မန ္တလေးဂေဇက်အဖွဲ ့ဝင်များ တွေ ့ဆုံရန် နီးကပ်နေပြီ ဖြစ်ပါသောကြောင့် မမေ့လျော့စေရန် အရေးပေါ်သတိပေးကြေညာချက်

moonpoemJune 1, 20111min026

တွေ ့ဆုံပွဲ ရက်နီး နေပြီဖြစ်သည့်အတွက်ကြောင့် မမေ့လျော့စေရန် အောက်ပါအတိုင်းထပ်မံ
အသိပေးလိုက်ပါသည်။

အချိန် …11နာရီ
နေရာ …တော်ဝင်စင်တာပထမထပ်ရှိ Morning Starလက်ဘက်ရည်ဆိုင်
ဝတ်ဆင်ရမည့် အဝတ်အစား ….အဖြူရောင်အကျင်္ီ
ကိုင်ဆောင်လာရမည့်အမှတ်အသား …..A4စာရွက်
MG မှဟုသိသာစေရန်အတွက် ထိုင်နေသော စားပွဲခုံပေါ်တွင် A4စာရွက်လိပ်တင်ထားပါမည်

26 comments

  • king

    June 1, 2011 at 8:15 am

    ဆက်သွယ်လို့ရမယ့်
    အီးမေးလ် လိပ်စာ
    ဖုန်းနံပါတ်
    တစ်ခုခု သိခွင့်ရှိမလား
    09 7314 6782
    ecpgdma11@gmail.com

    Reply

  • fatty

    June 1, 2011 at 8:20 am

    တကယ်ကြီးတွေ့ကြတော့မှာလား ……………………..။ king ဆီကို ဖုံးဆက်မယ် အခု။

    Reply

    • etone

      June 1, 2011 at 9:09 am

      ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ပါဘူး ….
      မောင်ကင်းကိုပြောတာမဟုတ်ဘူး …. ဒယ်ဒီဖက်ကိုပြောတာ ။

      Reply

      • king

        June 1, 2011 at 9:26 am

        ဟုတ်တယ်
        ကျွန်တော်ပြန်ဆက်တာလည်း မကိုင်ဘူး
        လူကြီးမင်းခေါ်ဆိုသော်ဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း …….

        Reply

  • moonpoem

    June 1, 2011 at 8:36 am

    kingကျွန်မဆီ အီးမေးပို ့ထားတာ တွေ ့လို ့ပြန်ပို့လိုက်ပါတယ်ရှင့်။ မေးလ်စစ်လို်က်ပါဦး။
    ု့

    Reply

  • etone

    June 1, 2011 at 9:00 am

    နိုင်ငံရေးမရေးတဲ့လူတွေနဲ့ …. လူသစ်တွေသွားလျှင်တော့ အဆင်ပြေပါလိမ့်မယ်….။

    Reply

  • fatty

    June 1, 2011 at 9:01 am

    ကျနော်ဖုံးဆက်တော့အလုပ်များနေလို့တဲ့ …. ဒါမှတရားမရ ဘယ်သွားရှာရပါ့ ….။

    Reply

  • manawphyulay

    June 1, 2011 at 9:38 am

    တကယ် အဟုတ် တွေ့ကြမယ်ဟုတ်… ဟုတ်လား….

    Reply

  • PaukPhaw

    June 1, 2011 at 9:39 am

    တွေ ့ချင်၊သိချင်၊ခင်မင်ချင်၊ဆွေးနွေးချင်၊မိတ်ဆက်ချင်…တယ်ဆိုရင်
    တွေ ့ကြပါဗျာ

    လာတော့ မဖမ်းလောက်ပါဘူး..ဘာလို ့လဲဆိုတော့
    MG က mmwikileaks မှ မဟုတ်တာပဲဟာကို 😀
    ဲပြီးတော့ Nick နဲ ့ ရုပ်နဲ ့လဲ ကိုယ့်အချင်းချင်းတောင် ခွဲခြား သိတာမှ မဟုတ်တာ

