အောင်မြင်မှု ပန်းတိုင်ဆီသို့

manawphyulayMay 31, 20111min04

နှစ်များစွာ ကြာ ရှည်ဖြတ်သန်း
သည်နေရာ သည်ဝန်းကျင်
အခြေတည် အစပြုခဲ့ ကြိုးစားလုပ်ဆောင်နေရင်း
အောင်မြင်မှုရရှိခဲ့ချိန်မှာ
ငါဟာ
ကျောခိုင်းထွက်ခွာခဲ့ရ
အားလုံးကို နှုတ်ဆက်ဖို့ရာ
စကားလုံးတစ်လုံးတောင်မှ
ရှာမရခဲ့ပါဘူး။
ငါ့ရင်မှာ ဖြစ်တည်ခဲ့
ကြေကွဲမှု သံယောဇဉ်
တစ်စတစ်စ ကြီးထွားလာခဲ့
တိုးတက်မှုလမ်းမပေါ်လျှောက်ရင်း
အစက ပြန်စခဲ့ရ
အားလုံးကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင်း
ငါ့လျှောက်မယ့်လမ်းကို မှန်းဆ
အတိတ်က အရိပ်ကို လွမ်းဆွတ်ရင်း
အောင်မြင်မှုပန်းတိုင်ကို
ရှေ့ဆက်လှမ်းတော့မယ်….
ရေးသားသူ – မနောဖြူလေး

4 comments

  • etone

    June 1, 2011 at 3:36 am

    ” အောင်မြင်ချင်ရင် ကြိုးစားမှူတော့ လိုတာပေ့ါ ” ဆိုတာ သိပ်ဟုတ်တာပေါ့ … ။ ဒါပေမဲ့ … ပါးစပ်က အပြောမဟုတ်ပဲ လက်တွေ့ ကြိုးစားဖို့လိုတာပါ … ။ အတိတ်ကိုပြန်တွေး ကြေကွဲနေလည်း အပိုပါပဲ ။
    အနာဂတ်ကို မျှော်လင့်ရင်း စိတ်ကူးယဉ်နေလည်း မိုက်မဲရာကျမှာပါပဲ … ။ လက်ရှိ အချိန်လေးကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားသင့်ပါတယ်…။

    [member-invites-form]

    Reply

    • etone

      June 1, 2011 at 4:23 am

      ဗျို့သဂျီး မန်ဘာ အင်ဗိုက်ဖောင်မ် က အလုပ်လည်း မလုပ်ဘူး ဗျို့ …
      တစ်ခါမှ စမ်းလို့ မရသေးဘူး … ။

      Reply

  • windtalker

    June 1, 2011 at 4:07 am

    “အောင်မြင်မှုရရှိခဲ့ချိန်မှာ
    ငါဟာ
    ကျောခိုင်းထွက်ခွာခဲ့ရ ” ဆိုတာ လေး ကို ရှင်းပြ ပါလား ဗျို ့နားမလည် လို ့ပါ ။

    Reply

  • manawphyulay

    June 1, 2011 at 9:23 am

    windtalker>>> ရှင်းနေတာပဲဟာကို ရှင်းပြရဦးမလား။ ဘယ်နေရာရောက်ရောက် ကိုယ်လုပ်တဲ့အလုပ် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့က အရေးကြီးဆုံးပဲလေ… ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခု အောင်မြင်တယ်ပေါ့။ နောက် အဲဒီအလုပ်က ထွက်ခဲ့တယ်။ ဒါကို ဆိုလိုထားတာပါ။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.