သင့်ဘဝမှာ သင်ဘယ်လောက်ထိချမ်းသာ ချင်ပါသလဲ။

moonpoemMay 26, 20111min09

သင့်ဘဝမှာ သင်ဘယ်လောက်ထိချမ်းသာ ချင်ပါသလဲ။ လွန်ခဲ့သော တစ်ပတ်က ကျွန်မ၏ မိတ်ဆွေတစ်ယောက်က
ထိုမေးခွန်းကို မေးသော အခါ ကျွန်မကတော့ ခြံဝင်းလေးနဲ ့အိမ်တစ်လုံး၊ကားတစ်စီး၊ သိန်းတစ်ထောင်လောက်ရှိနေရင်
ကျေနပ်ပါပြီ ဘဝမှာ အပူအပင်မများလိုပါဟု ဖြေခဲ့ပါသည်။ သူက ကျွန်မ၏ အဖြေကို သဘောကျပုံ မပေါ်ပါ။
ဘာကြောင့်လဲဟု ကျွန်မမေးတော ့သူက ဥပမာ တစ်ခုနှင့် ဖြေခဲ့ပါသည်။ ကျွန်မတို ့တွေစာမေးပွဲတွင် အမှတ်၁၀ဝရလိုသည့်
စိတ်နှင့် စာကျက်ခဲ့ရင် အမှတ်၁၀ဝ အပြည့်ရသည့် အခြေအနေထက် အမှတ်၉၀ဝန်းကျင်လောက်သာ ရတတ်သည်က
များလေသည်။ ၇ဝလောက်ရရင် ကျေနပ်ပါပြီ ဆိုလျှင်တော့ ၆ဝ ဝန်းကျင် အောင်ရင်ကျေနပ်ပါပြီဆိုလို ့ကတော့
တစ်ခါတစ်ရံ တွင် စာမေးပွဲ ကျသည်အထိဖြစ်တတ်ပါသည်တဲ့။ သူပြောတာမှန်ပါသည်။ ဒူးလောက်တင်မှရင်လောက်ကျသည်ဆိုတာကို ပြောနေတာဟု ကျွန်မနားလည်မိပါသည်။ ပြီးတော့ သူကကျွန်မကိုဆူလိုက်ပါသေးသည်။ နင်ကအလကားရတဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုမှာတောင် ဘာဖြစ်လို့ မီလျံနာ ကမ္ဘာကျော်
သူဌေးကြီးဆိုပြီး စိတ်ကူးမယဉ်ရတာလဲတဲ့လေ။ ဟုတ်ပါရဲ ့နော် ကျွန်မစိတ်ကုူးက တော်တော်လေး ဈေးပေါနေသေးတာပေါ့။
ကဲ သူငယ်ချင်းရေ သူငယ်ချင်းကိုလည်း ကျွန်မမေးခွန်းလေးတွေမေးလိုက်ချင်ပါတယ်။ စိတ်ကူးယဉ်ရတဲ့အိပ်မက်တစ်ခုမှာ
သူငယ်ချင်းရော ဘယ်လိုဖြေမလဲ ကျွန်မသိလိုက်ချင်ပါတယ်။
1.ဘဝရဲ ့လက်တွဲဖော်မှာ ဘာအရည်အချင်းတွေ ရှိရမယ်လို ့သတ်မှတ်ထားလဲ။
2.ဘဝမှာ ဘယ်လောက်ထိချမ်းသာချင်လဲ။
3.ဘဝရဲ ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်ကျော်သွားချင်ပါသလဲ။

9 comments

  • Shwe Tike Soe

    May 26, 2011 at 7:29 am

    1.ဘဝရဲ ့လက်တွဲဖော်မှာ ဘာအရည်အချင်းတွေ ရှိရမယ်လို ့သတ်မှတ်ထားလဲ။
    ကိုယ့်ကို နားလည်ပြီး တစ်သက်လုံး ဒိုးတူဗောင်ဖက် ကြိုးစား ပြီး ချစ်နေမယ့်သူ
    2.ဘဝမှာ ဘယ်လောက်ထိချမ်းသာချင်လဲ။
    စိတ်ထဲမှာ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ချက်ချင်းထလုပ်လို.ရတဲ့အထိ (သူများကို မထိခိုက်ဘူးဆိုရင်)
    3.ဘဝရဲ ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်ကျော်သွားချင်ပါသလဲ။
    အေးချမ်းတဲ့ ဘုရား၊တရား၊သံဃာ အရိပ်မှာ ခိုလှုံပြီး နောက်ဆုံးအချိန်ကို ရင်ဆိုင်မယ်..