    တခြား ဖိုရမ်တွေ၊ဝဘ်ဆိုဒ်တွေက နှစ်ပတ်လည်၊တွေ ့ဆုံပွဲ၊မိတ်ဆက်ပွဲ စသဖြင့် လုပ်နေကြတာပဲဟာ..
    ကျွတ်ကျဲနေစရာမလိုပါဘူး..
    MG က member တွေက အကုန်လူကြီးသားတွေပဲဟာကို..ဘုမှ ဂရုစိုက်မနေနဲ ့
    လွတ်လွတ်လပ်လပ် တွေ ့ကြ၊ဆုံကြ၊တိုင်ပင်ဆွေးနွေးကြပါ.။

    ကျနော်တော့ မလာတော့ပါဘူး…မိန်းမ မလွှတ်လို ့ပါ
    ဒါပေမဲ့….
    တစ်ခုခုထူးခြားရင် “ဖွ” ဖို ့အတွက် နိုးကြား တက်ကြွစွာ ရှိနေမှာပါ

    Reply

  • pannu

    June 1, 2011 at 2:03 pm

    အနော် လူသစ်လဲ လာရဲဘူး..။

    Reply

  • bigcat

    June 2, 2011 at 1:55 am

    အမှန်မှာတော့ moonpoem က တွေ့ဆုံပွဲဖြစ်မြောက်ရေး စတင်အကြံပြုသူ ရှုံးလူနဲ့ဆက်သွယ် ညှိနှိုင်းသင့်ပါတယ်။ အခုတော့ နှစ်ခုကွဲသလိုဖြစ်နေတာပေါ့။ ကုန်ပစ္စည်း၊ စာမူ မဟုတ်လို့ စပြောသူ မူပိုင်လို့ သတ်မှတ်လို့မရပေမဲ့ မမြင်ရတဲ့ လိုက်နာကောင်းတဲ့ အကျင့်တခုဖြစ်လို့ပါ။ အားလုံးပျော်ရွှင်နိုင်ကြပါစေ။

    Reply

  • manawphyulay

    June 2, 2011 at 3:46 am

    ဟုတ်ပါတယ် ဦးကြောင်ကြီးရယ်… တွေ့ဆုံချင်တဲ့သူတွေ အဓိက ပူးပေါင်းပြီး တိတိကျကျလုပ်သင့်တာပေါ့။ ခုဟာက မတွေ့ရင် ဈေးဝယ်ပြန်ရမလိုပုံစံတွေဖြစ်နေတယ်။ နောက်ပြီး ဦးဆောင်မယ့်သူမရှိသလိုဖြစ်နေတော့ ဘယ်သူက တွေ့ချင်ပေမယ့် လာချင်ပါ့မလဲ။ တွေ့ချင်စိတ်ရှိတဲ့သူတွေ သေသေချာချာ ညှိနှိုင်းသင့်ပါတယ်ရှင်။

    Reply

  • fatty

    June 2, 2011 at 4:38 am

    အကြံလေးပြုတာပါ …………………..
    လူဟောင်းတဦးဦးကို ဦးဆောင်ခိုင်း ..။ လူဟောင်းတွေက တချို့အပြင်မှာ တွေ့ဘူးတာလဲရှိတယ်
    မတွေ့ဘူးတောင် .. တယောက်ရဲ့နောက်ကြောင်းတယောက် အတော်လေးသိထားကြတယ် …..။
    ပြိးတော့ kai ကို အကူအညီတောင်းပြီး ဖိတ်စာပို့ … kai လဲ ဘယ်သူ ဘယ်လိုဆိုတာ အတော်သိတာပေါ့။
    အကြံပြူတာပါနော …..

