ညီညာ ယိမ်းက လဲပြို နွဲ့ယိမ်း စုဝေး ခိုနား


ညမှာ မိုးတွေသဲသဲရွာချထားတဲ့ နောက်တစ်နေ့မနက်ပေါ့။
တဲလေးရယ် အုန်းပင်ရယ် ကုက္ကိုပင်လေးရယ် ကြည့်ရတာ ယိမ်းက နေတဲ့အတိုင်း ညီညီညာညာ အရိပ်ကလေးတွေကလဲ သူတို့ရှေ့က ရေထဲမှာရေသောက်ဆင်းလို့။
တံတားနားလေးရောက် တော့ ညကမိုးရွာတာ လေပြင်းပါ ပါတော့ ပန်းအိုးလေးတွေကလဲ နေရော တံတားလေးရဲ့အဆုံးက သစ်ပင်လေးကတော့
ခုဘဲ ဟပ်ထိုးလဲတော့ မလိုကွေးကွေးကောက်ကောက် နဲ့ ယိမ်းနွဲ့လို့ ။
နောက်တစ်နေရာမှာတော့ အပျော်စီးလှေကလေးတွေ ရေပြင်မှာ စုဝေးလို့ နားခိုနေကြတာကိုတွေ့ရပါတယ်။
ဒီပုံလေးတွေကိုအခုလို တစ်စုတစ်စည်းမြင်ရတော့ ခံစားမူ့တမျိုးတိုးဝှေ့လာပါတယ်။
လောကကြီးမှာလဲ လူတွေအားလုံး ညီညာစွာ ယိမ်းကလိုက် ပြိုလဲလိုက် ယိမ်းနွဲ့လို့ရှောင်လိုက် စုဝေးလို့ခိုနားလိုက်ပေါ့နော်။

7 comments

  • fatty

    May 27, 2011 at 4:19 pm

    ပုံဆိုဒ်လေးတွေကြီးကြီးကြည့်ရရင်ပိုကောင်းမယ်ဗျာ …။

    Reply

    • etone

      May 28, 2011 at 3:02 am

      လေးပေါက်ရေ …
      တပုံတင်လိုက် … အင်းဆက်လုပ်လိုက်…
      နောက်တပုံတင်လိုက် အင်းဆက်လုပ်လိုက်ဆိုလျှင် ဆိုဒ် သေးတဲ့ပုံလည်း ပြူးတူပြဲတဲကြီးပေါ်တယ် … ။ တစ်ခါတင်လိုက် တစ်ခါ အင်းဆက်လုပ်လိုက်လုပ်ရတာတော့ နည်းနည်း အလုပ်ရှုပ်တယ်… ။

      Reply

  • maythakhin

    May 27, 2011 at 4:59 pm

    ဟုတ်ပါတယ်။လောကကြီးမှာလဲ လူတွေအားလုံး ညီညာစွာ ယိမ်းကလိုက် ပြိုလဲလိုက် ယိမ်းနွဲ့လို့ရှောင်လိုက် စုဝေးလို့ခိုနားလိုက်ပေါ့နော်။ ဒါပေမဲ့ ခိုနားတဲ့နေရာတွေကတော့ မတူလောက်ဘူးနော်

    Reply

    • etone

      May 28, 2011 at 3:24 am

      ခိုနားရာနေရာကတော့မြေကြီးချင်တော့ အတူတူပါပဲ … ။

      Reply

  • Shwe Tike Soe

    May 28, 2011 at 3:07 am

    အဲဒါ မန္တလေးကန်တော်ကြီးမှာလားဟင်.. ကိုပေါက်

    Reply

  • ဟုတ်ပါတယ် မန်းလေးကန်တော်ကြီးမှာ မနက်ခင်းလမ်းလျှောက်ရင်းရို်က်ထားတဲ့ပုံပါ။
    တကယ်တမ်းပြောရရင် ပုံတစ်ပုံကို ပိုစ်တစ်ခု တင်ချင်ပါတယ်။
    အမှတ်80 စကားပြောကြလွန်းလို့ စုတင်ပေးတာ။
    တပုံချင်းစီက ကြည့်ရတာပိုမိုက်တယ်။
    ပုံကတင်ရင်းနဲ့ ပျောက်သွားတတ်တာ စာထက် တင်ရခက်တယ်။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.