ဆရာ သာဂဒိုး ဆုံးရှာပြီ…

lu ta loneApril 30, 20101min03

သာဂဒိုး (၁၉၂၆-)

၁၉၂၆ – ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒါးကကြိမ်ချောင်း၊ ဖျာတန်းရွာ၌ အဖ-ဦးဆိုင်၊ အမိ-ဒေါ်မေညွန့်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးတင်စိုးဖြစ်သည်။ ၁၉၂ရ – တစ်နှစ်သားအရွယ်တွင် မိဖများကွယ်လွန်သွားသဖြင့် မိဘမဲ့ဖြစ်ခဲ့ရ။ ဒုက္ခရောက်ခဲ့သည်။ ဦးလေး၊ အဒေါ်တို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရ။ ဘုန်းကြီးကျောင်းတွင် စာသင်ခဲ့ရသည်။ ၁၉၃၆ – ၃၈ – (၁၀)နှစ်သားအရွယ်ကပင် ဘဝဝမ်းရေးအတွက် လှေလုပ်သားအဖြစ် လှေလိုက်ခဲ့ရသည်။ လှေ လိုက်ရင်းဖြင့် စာအုပ်ဟောင်းရောင်းသော လှေများနှင့်ပေါင်းမိကာ စာအုပ်များဖတ်ခဲ့ရသည်။ ထိုသို့ စာဖတ်ခွင့် ကြုံပြီး စာအုပ်များဖတ်ခဲ့ရာမှ စာပိုမိုတတ်ချင်၊ စာရေးချင်စိတ်များ ဖြစ်လာခဲ့ရသည်။ စာရေးဆရာလုပ်လျှင် ထမင်း ငတ်မည်ဟု ကြားဖူးသဖြင့် ထမင်းမငတ်စေရန် အိမ်ဆောက်၊ အိမ်မိုး၊ လက်သမားအတတ်၊ ထွန်ထယ် လယ်သမားလုပ်ငန်း၊ ထီးချုပ်ထီးပြင်၊ ဖိနပ်ချုပ်ကစ၍ အကုန်တတ်အောင် လုပ်ခဲ့သည်။ ရွာတွင်နေ၍ စာရေး ဆရာ မဖြစ်နိုင်မှန်း သိသဖြင့် ရန်ကုန်သို့ တတ်လာခဲ့ပြီး ရရာအလုပ်လုပ်ခဲ့သည်။ ၁၉၄၁ – (၁၅)နှစ်သားအရွယ်တွင် မင်္ဂလာဒုံ စစ်တက္ကသိုလ်ဆိုင်ရာနှင့် မူလတန်းတပ်(ဒုတိယအပါတ်စဉ်)မှာ သင်တန်းတက်ခဲ့ပြီး စစ်တပ်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။ ထို့နောက် တပ်မှထွက်ကာ ရန်ကုန်သတင်းစာ၊ အိုးဝေသတင်းစာတို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ရုပ်ရှင် ပိုစတာများဆွဲသော ပန်းချီဆရာ ဦးဘိတ်ကြည် ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးပြီး မိမိဘာသာ ပန်းချီဆွဲခြင်း၊ ကာတွန်းရေးခြင်းတို့ကို ရေးဆွဲလေ့ကျင့်ခဲ့ သည်။ ၁၉၄၄ – ရန်ကုန်သတင်းစာ၊ အိုးဝေသတင်းစာတို့တွင် ကာတွန်းများရေးခဲ့။ ကာတွန်းဆရာဘဝဖြင့် စာနယ်ဇင်း လောကသို့ ရောက်ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၁၉၄၅ – သူရိယ သတင်းစာ စတင်ထွက်ရှိရာမှာပင် ”မတော်လှန်ရဲသူတို့၏ တော်လှန်ရဲသူကြီး”ဆောင်းပါး ပါရှိခဲ့သည်။ ပြည်သူ့ရဲဘော်စာစောင်၊ ဂျာနယ်ကျော်စာစောင်တို့တွင် ကိုယ်တွေ့အပေါ်အခြေခံသော ဆောင်းပါးများ ရေးခဲ့သည်။ အိုးဝေ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်-သတင်းစာတို့တွင်လည်း ဆောင်းပါးများ ရေးခဲ့သည်။ ”တပ်နီ လမ်းစ” စာအုပ်ထွက်ခဲ့။ သတင်းစာများတွင် ကော်လံစားဆောင်းပါးများ ရှည်ကြာစွာ ကော်လံစားစာရေးဆရာ အဖြစ်ရပ်တည်ခဲ့သည်။ ၁၉၄၆ – ရန်ကုန်၊ အိုးဝေ သတင်းစာတို့ ကာတွန်းများ ဆက်ရေးခဲ့။ ကာတွန်းဆရာကြီး ဦးဘဂျမ်းထံတွင် ကာတွန်းဆွဲခြင်း အတတ်ပညာကို ဆက်လက်လေ့လာသင်ယူခဲ့သော်လည်း စာရေးကောင်းသဖြင့် ကာတွန်းဆရာ မလုပ်ဘဲ စာရေးဆရာသာလုပ်ရန် ဆရာဦးဘဂျမ်းက တိုက်တွန်းခဲ့ သည်။ ၁၉၄၆ – ၄ရ – ရှုမဝမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်းတို့တွင် ဝတ္ထုတို၊ ဝတ္ထုရှည်များစတင်ရေးခဲ့ရာ ဟာသရသမြောက် သဖြင့် ဟာသစာရေးဆရာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၁၉၅၂ – ရန်ကုန်တက္ကသိုလ် သတင်းစာဒီပလိုမာသင်တန်း တက်ခဲ့။ ၁၉၅ရ – ဩစတေးလျ၊ နယူးဇီလန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ပြီး သတင်းစာပညာများ လေ့လာခဲ့ သည်။ ၁၉၆၁ – ”ချစ်တဲ့စိတ်ဟာ ဆန်းကျယ်”ဝတ္ထုရှည်လုံးချင်းထွက်။ ၁၉၆၂ – ”ပျားစွဲသောမုတ်ဆိတ်” ဟာသဝတ္ထုရှည်ထွက်။ ရုပ်ရှင်ကား ရိုက်ကူး။ ၁၉၆၃ – ဆရာသည် ဗမာ့ခေတ်သတင်းစာတွင် လုပ်စဉ်ကပင် ရုပ်ရှင်ပညာကို ဆည်းပူးခဲ့ရာ- ၁၉၆၂တွင် ပျားစွဲ သောမုတ်ဆိတ်ရုပ်ရှင်ကား၊ ၁၉၆၃တွင်”ဘုရားပေးသောလက်” ရုပ်ရှင်ကားတို့ကို ရိုက်ကူးခဲ့။ ၁၉၆၃ – ဆိုဗီယက် ယူနီယံနှင့် အရှေ့ဂျာမဏီနိုင်ငံများသို့ သတင်းစာပညာ လေ့လာရန်သွားရောက်ခဲ့။ ၁၉၆ရ – နိုင်ငံခြားဘာသာသင်သိပံ္ပ၌ ဂျပန်ဒီပလိုမာသင်တန်းတက်ခဲ့။ ”ဗိုလ်ခြေသလုံးဟေ့နှင့်ဝတ္ထုလက်သုတ်” ဟာသဝတ္ထုထွက်။ ၁၉၆၈ – သရုပ်ဆောင် မင်းသမီးများသာပါသော”မေတ္တာစိမ်းစိမ်း ရုပ်ရှင်ဇာတ်ကား”ကို ဒါရိုက်တာအဖြစ်နှင့် ရိုက်ကူးခဲ့သည်။ ၁၉၆၉ – လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် အယ်ဒီတာအဖြစ်ဖြင့် စတင်ထမ်းဆောင်ပြီး ဒုတိယ အယ်ဒီတာချုပ် တာဝန်အထိထမ်းဆောင်ခဲ့။ ၁၉၇ဝ – ဩစတေးလျနှင့် ပါပူဝါ နယူးဂီနိ နိုင်ငံသို့ သတင်းစာအဖွဲ့နှင့်အတူ သွားရောက်ခဲ့။ ၁၉၇၃ – တရုပ်ပြည်သို့ သတင်းစာအဖွဲ့နှင့်အတူ လေ့လာရေးသွားရောက်ခဲ့။ ၁၉၇၄ – နိုင်ငံတော်မှ မော်ကွန်းဝင်(ဒုတိယဆင့်) ချီးမြှင့်ခြင်းခံရ။ ၁၉၈၃ – ၈၄ – ကြေးမုံသတင်းစာတွင် အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်။ ၁၉၈၈ – ကြေးမုံအယ်ဒီတာချုပ်တာဝန်မှ အငြိမ်းစားယူခဲ့။ ၂၀၀၅ – ”စူလာနဖာနှင့် ဆေးနည်းဆေးပင်များ” စာအုပ်ထွက်။ (ထိုစာအုပ်သည် အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရ သလောက် အောင်မြင်မှုရခဲ့။) ယခုအခါတွင် အသက်ကြီးရင့်လာပြီဖြစ်၍ စာပေဖတ်ရှုရင်း ဘယဆေးပင်များကို လေ့လာမှုပြုနေလျက်ရှိ။ ”ထင်ရှားသော စာအုပ်အချို့”

