂။ လူလိမ်မရှိတဲ့ ဘူတာ
    ၃။ မီးမပျက်တဲ့ နေ့

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.