တောင်ကြီးကောလိပ် နှစ် ၅ဝ ပြည့် စာမူများပေးပို့ကြပါရန် …..

fattyMay 28, 20111min02

ကျနော် ၁ဝ တန်းအောင်ပြီး မြစ်ကြီးနားကောလိပ်တွင် ၁လ တာ ကမန်းကတန်းတက်ပြီး
တောင်ကြီးကောလိပ်သို့ပြောင်းရ၏။ တောင်ကြီးကောလိပ်တွင်တနှစ်တာ တက်ခဲ့ရပါသည်။
ဒီကနေ့မနက်သူငယ်ချင်းကဖုံးဆက်သည် …. JUNE 16 ဆိုရင် တောင်ကြီးကောလိပ်ရဲ့နှစ်
၅ဝ ပြည့် အထိမ်းအမှတ် လုပ်မယ် ..။ မင်းစာမူတစောင်ပါပေးရမယ် ..။ ငါက ကဗျာ တပုဒ်
ပေးပြီးပြီ ..။ အဲဒီသူငယ်ချင်းက ကောလိပ်မှာကထဲက ကဗျာ အတိုလေးများ တတွတ်တွတ်
ရွတ်နေသူဖြစ်သည်။ ကျနော်တောင်ကြီးကောလိပ်တက်တော့ စာသင်နှစ်က ၁၉၇၆ ပေါ့။
တကယ်တန်းတော့ဧည့်သည်အဖြစ်သာ တနှစ်တက်လိုက်တာဖြစ်ပါသည်။ တောင်ကြီးကောလိပ်တက်ခဲ့ကြသူ ကျောင်းသူကျောင်းသားဟောင်းများ အဝေးအနီးတွင်
ရှိကြပါက နှစ် ၅ဝ ပြည့် မဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်သဖြင့် မည်သူမဆို စာမူများကို JUNE
လကုန်ထိ နောက်ဆုံးထားပေးနိုင်ကြပါကြောင်း …. စာအုပ်ကို ဒီဇင်ဘာတွင် ထုတ်ဝေပါမည် .။

2 comments

  • manawphyulay

    May 28, 2011 at 9:28 am

    တောင်ကြီးမှာ မတက်ရတဲ့သူတွေကော ပို့လို့ရလား ဘယ်နေရာကို ပို့ရမယ်ဆိုတာလည်း မပါဘူးနော်…. တောင်းလည်း တောင်းသေးတယ်။

    Reply

  • fatty

    May 28, 2011 at 1:30 pm

    ကျနော်ကိုက မရှင်းမရှင်းရေးလိုက်လို့ဇြစ်လိမ့်မယ် ……
    တောင်ကြီးကောလိပ်တွင်တက်ခဲ့သူကျောင်းသးကျောင်းသားဟောင်းများ မည်သူမဆို လို့ပါတဲ့အတွက်
    တောင်ကြီးကောလိပ် ကျောင်းသူကျောင်းသားများကိုသာ ဆိုလိုပါတယ်ခင်ဗျား ….။

    Reply

Leave a Reply

Your email address will not be published.