    Reply

  • manawphyulay

    June 2, 2011 at 5:21 am

    လေးဖက်ရေ… မုန့်ဝယ်ကျွေးရင် စားမယ်နော်။ အကျန်ပေးတာတော့ မစားချင်ဘူးရှင့် 😛

    Reply

  • နိုင်နိုင်

    June 2, 2011 at 5:53 am

    ကဲကဲ အားလုံးနားထောင် ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား ငါလဲပြောတက်ဘူး….:D
    တွေ့ဆုံပွဲလေးလုပ်တာကောင်းပါတယ်ဗျာ ကျွန်တော်တို့တွေဟာ အမြဲလိုလို နက်ပေါ်မှာပဲ ရင်းနှီးပြောဆိုနေကြတယ် ခုလို လက်တွေ့တွေ့ဆုံတော့ ပိုလို့ရင်းနှီးခွင်ရတာပေါ့ ကျွန်တော်က အလှမ်းဝေးလွန်းလို့ပါ ..သဂျီး က တွေ့ဆုံပွဲလုပ်ပြီး မဖမ်းချူပ်ပါဘူး ဟီး… ဟုတ်တယ်မလား ပျော်ရွှင်စွာ တွေ့ဆုံပွဲလေး ပြီးဆုံးပါစေ။

    Reply

  • cobra

    June 2, 2011 at 6:16 am

    ဘယ်သူမှမလာလည်းကျွန်တော်လာခဲ့ပါ့မယ်
    တစ်ယောက်လောက်လာရင်တောင်ကျေနပ်ပါတယ်စကားပြောဖော်ရတာပေါ့
    မမကြီးတော်တော်များများကတော့လာဖို့ကိုကြောက်နေကြပါတယ်
    နိုင်ငံရေးနဲ့မလွတ်ကင်းတဲ ့ပို့စ်တွေတင်မိလို့ပါ..ကွန်မန် ့တွေပေးမိလို့ပါတဲ ့
    ကျွန်တော်ပြောချင်ပါတယ် ဒီလိုပို့စ်တွေဆိုတာကကျွန်တော်တို့ MG ကမှာတင် တင်တာမဟုတ်ပါဘူး။
    တခြားဆိုဒ်တွေလည်းရေးကြတင်ကြတာပါပဲ…
    သူတို့လည်းဒီလိုပဲတွေ ့ဆုံပွဲတွေလုပ်ကြတာပါပဲ…
    တခါမှတော့အဖမ်းခံရတာမကြားဖူးပါဘူး။
    ပီးတော့ကျွန်တော်တို့ကဆန္ဒပြဖို့လူစုတာလည်းမဟုတ်ပါဘူး….
    အားလုံးရင်းနှီးအောင်လို့ပါ။
    မြိုလယ်ခေါင်ကြီးမှာလည်းအားလုံးကိုဖမ်းလို့မရပါဘူး…။
    ဘာပဲဖြစ်ဖြစ်ရန်ကုန်မှာရှိတဲ့သူတွေအားလုံးကိုလာခဲ့စေချင်ပါတယ်…။

    Reply

  • moonpoem

    June 2, 2011 at 6:21 am

    ကိုရှူံးလူ က တွေ ့ဆုံပွဲ ဖြစ်မြောက်ချင်ပါတယ်လို ့ရေးထားပေမယ့် ဘယ်သူကမှ တိတိကျကျ မပြောကြပါဘူး။
    အဲဒီ အတွက် ကျွန်မက အခုလို ပိုစ့်တင်ပြီး ပြောလိုက်တာပါ ။ တွေ ့ဆုံပွဲ ဖြစ်မြောက်စေချင်လို ့ပါ။
    ကျွန်မလွန်တယ် ထင်ရင်လည်း တောင်းပန်ပါရစေ
    ကိုရှုံးလူရေ။ တခြား အဖွဲ ့ဝင်တွေ လာတာမလာတာတော့ မပြောတတ်ပါဘူး။ ကျွန်မကတော့ ပြောထားပြီးသား
    ကျွန်မကတိအတိုင်း တနင်္ဂနွေ နေ ့လည် ၁၁နာရီ ဆိုင်ထဲမှာ ရှိနေမှာပါ။ ၁၂နာရီထိုးတဲ့အချိန်ထိ စောင့်နေမှာပါ။

