တလောက .. မနောရယ် .. ကျနော့သားရယ်

fattyMay 19, 20111min023

ကျနော့သား မြန်မာပြည်ပြန်လာပြီး စကာင်္ပူကိုပြန်ဖို့၃ရက်လောက်ဘဲလိုတော့ …
အဖေ ကျနော် မနောနဲ့တွေ့ချင်တယ်တဲ့ ……….။

ဟိုက်ဗုဒေါ္ဓ …. ငါတို့ရေးဖော်ရေးဖက် လေးလုံး မမ မနောကို ဒီကောင်ဘယ်လိုများသိသွားပါလိမ့်ပေါ့ ….။
ခပ်တည်တည်နဲ့ … ဟေ့ကောင် ဘယ်က မနောလဲကွ … ဆိုတော့ ..။
အဖေကလဲဗျာ … မနောဗေဒင်ကိုပြောတာလေတဲ့ ..။
အော်မြန်မာရယ်မပြောရဘူး … ဗေဒင်လေးကမေးလိုက်ရမှ …။
အေးပေါ့ဗျာ ကျနော်ကိုယ်တိုင်ကလဲ ဝါသနာအိုးကိုး …။

ကျနော့သားလဲ ဗေဒင်မေးတာဝါသနာပါ ပါတယ် ..။ မေးလဲမေးဘူးပါတယ် ..။
ဒါပေမဲ့ … မနောနဲ့ဟောတဲ့သူကိုတော့သူမတွေ့ဘူးသေးပါဘူး ..။
ဒါနဲ့နီးနီးနားနား တယောက်ဆီညွှန်လိုက်ရတယ် ….။

ပြန်လာတော့ … အဖေရေ အတော်မှန်တာဘဲဗျ ..။ ကျနော် အသံသွင်းလာခဲ့တယ် ..။
အေးပါမှန်မှန်းငါသိပါတယ် … ဒါကြောင့်မင်းလေ့လာလို့ရအောင် လွှတ်လိုက်
တာပေါ့ကွ ..။

ပထမဆုံး ကျနော့လက်ကိုစားပွဲပေါ်တင်ခိုင်းပြီး ဆရာမရဲ့ လက်ညှိုးနဲ့ထိထားတယ် ..။
ပြီးတော့ပြောတော့တာဘဲ ..။ ဘာစပြောလဲဆိုတော့ … သား မင်းအိမ်ကနေ ဆင်း
ရတော့မယ်တဲ့ …ဗျား ..။ ရုတ်တရက်ဆိုတော့ ကျနော်ကဘဲ လူဆိုးမို့ အိမ်ကနှင်
ချတာခံရတော့မလိုလို … ဘေးကလူတွေကလည်းအဲလိုသဘောပေါက်ကြတယ်ထင်ပါရဲ့ ဝိုင်ရီကြသေးတယ် ။
ဒါနဲ့ ကျနော်ကလဲပြောပြလိုက်တယ်လေ … ကျနော်ဒီနေ့ညနေဘဲ စကာင်္ပူပြန်တော့ မှာပါလို့ …။ ………. ကျနော့သားကတော့ မနောကို
သဘောကျသွားပုံရပါ၏။

23 comments

  • bigcat

    May 20, 2011 at 3:36 am

    ကျနော်လည်း မနောနဲ့ကြည့်လိုက်တာ သဂျီးဒီပို့စ်ဖတ်ပြီး မျက်နှာကြီး မဲ့နေတယ်။
    ဦးဖက်သားက တကယ့်မနောကိုတွေ့လိုက်ရင် စင်ကာပူတောင် ပြန်ချင်မှာ ဟုတ်တော့ဘူး။ မနောရော သတိထား။ သားထက်အဖေက ပိုကြောက်ဖို့ကောင်းတယ်။ 😛

    Reply

  • etone

    May 20, 2011 at 5:02 am

    လေးလုံးမနောဆိုပြီး ကြော်ငြာလေး မသိမသာ ဝင်သွားပါတယ်…။ 😛 😛

    Reply

  • ဆူး

    May 20, 2011 at 7:05 am

    ဦးလေး ရဲ့ မနောက ဖြူလား မဲလား… အဲလို မနောမျိုးက မဲမဲ တူတူး ကုလားမတွေ လုပ်ကြတာ များတယ်။ ပါးစပ်ကလည်း အဘာ.. အဘာ.. ဘာဘာ.. အဘာ.. ဆိုပြီး ရွတ်သေးတယ်။ ပြီးရင် ပြောတော့တာပဲ။

