လမ်းသစ်ထွင်ခြင်း

စဆရ ႀကီးMay 17, 20111min03

ကဗျာတွေ ရှင်သန်ခြင်းမရှိတဲ့
ဒီနေရာမှာ ငါ့ဖာသာငါ ကဗျာဥယျာဉ်လေး
လမ်းဟောင်းက တိုးထွက်ကြည့်တာပေါ့။

ခံစားသူမဲ့၊ ရေးသားသူမရှိတဲ့ ဟောဒီကဗျာတွေကို
မြေစမ်း ခရမ်းပျိုးတယ်လို့ ဆိုချင်ဆို
လမ်းသစ်ကိုထွင် လျှောက်ကြရမှာက
ငါတို့ မျိုးဆက်သစ်တွေမလား?

သုတတင်မက ရသပါပေးနိုင်မှ
စိတ်အာဟာရ စားလို့မြိန်မယ့်
စာပေထမင်းဝိုင်းကောင်း ဖြစ်ရော့မယ်
လာကြလော့၊ ရေးကြလော့
အိုဘယ့်စာရှူသူများ

ကိုယ့်အမြင် ကိုယ့်အထင်
ရဲရဲတောက် အမြှီးအမောက် မတည့်လျင်နေစေတော့
ဆန်းသစ်သော ခေါင်းစဉ်များ
တက်ကြွသော အတွေးများဖြင့်
ဝိုင်းကာဝန်း ရေးလို့သာ အားဖြည့်ကြရင်ဖြင့်

ငါဆိုတဲ့အရှူံးသမား
နေ့တိုင်းစောင့်ဖတ်ရကျိုး
အတော်လေး နပ်တန်ကောင်း၏။

3 comments

  • etone

    May 18, 2011 at 9:09 am

    ကံကောင်းမဲ့ မနက်ဖြန်လည်း ရှိလာဦးမှာပါ … အမြဲတမ်းရှုံးနိမ့်နေတယ်လို့ တွေးမထားပါနဲ့နော် 🙂

    Reply

  • MaMa

    May 18, 2011 at 3:28 pm

    ရှုံး….လူရေ ကိုယ့်ကိုကိုယ်လည်း အားပေးရင်း၊ သူများကိုလည်း အားပေးသွားတာ စာပေက အားကျစရာပါ။ အားရစရာပါ။ (ကိုယ်ရေးထားတာတွေ အမြီးအမောက်မတည့်တာတွေအတွက် စိတ်ဖြေရာ ရတာပေ့ါ။)

    Reply

  • kopauk mandalay

    May 18, 2011 at 4:21 pm

    ကျနော်ကတော့ ကဗျာကို ကိုယ့်ဘာသာကိုယ် ဒီအတိုင်းရေးခဲတယ်။
    ရှေ့ကတစ်ယောက်ယောက်ရေးသွားရင် နောက်က နေပြီး မတူတဲ့အတွေးတွေထွက်လာတော့တာပါဘဲ
    ရွာထဲမှတင်တဲ့ကဗျာတွေက သူများရေးတာကို ဖတ်ပြီး မန်းရင်းက ကဗျာတွေဖြစ်သွားတာများပါတယ်။။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.