ပုံပြင်ပြောသူများ အဖွဲ့

zoxnetMay 1, 20101min06
images

သူတို့သည် ပီတိစားသူများ ဖြစ်ကြပါ၏။ ဘဝသင်တန်းကြေးကို ရက်ရက်ရောရာ ပေးသွင်းနေသူများ ဖြစ်ကြပါ၏။ ကိုယ်ကျိုးမဖက် ခရီးထွက်နေသူများ ဖြစ်ကြပါ၏။ တိမ်မြုပ်နေသော မြန်မာ့အဖိုးတန် ရတနာများကို ပြန်လည် ဖော်ထုတ်နေသူများ ဖြစ်ကြပါ၏။ ကလေးသူငယ်များကို လမ်းကောင်း ပြသူများ ဖြစ်ကြပါ၏။ ချွေးဖြင့် ပေးဆပ်နေသူများ ဖြစ်ကြပါ၏။ စေတနာ့ ဝန်ထမ်း၊ ဝါသနာ့ ဝန်ထမ်းများ ဖြစ်ကြပါ၏။ သူတို့သည် MyanmarStoryTellerGroup ဖြစ်ပါသည်။ ပုံပြင်ပြောသူ မြန်မာများ ဖြစ်ပါသည်။ Save our folk tales Save our nation သည် သူတို့၏ ဆောင်ပုဒ် ဖြစ်ပါသည်။ နီယွန်မီးသီးများအောက် ပျောက်ကွယ်လုနီး ဖြစ်နေသော မြန်မာ့ရိုးရာ ပုံပြင်များကို ပြန်လည် ဖော်ထုတ်ကာ မြန်မာ့ ကလေးသူငယ် များကြား သူတို့ပြန်လည် ပို့ဆောင် ပေးနေကြပါသည်။ ဖိတ်ခေါ်သည့် နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်၊ အာပေါင်အာရင်း သန်သန်ဖြင့် ကလေးများ စိတ်ဝင်စားအောင် ပုံပြောနေသူများ (ပုံပြင်ပြောပြသူများ) ဖြစ်ကြပါသည်။ တီဗွီဂိမ်း နှင့် ကိုရီးယားကားများ ကြားမှ မြန်မာ့ကလေးများကို ပြန်လည်ဆွဲထုတ် နေသူများ ဖြစ်ကြပါသည်။ ၅၅ဝ နိပါတ်များနှင့် အိပ်ရာဝင် ပုံပြင်များကို ကြေညက်သူများ ဖြစ်ကြပါသည်။ (ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှီမှုရဲ့ ဝါးမြိုမှုကြောင့် မြန်မာ့ရိုးရာပုံပြင် အတော်အများ တိမ်မြုပ်ပျောက်ကွယ် ကုန်ပါပြီ။ ဒီလိုတိမ်မြုပ်ပျောက်ကွယ်တော့မယ့် ပုံပြင်တွေကို တစ်ဦးချင်းအလိုက် အရပ်လိုက် ရွာအလိုက် ဒေသအလိုက် လူမျိုးအလိုက် စုဆောင်းထိန်းသိမ်းကြမယ်ဆိုရင်လေ ပျောက်ကွယ်လုလု ဖြစ်နေတဲ့ လေထဲက ရတနာများကို ကာကွယ်စောင့်ရှောက်ရာရောက်သော အမျိုးသားရေး ကုသိုလ်ကောင်းမှုတစ်ခု ကို ပြုရာရောက် မည်ဟု ရိုးသားစွာ ယုံကြည်မိပါသည်ခင်ဗျား။) သူတို့ကြုံးဝါးထားပါသည်။ မှန်ပါသည်။ သူတို့သည် MyanmarStoryTellerGroup ဖြစ်ပါ၏။ သူတို့သည် ပီတိစားသူများ ဖြစ်ကြပါသည်။

6 comments

  • susunosuki

    May 1, 2010 at 11:05 am

    သိပ်ကောင်းတဲ့ရည်ရွယ်ချက်တွေပါပဲ
    ကျွန်တော်တောင်အဖွဲ့ဝင်ဖြစ်ချင်တာ
    ပုံမပြောတတ်လို့

    Reply

    • zoxnet

      May 1, 2010 at 11:10 am

      အဲ.. ဒါဆို အိမ်မှာ မှန်ကြည့်ပြီး နည်းနည်းလေ့ကျင့် ပေါ့ အစ်ကိုရာ။

      Reply

  • kopauk mandalay

    May 1, 2010 at 4:25 pm

    သည်ကလဲ ပုံပြောသွားတဲ.သူဆိုရင်လန်.နေတာ။
    ပုံပြောတဲ.အဖွဲ.ကိုတော. အကြံပေးချင်ပါတယ်။
    လူထုဦးလှတို.ဒေါ်ဒေါ်မာတို.ရေးခဲ.တဲ.ပုံပြင်စာအုပ်လေးတွေကို
    ရှာဖတ်ပြီးပြောပြစေချင်ပါတယ်။
    ကျနော်ကတော. ကျနော်ကိုပုံလာလာပြောတဲ.သူတွေကို သားသားကြောက်ကြောက်ပါ။

    Reply

  • Mg Ogga

    July 2, 2010 at 2:18 pm

    ကျွန်တော်တို့ အဖွဲ့ ကိုကြေညာပေးတဲ့ ကိုဇော့ ကို ကျေးဇူးပါ ပုံပြောသူများ အဖွဲ့ကို စိတ်ဝင်စားကြလို့ ကျေးဇူးပါ အဖွဲ့ဝင်ချင်ရင် ကျွန်တော်ကို ဆက်သွယ်ပါ ကျွန်တော် မေးလ်က oggamm@gmail.com ပါ ဆရာလူထုဦးလှစာအုပ်တွေကို ကျွန်တော်တို့ အဓိက ကိုးကားပါတယ် နောက် ကျွန်တော်တို့ ရည်ရွယ်ချက် က ပုံပြင်တွေကို Text အနေနဲ့ ရှိဖို့ ထက် ပုံပြင်ပြောတဲ့ ဓလေ့ လူထုကြားပျံနုံဖို့ ရည်ရွယ်ပါတယ် အားလုံးကိုကျေးဇူးပါ ဖေဘုတ်မှာ ကျွန်တော်တို့ Fan page ရှိပါတယ် နောက် ဘလော့ လည်း ရှိပါတယ်။ ဘလော့ က http://mmstoryteller.blog.com ပါ fan page က http://www.facebook.com/pages/Myanmar-Story-Teller/367375617614?v=app_2347471856#!/pages/Myanmar-Story-Teller/367375617614 ပါ ကျေးဇူးတင်ပါတယ်

    Reply

  • snique

    August 5, 2010 at 2:06 pm

    ကျွန်တော်လဲ ပါဝင်ကူညီချင်ပါတယ် ဘယ်လိုဆက်သွယ်ရမလဲမသိ

    Reply

  • မန်း ရိပ်

    August 23, 2010 at 1:38 pm

    အားပေးတယ်ဗျာ
    ဘာဖြစ်ဖြစ်နောက်မဆုတ်ကျပါနဲ့
    ကြိုးစားကျပါ

    Reply

Leave a Reply

Your email address will not be published.