    Reply

  • cobra

    June 2, 2011 at 6:26 am

    ဘယ်သူမှမလာလည်းကျွန်တော်လာခဲ့ပါ့မယ်
    တစ်ယောက်လောက်လာရင်တောင်ကျေနပ်ပါတယ်စကားပြောဖော်ရတာပေါ့
    မမကြီးတော်တော်များများကတော့လာဖို့ကိုကြောက်နေကြပါတယ်
    နိုင်ငံရေးနဲ့မလွတ်ကင်းတဲ ့ပို့စ်တွေတင်မိလို့ပါ..ကွန်မန် ့တွေပေးမိလို့ပါတဲ ့
    ကျွန်တော်ပြောချင်ပါတယ် ဒီလိုပို့စ်တွေဆိုတာကကျွန်တော်တို့ MG ကမှာတင် တင်တာမဟုတ်ပါဘူး။
    တခြားဆိုဒ်တွေလည်းရေးကြတင်ကြတာပါပဲ…
    သူတို့လည်းဒီလိုပဲတွေ ့ဆုံပွဲတွေလုပ်ကြတာပါပဲ…
    တခါမှတော့အဖမ်းခံရတာမကြားဖူးပါဘူး။
    ပီးတော့ကျွန်တော်တို့ကဆန္ဒပြဖို့လူစုတာလည်းမဟုတ်ပါဘူး….
    အားလုံးရင်းနှီးအောင်လို့ပါ။
    မြိုလယ်ခေါင်ကြီးမှာလည်းအားလုံးကိုဖမ်းလို့မရပါဘူး…။
    ဘာပဲဖြစ်ဖြစ်ရန်ကုန်မှာရှိတဲ့သူတွေအားလုံးကိုလာခဲ့စေချင်ပါတယ်…။

    Reply

  • nature

    June 2, 2011 at 4:51 pm

    ဖြစ်နိုင်တယ်၊ MG က တခါမှ အဘမ်းမခံရသေးဘူး။

    Reply

  • Ko Ko Aung

    June 2, 2011 at 5:21 pm

    တချို့က တကယ်တွေ့ကြတော့မယ့်ပုံပါပဲ။

    ကိုယ့်ကိုယ်ကို ရှင်းတဲ့သူတွေ တွေ့ကြသင့်ပါတယ်။ ပျော်စရာလဲကောင်း အကျိုးလဲရှိမှာပါ။
    ဟိုလူတွေကိုတော့ သိပ်သတိထားမနေပါနဲ့။
    ဒီရွာထဲမှာကို ရှိပြီးသား ဖြစ်လောက်ပါတယ်။
    MG ဟာ အတော်ဂရုပြုမိတဲ့ဆိုက်တခုပါ။
    ကျွန်တော်ကြားထားတာ တခုပြောရရင် “—” ထဲပါတဲ့ တယောက်ဆိုရင် အရင်က MG ရဲ့ပုံမှန်ပရိတ်သတ်ပါ။ member တောင်ဝင်ထားဘူးတယ် လို့ဆိုပါတယ်။
    စောင့်ကြည့်တာမဟုတ်ပဲ – ရိုးရိုးသားသား ကြိုက်လို့ပါတဲ့။
    အရင်က ဘာမှလုပ်မထား- နောင်လဲ ဘာမှလုပ်ဘို့ ရည်ရွယ်မထားရင် စိတ်ပူစရာမရှိပါ။