၁။ တပ်နီလမ်းစ

၂။ ချစ်တဲ့စိတ်ဟာဆန်းကျယ်

၃။ ပျားစွဲသောမုတ်ဆိတ်

၄။ ဗိုလ်ခြေသလုံးဟေ့နှင့်ဝတ္ထုလက်သုတ်

၅။ စူလာနဖာဆေးနည်းဆေးပင်များ

3 comments

  • wunna

    April 30, 2010 at 10:26 am

    သူ့ရေးတဲ့ မြန်မာဆေးအကြောင်းတွေက အတော်ကောင်းပါတယ်…
    ပိစပ်ရွက်နဲ့ပတ်သက်ပြီးရေးလိုက်တော့ အတော် အတိုက် အခိုက် ခံခဲ့ရပါသေးတယ်……

    ရာသီဥတု အပူဒဏ် ကြောင့် ဆုံးသွားရှာတာပါ…..
    အသက်ကြီးသူများနဲ့ ကလေးသူငယ်များ ကို အခုအချိန်မှာ အပူဒဏ်မှ ကာကွယ်ရန် အထူး ဂရုစိုက်ရန်လိုအပ်ပါတယ်….

    Reply

  • kopauk mandalay

    April 30, 2010 at 11:42 am

    တိကျတာ မတိကျတာ
    ဖြစ်နိုင်တာ မဖြစ်နိုင်တာ
    သုတေသန လုပ်ပြီးတာ မလုပ်ရသေးတာ
    မှန်တာ မှာတာ
    တွေ ကိုမေ.ထားလိုက်ပါ ဆရာ.လို စေတနာရှင်မြန်မာတိုင်းရင်းဆေးဆရာတယောက်ဆုံးရှုံးသွားပြီဆိုတာ
    သိပ်ကို နစ်နာပါတယ် လို. ယုံကြည်ပါတယ်။

    Reply

  • susunosuki

    May 1, 2010 at 11:30 am

    ပူလွန်းတဲ့ရာသီဥတုကို ဆေးဆရာလဲ မခံနိုင်ရှာဘူး
    ပူလွန်းလို့ဆေးရုံတတ်ရပြီး ဆုံးရတယ်လို့ပြော ကြတယ်

    Reply

Leave a Reply to wunna Cancel Reply

Your email address will not be published.