    Reply

  • လင်းဝေကျော်

    May 20, 2011 at 9:15 am

    မနော ဆိုတာ ကချင်မတွေကိုလဲခေါ်သေးတယ်

    Reply

  • manawphyulay

    May 20, 2011 at 10:20 am

    တော်ပါသေးရဲ့…. မနောဗေဒင် ကယ်သွားလို့…. ဘုရားကယ်တာ… 😛

    Reply

  • juttue.gyi

    May 20, 2011 at 1:23 pm

    မသိပါဘူး ဦးဖက်ရယ် တလောက မနောရယ် ဦဖက်သားရယ်များ ဘာများဖြစ်လိုက်ကြတာလဲလို့ အလောတကြီးဖတ်လိုက်ရတာ တော်သေးတာပေါ့ ကျတော်ထင်တာ မဟုတ်လို့……

    Reply

  • nature

    May 20, 2011 at 2:11 pm

    အသက်တို့ ဘာနေ့သားလဲတို့ မမေးဘူးလား။

    Reply

  • manawphyulay

    May 21, 2011 at 3:18 am

    မမေးတော့ပါဘူး။ လေးဖက်သားဆိုတော့ ဦးလေးကြီးပဲနေမှာပေါ့ ဟုတ်တယ်မလား လေးဖက်… 😛

    Reply

  • kopauk mandalay

    May 21, 2011 at 11:11 am

    ကိုဖက်က အသက်ကြီးမှ
    အိမ်ထောင်ကျတော့
    သူ့သားက ငယ်ငယ်လေးဘဲရှိသေးတယ်။
    ကိုဖက်သားဆိုတော့
    အဖေကို လေးဖက် လေးဖက်လို့ခေါ်တော့
    သူသားကို လဲ သားဖက် သားဖက် လို့ ခေါ်ရမယ်ထင်ပါတယ်။
    သူကလဲ အဖေတူသားဆိုတော့ ဝတုတ်တုတ်လေးပါဘဲတဲ့။
    လောလောဆယ် စလုံးမှာ ကျောင်းတက်တုံးဆိုတော့ စဉ်းစားပေါ့ဗျာ။
    စဉ်းစား ဆိုတာ သားဖက်က အသက်ငယ်မ ငယ်ကိုပြောတာပါ။
    အဲတော့ ကာ …………………………………………..

    Reply

  • char too lan

    May 21, 2011 at 2:46 pm

    ဘာဖစ်ဒါရဲရို ့ ဘာမှဖစ်ရင်ပီးရော ပီးရော 🙂 🙂

    Reply

  • fatty

    May 21, 2011 at 5:10 pm

    အသက်တို့ဘာနေ့သားတို့ မွေးသက္ကရာဇ် တို့ မေမေးပါဘူး … ဘာလဲမနောကို စိတ်ဝင်စားနေပြီလား ..။
    သိချင်ရင်ညွှန်မယ်နော …..။ စာရေးတဲ့မနောကိုပြောတာမဟုတ်ဘူးနော် .. မနောဗေဒင်ကိုပြေတာ …။
    အဲဒါလေးတော့အသေအချာမှတ် ….။