    Reply

  • kai

    June 2, 2011 at 7:18 pm

    ရွာသူကြီးအနေနဲ့ပြောရရင်တော့….
    ရွာသားတွေဘယ်သူ..ဘယ်ဝါ..ဘယ်မှာနေတယ်.. (သိလည်း).. ဘယ်သူ့ကိုမှ ရှယ်မှာမဟုတ်ပါ..။
    ဒါကြောင့်..တခါတည်းပြောထားချင်တာက…
    တချို ့..ရွာသားဘယ်သူရဲ့ အီးမေးလ်လေး..ပေးပါ..ဘယ်မှာနေလည်းအိုင်ပီလိပ်စာပြောပါလုပ်လာလည်း.. ကျုပ်အနေနဲ့.. (ကာယကံရှင်ခွင့်ပြုချက်မရပဲ) ပြန်စာပေးမှာ မဟုတ်ကြောင်းပါခင်ဗျား.။
    =============
    ဒါပေမဲ့..
    ပထမအကြိမ်မို ့… ဒီတွေ့ပွဲလေးတော့ ဖြစ်သွားစေချင်ပါတယ်..။
    ဖြစ်နိုင်ရင်..အမျိုးသမီးဖက်ကတယောက်…အမျိုးသားဖက်က တယောက်က..ခေါင်းဆောင်လုပ်ပြီး.. လာမဲ့သူတွေကို.. ကြိုတင်အချိပ်အဆက်ယူသင့်ပါတယ်..။
    ပြီးမှ… ပါ့ဗလစ်လုပ်ထားတဲ့.. နေရာမဟုတ်ပဲ..ပြင်ချိန်း.( နေရာပြောင်း ) စားကြသောက်ကြ လုပ်ရင်ကောင်းမယ်ထင်တာပါပဲ..။
    နေရာကို ပါ့ဗလစ်လုပ်ထားတော့… မတော်..တယောက်ယောက်က.. မသိမသာနဲ့ လာချောင်းပြီ..ဂျာနယ်ထဲ ဓါတ်ပုံထည့်နေရင်မခက်လား..။ ပရိုက်ဗေစီဘယ်ရှိတော့မလဲ..။

    နောက်များမှာ.. မြန်မာ-ယူအက်စ်ဆက်ဆံရေးကောင်းလာမယ်ထင်ရတာပါပဲ..။
    အဲဒီတော့.. ယူအက်စ်နဲ့ တခြားနိုင်ငံတွေမှာနေတဲ့ မြန်မာတွေအမိမြေအပြန် ..နယ်ခံတွေနဲ့..မိတ်ဆွေဖြစ်တွေ့ကြဆုံကြနိုင်ဖို့လည်း မျှော်လင့်မိတာပါပဲ..။

    ဥပမာ.. ကိုရင်ကြောင်ကြိးပြန်လာရင်..ကြောင်သားဟင်းဝိုင်းဖွဲ ့ချက်စားကြ..။ ကိုရင်အောင်ပုပြန်လာရင်… ထန်းရည်တူတူသောက်ကြ ဆိုတာမျိူးပေါ့..။ 🙂

    Reply

  • MaMa

    June 3, 2011 at 12:38 am

    ကိုရင်ကြောင်ကြိးပြန်လာရင်..ကြောင်သားဟင်းဝိုင်းဖွဲ ့ချက်စားကြ ဆိုတော့ကာ ခုကတည်းက သဂျီးလို သေနတ်ကိုင်ပြီး စောင့်ရမလား။ ဒါမှမဟုတ် ဓားမြေ ှာင်ပဲဖွက်ပြီး ဆောင်သွားရမလား။ ဒီမှာရှိတဲ့လူတွေ စုပြီး လေ့ကျင့်ထားမှ ထင်တယ်။

    Reply

  • manawphyulay

    June 3, 2011 at 7:13 am

    မန်ဘာတွေ့ဆုံပွဲဆိုတာက ဘယ်မှာတွေ့တွေ့ တွေ့နေကြတာပါပဲ။ မနောတို့ ဒီပြင်ဖိုရမ်တွေဆို စုပြီး နာရေးကူညီမှုမှာလှူတာတွေ၊ အဖွဲ့နှစ်ပတ်လည်လုပ်တာတွေလည်း လုပ်ကြပါတယ်။ ပျော်ဖို့လည်း အရမ်းကောင်းပါတယ်။ အဲဒီနောက် ပရဟိတတွေစုပေါင်းလုပ်ဖြစ်လာကြတာဖြစ်ပါတယ်။ တစုတဝေးတွေ့ကြတော့လည်း ကောင်းတာပေါ့ရှင်…..

    Reply

  • မမလေး

    June 4, 2011 at 4:40 am

    ဦးဖက်တီး … ဖုန်းဆက်တာလား .. ဖုံးပြီး ဆက်တာလားဟင် 😛
    တို့လည်းလိုက်မယ်ခေါ်နော် ..

    Reply

Leave a Reply

Your email address will not be published.