    Reply

  • maythakhin

    May 26, 2011 at 7:48 am

    1.ဘဝရဲ့လက်တွဲဖော်သည် နားလည်မှုရှိရမည်။ရိုးသားစွာထက်မြက်ရမည်။ကိုယ့်ကိုချစ်ရမည်။
    2.ငွေကြေးဥစာ အများကြီးမချမ်းသာခြင်နေပါစေ။စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း
    ပြည့်စုံရင် ဘဝမှာချမ်းသာတယ်။ ပိုက်ဆံပုံပေါ်ထိုင်နေပြီး၊သောကရောက်နေတဲ့သူတွေရှိသလို ပိုက်ဆံသင့်တင့်ရုံရှိပြီး စိတ်အေးချမ်းနေတဲ့သူလည်းရှိတယ်။ဒါကြောင့် ဘဝမှာ အချမ်းသာချင်ဆုံးကစိတ်ပါ။
    3.နောက်ဆုံးအချိန်ကတော့ အေးချမ်းစွာနဲ့ အကောင်းဆုံးကျော်ဖြတ်သွားချင်ပါတယ်။အတိတ်က ကို်ယ်ပြုခဲ့တဲ့ ဝဋ်ကြွေးတွေရှိရင်တော့ ဆပ်ပေးရမှာပေါ့။

    Reply

  • king

    May 26, 2011 at 8:01 am

    ၁. လက်တွဲဖော်မှာ ဘာအရည်အချင်းရှိရမယ်လို့တော့ သတ်မှတ်ထားတာမရှိပါဘူး
    တစ်ခုတော့ ရှိတယ် စာနာနားလည်နိုင်ပြီး နူးညံ့တဲ့နှလုံးသားကနေ ချစ်တတ်တဲ့သူဆိုရင် လုံလောက်ပါပြီ ….
    ၂. ဘဝမှာ ဘယ်လောက်ထိ ချမ်းသာချင်တယ်လို့တော့မရှိပါဘူး
    ဒါပေမယ့် ကိုယ်လုပ်သလောက်တော့ ပြန်ရချင်မိတယ် …….
    ၃. ဘဝရဲ့ နောက်ဆုံးအချိန်ကို
    အခုထိတော့ မသိသေးဘူး ဖြစ်ချင်တာကတော့ သံယောဇဉ်အားလုံးကိုဖြတ်သွားချင်တယ် ….

    Reply

  • PinkCandy

    May 26, 2011 at 9:18 am

    ၁။ ဘဝလက်တွဲဖော်ကို စိတ်ထားကောင်းတဲ့သူ၊ ဦးဆောင်နိုင်မယ့်သူ၊ ကိုယ့်ကို တကယ်ချစ်ပြီးတော့ သနားကြင်နာတတ်တဲ့သူမျိုး
    ၂။ မိဘတွေနဲ့ သားသမီးတွေရှိလာခဲ့ရင်လည်း သားသမီးတွေကို ကောင်းကောင်းမွန်မွန်ထားနိုင်တဲ့သူဖြစ်ချင်တယ်
    ၃။ စူဠသောတပန်(စာလုံးပေါင်းက ဒီလိုပေါင်းတယ်ထင်တာပဲ) အဆင့်လောက်ထိတော့ဖြစ်သွားချင်တယ်

