ဆေးလိပ်ဘူးပေါ်တွင် ကြောက်မက်ဖွယ်ပုံများ ကပ်ထားခြင်းသည် ဆေးလိပ်ပြတ်စေရေး အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိ

AddThis Social Bookmark Button

w63502

ဆေးလိပ်၏ အန္တရာယ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ဆေးလိပ်ဘူးပေါ်တွင် ကပ်ထားခြင်းသည် ဆေးလိပ်သောက်သူများ ဆေးလိပ်ပြတ်စေရေး အထောက်အကူပြုပြီး ဆေးလိပ်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါဆိုးများနှင့် ပတ်သက်သော ကြောက်မက်ဖွယ်ပုံများ ကပ်ထားခြင်းသည် အထိရောက်ဆုံး ဖြစ်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် လေ့လာမှုက ဖော်ပြသည်။

လေ့လာမှု ပြုလုပ်ခဲ့သော နိုင်ငံ ၁၄ နိုင်ငံတွင် ၆ နိုင်ငံမှ ဆေးလိပ်သောက်သူ ထက်ဝက်ကျော်သည် ယင်းသတိပေးချက်များ၊ ရုပ်ပုံများကို မြင်တွေ့ပြီးနောက် ဆေးလိပ်ဖြတ်ရန် စဉ်းစားမိစေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ခုနစ်နိုင်ငံတွင်မူ လေးဦးလျှင် တစ်ဦးနှုန်းက ယင်းသတိပေးချက်များကို မြင်တွေ့ပြီးနောက် ဆေးလိပ်သောက်သည့် အကျင့်ကို စွန့်လွှတ်ရန် စဉ်းစားခဲ့ကြသည်ဟု ဖြေဆိုခဲ့ကြသည်။ လေ့လာသည့် ၁၄ နိုင်ငံအနက်
ပိုလန်တစ်နိုင်ငံတွင်သာ တုံ့ပြန်မှု နည်းပါးခဲ့သည်။

လေ့လာမှုကို ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှား၊ တူရကီ၊ ထိုင်း၊ ယူကရိန်း၊ ဥရုဂွေး၊ ဗီယက်နမ် တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ပုံနှင့်ဂရပ်ဖစ်များဖြင့် ဖော်ကျူးထားသည့် သတိပေးချက်များသည် စာဖြင့်သတိပေးချက်ကဲ့သို့ သောက်သုံးသူက မဖတ်တတ်၍သော်လည်းကောင်း၊ မဖတ်ဖြစ်၍သော်လည်း သတိမပြုမိသည်မျိုး မရှိတော့သည့် အပြင် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကိုပါ သက်ရောက်မှု ရှိခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ဘူးခွံပါ သတိပေးချက် တစ်ခုတည်းဖြင့် ဆေးလိပ်သောက်သုံးမှု လျော့ကျစေသည်ဟု မပြောနိုင်ကြောင်းကိုမူ လေ့လာမှု ပြုလုပ်ခဲ့သည့် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သုံးသပ်သည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

3 comments

  • khinmintatthu

    May 30, 2011 at 4:45 am

    ကုမ္ပဏီတွေ မွဲကုန်မှာပေါ့

    Reply

  • parlayar46

    May 30, 2011 at 12:01 pm

    ကျုပ်ကတော့ အဲဒီပုံတွေမကြည့်မိအောင် မျက်စေ့နဲ့မကြည့်ပဲ လက်နဲ့စမ်းနှိုက်ပြီးသောက်တယ်။

    Reply

  • မမလေး

    June 4, 2011 at 5:21 am

    ဟယ် … ကောင်းသားပဲ … ပိုးဖလံမျိုးမီးကိုတိုး …. မကောင်းပါဘူးဆို ဖျက်လိုက်ပါလား … ကိုပလာရာရေ … မကောင်းဘူးနော် …

    Reply

Leave a Reply

Your email address will not be published.