မြန်မာစာပေအရေးအသားထဲက ထူးခြားတာလေးတွေ

paukpaukMay 19, 20111min08

မြန်မာစာအရေးအသားထဲက ထူးတာလေးတွေ ရှိတယ်နော်…
အကြောင်း-အကျိုး ဆိုင်ရာ ဗျည်းတူ၊ ဗျည်းမတူ စသည်ဖြင့်။
ဘာလဲဆိုတော့ ဒီလိုစကားလုံး အသုံးအနှုံးလေးတွေပါ။

ခွဲသည်-ကွဲသည် ခွာသည်-ကွာသည် ချဲသည်-ကျဲသည် ချေသည်-ကျေသည်
ချွတ်သည်-ကျွတ်သည် ချိုးသည်-ကျိုးသည် ချန်သည်- ကျန်သည် ချုံ့သည်-ကျုံ့သည်
ငြှိမ်းသည်-ငြိမ်းသည် ညှပ်သည်-ညပ်သည်
နှဲ့သည်-နဲ့သည် နှိမ့်သည်-နိမ့်သည် နှစ်သည်-နစ်သည် နှူးသည်-နူးသည်
နှိမ့်သည်-နိမ့်သည် နှပ်သည်-နပ်သည် နှိုးသည်-နိုးသည်
ဖြည့်သည်-ပြည့်သည် ဖြန့်သည်-ပြန့်သည် ဖဲ့သည်-ပဲ့သည် ဖိသည်-ပိသည်
ဖြဲသည်-ပြဲသည် ဖျော်သည်-ပျော်သည် ဖြိုသည်-ပြိုသည် ဖွင့်သည်-ပွင့်သည်
ဖြည်သည်-ပြည်သည် ဖြေသည်-ပြေသည် ဖွသည်-ပွသည် ဖဲ့သည်-ပဲ့သည်
မျှောသည်-မျောသည် မြှုပ်သည်-မြုတ်သည် မြှင့်သည်-မြင့်သည်
လှန်သည်-လန်သည် လှဲသည်-လဲသည် လွှင့်သည်-လွင့်သည် လှိမ့်သည်-လိမ့်သည်
လွှတ်သည်-လွတ်သည် လှပ်သည်-လပ်သည် လျှော့သည်-လျော့သည်
ရွှေ့သည်-ရွေ့သည်

ဘာတွေရှိသေးတုန်း…

8 comments

  • ဆူး

    May 19, 2011 at 1:52 pm

    ချုပ်ချက်ကို ခတ်နေတာပဲ..
    ဒီစာလေးကကော အဘရဲ့ ပေထုတ်အဟောင်းထဲက ထုတ်ပြီး ရေးလိုက်တာလား။

    Reply

  • တညင်သား

    May 19, 2011 at 3:27 pm

    အရင်တုန်းက သံလျှင် အခု သန်လျင်.. ကျွန်တော်က တညင်သား တိမ်ညင်သားမဟုတ်ဘူးလို့ နော်…….အပေါ်က အန်တီ ကြီးကို ပြောပေးကြပါ……….:P

    Reply

  • paukpauk

    May 19, 2011 at 3:40 pm

    ဆူးက မြန်မာစာရေးကျင့်မယ်ဆိုရင် သိထားသင့်တယ်နော်။
    တချို့က ခုထိမကွဲပြားသေးဘူး။
    လျင် နဲ့ လျှင်တောင် မှ 😛

    Reply

  • ဆူး

    May 19, 2011 at 3:53 pm

    ဦးပေါက်ပေါက် အလျင်လိုရင် အဲလို ဖြစ်တတ်လို့ပါနော်.. ပြင်ဖတ်ပေးပါ နော်..
    ဆူးက နောက်ချင်တဲ့ စိတ်နဲ့ တိမ်ညင် နဲ့ တညင် နဲ့ မှားပြီး ပြောမိလို့.. ဆူး ကို စတာပါ။ အဟီး.. မှားတော့လည်း ခပ်တည်တည်ပဲ စပ်ဖြဲဖြဲနဲ့ မှားသွားပါတယ်ပေါ့။ စတယ်ကြီးနဲ့ နေပါဘူးတော်.. 😛

    Reply

  • kopauk mandalay

    May 19, 2011 at 4:42 pm

    ကျနော်ငယ်ငယ်က သင်ဘူးတာ က ဟထိုး ပါရင် လှူပ်ယှားမူ့ပါတယ် လို့ ပေါ့။
    ဥပမာ နဲ့သည် =အလိုုလိုဖြစ်တာ
    နှဲ့သည်= နဲ့အောင်လူက လုပ်တာ
    လဲသည်=အလိုလိုဖြစ်တာ
    လှဲသည် = လူက လုပ်ဆောင်မူ့ပါတယ်

    Reply

  • paukpauk

    May 19, 2011 at 5:15 pm

    ဟုတ်ပြီ ဗျည်းတူရင် အဲလိုမှတ်လို့ ရတာပေါ့နော်။

    ဒါနဲ့ … “မှု” ဆိုတာ အောက်ကမြင့် ပါလို့လား၊ မှားရိုက်တာလား။
    တစ်ချို့ကတော့ အဲလိုပဲပေါင်းနေကြတာအတွေ့များလာလို့။

    Reply

  • ဆူး

    May 20, 2011 at 7:23 am

    ရှပ်ပြာ ရှပ်ပြာ စာရိုက်တာ တခါ ဖိုရမ် တခုမှာ သူများကို စာလုံးပေါင်းမှား ရိုက်မိတာ စာရေးခံရတဲ့လူ အတွက်တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။
    လမ်းသွားရင် ကောင်မလေးက အတင်းလက်ဆွဲပြီး လမ်းလျောက်တဲ့ အကြောင်း ရေးတာပါ။
    ဆူး ရေးလိုက်တာ.. တော်သေးတယ် ကောင်မလေးက အရပ်ပု လို့ အရပ်များ ရှည်လို့ကတော့ ဂျိုင်းက မပြီး တွဲလိမ့်မယ်.. ဂျိုင်း ဆိုတဲ့ စာလုံးကို ငသတ် မပါသွားတော့ စာလုံးက ရည်ရွယ်ချက် တမျိုး ဖြစ်သွားတယ်။ မရည်ရွယ်ပဲ စာကျန်ခဲ့တာ.. အားနာလို့ တောင်းပန်လိုက်ရတယ်။

    Reply

  • မမလေး

    May 25, 2011 at 5:39 pm

    မပေါက်လား .. ကိုပေါက်လား … သမီးက အဲ့လောက်ဉာဏ်မမှီတော့ ဘာရှိသေးလဲမသိဘူး … ရှိသေးရင်ထပ်တင်ပေးဦးနော် … ကျေးဇူး ကူးလိုက်တယ်

    Reply

Leave a Reply to တညင်သား Cancel Reply

Your email address will not be published.