    Reply

  • nature

    May 26, 2011 at 10:12 am

    ဘယ်လောက်ချမ်းသာချင်လဲမေးရင်တော့သူတိုင်း ပိုချမ်းသာလေပိုကောင်းလေလို့ဖြေကြမှာပါ၊ ချမ်းသာပြီး ကံကောင်းလို့ လိုတရနေတဲ့သူတွေကအားကျစရာဖြစ်ပေမဲ့ ၊ ချမ်းသာပြီးကံဆိုးတဲ့သူတွေကတော့ ဥစ္စာကြောင့် ဓမြတိုက်ခံရပြီး အသက်ဆုံးရှုံးခဲ့တာတွေလည်းရှိပါတယ်။
    ဘဝကြင်ဖော်တွေနဲ့ပတ်သက်ပြီးလူတိုင်းဟာ ကောင်းတာတွေကိုပဲလိုချင်ကြပေမဲ့ ဈေးဆိုင်တွေမှာလို ကိုယ်လိုတာကိုငွေရှိတိုင်း အာဏာရှိတိုင်း လိုသလိုရွှေးလို့မရနိုင်ပါ၊ နဖူးစာရွာလည်ဆိုသလို ကိုယ်ပြုခဲ့တဲ့ကံအတိုင်းသာ ကောင်းတဲ့ကုသိုလ်ပြုခဲ့ရင် ကောင်းတဲ့အိမ်ထောင်ဖက်ကိုရွှေးလို့ရနိုင်မှာပါ၊ ဆိုးတဲ့အကုသိ်ုလ်ကံကိုပြုခဲ့ရင်တော့ ကိုယ်ဘယ်လိုပဲကောင်းတာရွှေးရွှး ဆိုးတဲ့အိမ်ထောင်ဖက်ကိုရှောင်လို့ မရနိုင်ပါဘူး။
    တရားကျင့်တယ်ဆိုတာလဲ ဘဝရဲ့နောက်ဆုံးအချိန်ကျမှကျင့်ရမှာမဟုတ်ပါ၊ သိရင်သိတဲ့နေ့ကစကျင့်ရမှာပါ။ ဒါမှအလေ့အကျင့်ကောင်းလေးတွေရနိုင်မှာပါ။

    Reply

  • phyoshein

    May 26, 2011 at 3:24 pm

    ဇောတိကသူဌေးလောက်… အနာထပိဏ် လောက်တော့ ချမ်းသာချင်ပါတယ်…
    အဲ…ရေသည်ပြဇာတ်ထဲက ရေသည်ယောက်ျားလောက် ချမ်းသာလည်း ကိစ္စမရှိပါဘူး… (ဖွတ်မင်းနောင်လေ)
    တစ်ကယ်တော့ အတော်များများက နိဗ္ဗာန်ချမ်းသာ လောက်ကို ရချင်ကြတာဗျ..
    ကျွန်တော် အပါအဝင်ပေါ့…
    ပြီးတော့ တစ်ကယ်လည်း မလုပ်ကြဘူး…
    မိဖုရား ဖွားစောလိုပဲ… မီးစတစ်ဘက်.. ရေမှုတ်တစ်ဘက်…
    နိဗ္ဗာန်ချမ်းသာကို ရလို၏… မရခင်… လူချမ်းသာ နတ်ချမ်းသာ ဖြစ်လို၏…..
    တော်ပါပြီ… ဘီလ်ဂိတ်လောက်ချမ်းသာရင်….

