ဧည့်လမ်းညွှန်များ တာဝန်ထမ်းဆောင်ချိန်အတွင်း တူညီဝတ်စုံ များ ဝတ်ဆင်ရတော့မည်

moonpoemMay 26, 20111min02

ဧည့်လမ်းညွှန်များ တာဝန်ထမ်းဆောင်ချိန်အတွင်း တူညီဝတ်စုံ များ ဝတ်ဆင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးလှဌေးက ပြောကြား သည်ဆိုသော သတင်းကို http://yangonmedia.com/news/news_detail.asp?nid=4073 အဆိုပါလင့်ခ် တွင် ဖတ်ရှူလိုက်ရပါသည်။
ကျွန်မတွေ ့မြင်ရသလောက်တော့ ဧည့်လမ်းညွှန်များသည် ယခင်ကတည်းက အမျိုးသားဆိုလျှင် စတစ်ကော်လာအင်္ကျီနှင့်ပုဆိုး၊ အမျိုးသမီးဆိုလျှင် မြန်မာအကျင်္ီနှင့် လုံချည်ကိုသာ ဝတ်ဆင်သူများဖြစ်ကြပါသည်။
တခြားသူများတော့ မပြောတတ်ပါ ဘောင်းဘီနှင့် ဂိုက်လိုက်သည် ဆိုတာကို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းစသော
အချိန်တွင်သာ မြင်ဘူးပါသည်။ သူ ့ဟာနဲ ့သူ အမြင်မရိုင်းသော ဝတ်စုံများဖြင့် တိုးလိုက်နေသော ဧည့်လမ်းညွှန်များကို
ဘာကြောင့်များ တူညီဝတ်စုံ သတ်မှတ်ပေးရသလဲဟု တွေးမိပါသည်။
ဂိုက်လိုင်စင်သက်တမ်းကုန်ပြီး လဲသောအချိန်တွင် ယူနီဖောင်းတွေရောင်းမည်လား မပြောတတ်ပါ။ မဝယ်မနေရ
လုပ်မည်ဆိုလျှင်တော့ သေချာသည်မှာ တစ်စုံတစ်ခုသောအပ်ချုပ်ဆိုင်သည် အရောင်းအဝယ်ကောင်းလာပါလိမ့်မည်။

2 comments

  • eros

    May 26, 2011 at 10:41 am

    အရေးကြီးတာက လိုင်စင်မဲ့ ဧည့်လမ်းညွှန်တွေလေ။ အထူးသဖြင့် ဂျပန် ခရီးသွားကုမ္ပဏီမှာ များပါတယ်။ ဧည့်လမ်းညွှန် လိုင်စင်မရှိတဲ့ ဂျပန်စာတက်ပြီး၊ ဒါမှမဟုတ် ဂျပန်ပြန်တွေကို ရုံးမှာ လုပ်အားပေးဆိုပြီး အလကားခိုင်းတယ်။ ဒါမှမဟုတ်လစာနည်းနည်းပဲပေးတယ် ပြီးတော့ သူတို့ကို ပေါပေါပဲပဲ ဈေးနဲ့ တိုး(Tour) လိုက်ခိုင်းတယ်။ ဒီတော့ ကုမ္ပဏီမှာ အလကားနီးပါးခိုင်းလို့ရတယ် တိုး(Tour)ပေးရင် (Guide Fee) ဧည့်လမ်းညွှန်ကြေးနည်းနည်းပဲ ပေးပြီး လိုက်ခိုင်းတယ်။ လိုက်ခိုင်းလို့လဲရတယ်လေ ဘာလို့လဲဆိုတော့ လိုင်စင်မရှိဘူးလေ။ ကုမ္ပဏီကလည်း ဧည့်သည်ကို ခရီးစဉ်ရောင်းရင်တော့ ဈေးအပြည့်နဲ့ ရောင်းပြီး လိုင်စင်မဲ့ဂိုက်ဆိုရင်တော့ နှစ်ပဲတပြား (Guide Fee) ပေးပြီးခေါင်းပုံဖျက်လို့ရတော့ များများကျန်တယ်လေ။ နောက်ပြီး ကုမ္ပဏီက အဲဒီ လိုင်စင်မဲ့ Tour Guide တွေကို အစိုးရတို့ သက်ဆိုင်ရာတို့ကို မလှိမ့်တပတ် လိမ်နည်းပါ သင်ပေးလိုက်တယ် ။ တယောက်ယောက်က မေးရင် ဧည့်သည်မဟုတ်ဘူး အသိ၊ သူငယ်ချင်းလို့ ပြောတဲ့။ ဒီတော့ အဲဒီလိုလူစားမျိုးတွေပဲသုံးတော့ လိုင်စင်ရှိဧည့်လမ်းညွှန်တွေ နစ်နာတယ်။ လိုင်စင်တခါ သက်တမ်းတိုးရင် အခွန်ဆောင်ရတာ မလွယ်ဘူး။

    ဒါတွေကိုရော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးလှဌေး သိပါလေစ။

    Reply

  • moonpoem

    May 27, 2011 at 4:21 am

    eros ပြောမှပဲ တွေးမိတယ် ဗိုလ်ချုပ်ဈေးထဲမှာ အဲလိုလိုင်စင်မဲ့ ဂျပန်တိုးဂိုက်တွေ
    ကိုခဏခဏတွေ ့တယ်။ ဧည့်သည်တွေကို ဈေးတွေတင်တင်ပြီးရောင်းတယ်။
    ဈေးလူကြိးတွေကမေးရင်လည်း အသိပါလို ့ဖြေကြတယ်။
    ဈေးတင်ရောင်းပြီး စားတာက သူတို ့ ဧည့်သည်ကဈေးမှန်သိလို့ပြသနာရှာခံရတာ
    ဆိုင်ရှင် အဲလိုမျိုးတွေဖြစ်နေတာ တွေ ့မိတယ်။

    Reply

Leave a Reply to eros Cancel Reply

Your email address will not be published.