အကြိုက်များ

zoxnetMay 1, 20101min05
2

လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆို်င်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။

ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။

ကျွန်တော်အား ၁၄ နှစ်သား အရွယ်မှပင် ကားမောင်းကျွမ်းကျင်မှု အတတ်ပညာကို သင်ပေးသော ကျွန်တော်တို့၏ 230 E Mercedes Benz ကားကြီးကို ကျွန်တော် အလွန်ကြိုက်ခဲ့ပါ၏။ မွေးချင်း တစ်ယောက်သဖွယ် ပြုမူ ဆက်ဆံခဲ့ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံလွန်းသဖြင့် သနားလည်း သနားခဲ့ပါ၏။ သို့သော် ယခုအခါတွင်မူ တပါးသူလက်ထဲတွင် အရောင်ပြောင်းကာ ကျွန်တော်နှင့် ဝေးကွာခဲ့ပါ၏။

ကျွန်တော်နှင့် ပထမအိမ်ထောင်ကျ ခဲ့သော Pentium 3 Desktop Computer Set လေးကို ကျွန်တော် နှစ်သက်မြတ်နိုးခဲ့ပါ၏။ သူ့အရှေ့တွင် အချိန်ပြည့် နီးပါးထိုင်ချင်ခဲ့ပါ၏။ သူ့အကြောင်းများသာ စဉ်းစားနေချင်ပါ၏။ ယနေ့ သူ့ကိုစွန့်ကာ ကျွန်တော် ဒုတိယ အိမ်ထောင်ကျ ခဲ့ပါ၏။

ကောင်မလေးကို ကျွန်တော်ကြိုက်နှစ်သက်ပါ၏။ ကျွန်တော်၏ ဘဝလက်တွဲဖော် ဖြစ်ပါ၏။ ကျွန်တော်၏ ဝိညာဉ်တခြမ်း ဖြစ်ပါ၏။ ကျွန်တော့် အပေါ် အနွံအတာ ခံသောသူ ဖြစ်ပါ၏။ သူ့ကို ချစ်နေရင်းဖြင့်ပင် ကျွန်တော် သေချင်ပါ၏။ သို့သော် တချိန်က သူနှင့် တူတူသောက်ခဲ့သော ကျွန်တော်တို့ နှစ်ယောက်လုံး အလွန်ကြိုက်နှစ် သက်ခဲ့သော ကော်ဖီပူပူလေးများကို ကျွန်တော့်၏ အစာအိမ်ရောဂါကြောင့် ယနေ့ ကျွန်တော် စွန့်လွှတ်လိုက်ရပါတော့၏။

5 comments

  • susunosuki

    May 1, 2010 at 11:18 am

    ပြန်စစ်ပါဦးကိုယ့်ဆရာရဲ့

    Reply

  • susunosuki

    May 1, 2010 at 11:19 am

    ပြန်စစ်ပါဦးကိုယ့်ဆရာရဲ့
    ထပ်နေတယ်မှတ်တယ်

    Reply

    • zoxnet

      May 1, 2010 at 11:26 am

      မောက်စ် ကြောင်နေလို့ အစ်ကိုရေ။ ကျေးဇူးပါ။ သတိမထားမိဘူး။ အဟီး။

      Reply

  • kopauk mandalay

    May 1, 2010 at 11:43 am

    ကျနော်ကတော. အကြိုက်တွေများနေလို. ပြောရတောင်ခက်နေတယ်။
    သူများရေးတာကိုဖတ်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်လို.ဝေဖန်ရတာကိုလဲကြိုျက်တယ်။
    သူများသီချင်းဆိုတာကိုနားထောင်ပြီး ဘယ်နှယ်.ညာနှယ်.ပြောရတာကိုလဲကြိက်တယ်။
    သူများသရုပ်ဆောင်တာကိုကြည်.ပြီး ဘယ်လိုညာလိုပြောရတာကိုလည်းကြိုက်တယ်။
    ကိုယ်စိတ်ကူးပေါ်တာတွေကိုချရေးလို.သူများကိုဘယ်သို.လုပ်ပါညာသို.လုပ်ပါလို.ခပ်တည်တည်ကြီးဆရာလုပ်ရတာကိုလည်းကြိုက်တယ်။

    Reply

  • zoxnet

    May 1, 2010 at 11:47 am

    အီး.. ဒါဆို လက်ညှိုးကြိုက် ကြီးပေါ့။ အရမ်းမထိုးနဲ့။ အင်္ဂုလိမာလ တွေ့သွားဦးမယ်။ အဟီး။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.