    Reply

  • etone

    May 27, 2011 at 8:37 am

    1.ဘဝရဲ ့လက်တွဲဖော်မှာ ဘာအရည်အချင်းတွေ ရှိရမယ်လို ့သတ်မှတ်ထားလဲ။
    ♥♥ ဘာအရည်ချင်းတွေနဲ့မှ တိုင်းတာ သတ်မှတ်ထားခြင်းမရှိပါဘူး …. ။ အဓိကက ကိုယ့်ကိုနားလည်ပြီး ၊ တယောက်ဆိုတယောက်ထဲ ချစ်နိုင်မယ့်လူမျိုးပါပဲ… ကျန်တာက အသေးဖွဲလေးတွေလို့ ထင်တယ်… ။ စံနှုန်းမြင့်တွေနဲ့ တိုင်းတာလျှင် တကယ်ချစ်တဲ့လူဖြစ်ပါလျှက် ဘောင်မဝင်လျှင်…. လွဲနိုင်တယ်လေ … ။
    2.ဘဝမှာ ဘယ်လောက်ထိချမ်းသာချင်လဲ။
    ♥♥ အများကြီးမမျှော်လင့်ထားဘူး… ဥစ္စာဓနကတော့ လူတန်းစေ့ နေနိုင်လျှင်ကျေနပ်တယ်… ၊ အဓိကကတော့ လ ူချမ်းသာဖို့ထက် …စိတ်ချမ်းသာချင်တယ် …
    3.ဘဝရဲ ့နောက်ဆုံးအချိန်ကို ဘယ်လိုဖြတ်ကျော်သွားချင်ပါသလဲ။
    ♥♥ ဘယ်သူ့အတွက်မှ ပူပင်၊နောက်ဆံမတင်းပဲ သွားချင်ပါတယ်… ။

    Reply

  • warm

    May 27, 2011 at 4:21 pm

    ၁) ကိုယ့်ကိုချစ်ပြီး နားလည်မှုပေးနိုင်တဲ့အပြင် စိတ်ထားပြည့်ဝတဲ့ မိသားစုမှဆင်းသက်လာသူဖြစ်ရမယ်..
    (ယောက်ခမကအရမ်းဆိုးတာပဲလို့ ပြောတဲ့အသံတွေကို ပတ်ဝန်းကျင်မှာကြားကြားနေရလို့ တစ်ချက်တိုးလိုက်တာ 🙂 )
    ၂) ဘယ်လောက်ထိ ချမ်းသာချင်လဲဆိုတော့ ဦးရွှေတိုက် ပြောသလို စိတ်ထဲမှာ တစ်ခုုခု လုပ်ချင်ရင် ချက်ခြင်းထလုပ်လို့ရတဲ့အထိပေါ့ ..
    ၃) အသက်ကိုတော့ အေးအေးဆေးဆေးချုပ်ငြိမ်းချင်တယ် ခန္ဓာကိုတော့ အကျိုးရှိရှိချုပ်ငြိမ်းချင်တယ်..
    (နှလုံးတို့ အသည်းတို့ ကျောက်ကပ်တို့ မျက်ကြည်လွှာတို့ကို တစ်ကယ်လိုအပ်တဲ့သူတွေကိုပေးခဲ့ချင်တယ်)

    Reply

  • rabbit

    May 31, 2011 at 9:57 am

    ၁။ ဘဝလက်တွဲဖော်က ကိုယ်နဲ့ ဘာသာတူပြီး ကြင်နာတတ်တဲ့စိတ်ရှိတဲ့သူဖြစ်စေချင်ပါတယ် .. ပြီးတော့ ကိုယ့်နောက်ကွယ်မှာ ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးမယ့်သူ မဖြစ်ရပါဘူး .. (မဖောက်ပြန်သူလို့ ပြောချင်တာပါ) အသိပညာ တွေးခေါ်စဉ်းစားဉာဏ် ထက်မြက်ရပါမယ် ..
    ၂။ စိတ်ထဲမှာ တစ်ခုခုလုပ်ချင်တယ်ဆိုရင် နောက်ပြန်လှည့်ကြည့်စရာမလို ငဲ့စရာမလိုပဲ ချက်ချင်းထလုပ်လို.ရတဲ့အထိ (သူများကို မထိခိုက်ဘူးဆိုရင်) *ရွှေတိုက်စိုးပြောသလိုပါပဲ*
    ၃။ ဘဝရဲ ့နောက်ဆုံးအချိန်ကို အအေးချမ်းဆုံး အသက်သာဆုံး ငြင်ငြင်သာသာလေးပဲ ဖြတ်ကျော်ချင်ပါတယ် …

    Reply

Leave a Reply

Your email address will not be published.