    Reply

  • MaMa

    May 22, 2011 at 11:13 am

    ပညာပေးရန်မြန်မာ့အသံရေ- ဖျော်ဖြေရေး ကဏ္ဍတစ်ခုအနေနဲ့ စဉ်းစားမိတာလေး ရေးပေးလိုက်ဦးမယ်။
    သားဖက်- အဖေ ကျနော် မနောနဲ့တွေ့ချင်တယ်
    အဖေဖက်-(စိတ်ထဲမှာ-ငါတို့ရေးဖော်ရေးဖက် မနောကို ဘယ်တုန်းကများ သိသွားပါလိမ့်။) ဟေ- ဘယ်က မနောလဲကွ။
    သားဖက်- စမ်းချောင်းထဲကလေ။
    အဖေဖက်-(နေတဲ့နေရာတောင် သိနေပါပြီကောလား။) ဘယ်သူနဲ့သွားမှာလဲ။
    သားဖက်- အဖေလိုက်ခဲ့လေ။
    အဖေဖက်- ငါတို့နှစ်ယောက်တည်းလား။
    သားဖက်- အမေ့ကိုပါ ခေါ်သွားမယ်လေ။
    အဖေဖက်- (အောင်မယ်လေး မိန်းမတောင်းခိုင်းတော့မယ်နဲ့ ထင်တယ်။) ဘယ်တော့သွားမှာလဲ။
    သားဖက်- ဒီနေ့ပဲသွားကြတာပေ့ါ။ ကျွန်တော် ချိန်းထားပြီးပြီ။
    အဖေဖက်-(ကိုယ့်ရေးဖော်ရေးဖက်တွေ ဘယ်ကစ ပြောရပါ့) ဒုက္ခော- ချိန်းတောင်ချိန်းထားပြီးမှ လူကြီးကို ပြောရလားကွ။
    သားဖက်- ဒါလေးများ အဖေရယ်။ ကြိုပြောရဦးမှာလား။
    အဖေဖက်-ဘာဒါလေးလဲကွ။ ဘဝတစ်ခုလုံးနဲ့ဆိုင်တာကို။
    သားဖက်- ဘဝအတွက်ပေမယ့် ဒီလောက်လည်း အရေးထားစရာမလိုပါဘူး။
    အဖေဖက်-မင်းတို့ ခေတ်လူငယ်တွေ ဒါတွေခက်တာပေ့ါကွ။ ဘာကိုမှအလေးမထား ပေ့ါပေ့ါတန်တန်စဉ်းစားကြတာတွေ။
    သားဖက်- အဖေကလည်း ခက်တာပဲ။ ဒီခေတ်ကြီးမှာ မနောဗေဒင်လေးမေးတာများ မိဘကိုကြိုပြောခွင့်တောင်းရတဲ့အထိ လူငယ်ကို ကြိုးကိုင်ထားချင်တာကိုး။
    အဖေဖက်- အောင်မငီး တော်ပါသေးရဲ့။ နို့ိမို့ဆို မနောကို ဘယ်လိုမျက်နှာပြရမှန်းမသိ။
    ဤတွင် တစ်ခန်းရပ်ပြဇာတ်ပြီး၏။
    (MG ဖျော်ဖြေပေးရန် ကဏ္ဍမှာ အသုံးတည့်မလား မသိ။)

    Reply

  • manawphyulay

    May 22, 2011 at 12:23 pm

    ဟဟဟ မမတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ စမ်းချောင်းထဲတောင် ခြေဦးမလှည့်ရဲတော့ဘူး။ တော်ကြာ သားဖက်ကော အဖေဖက်ကောကို ရှောင်နေရတော့မယ်ထင်တယ် အဟိ 😛

    Reply

  • naywoonni

    May 22, 2011 at 1:24 pm

    ကိုဖက်နော်…….. ဟင်း ဟင်း ဟင်းးးးးးးးးး 😀

    Reply

    • ဆူး

      May 22, 2011 at 1:40 pm

      အဘနီ ဟင်း ပဲလား ထမင်းကော မပါဘူးလား။

      Reply

    • char too lan

      May 23, 2011 at 5:01 am

      လေးနီရဲ ့ ဟင်း ဟင်း ဟင်းးးးး ဆိုတာ
      တော် သေးးး ဒါ ပေါ့ လို့ သဘောပါတယ်ဗျ 🙂

      Reply

  • kopauk mandalay

    May 23, 2011 at 12:26 pm

    မမ ရေ လက်ခုပ်တီးပေးလို်က်ပါတယ်

    Reply

    • bigcat

      May 24, 2011 at 1:30 am

      ဖြောင်းဖြောင်းဖြောင်းဖြောင်းဖြောင်း…. ဦးပေါက်လက်ခုပ်တီးတာ အသံမမြည်လို့ပါ…. 😀

      Reply

  • MaMa

    May 24, 2011 at 1:36 am

    တစ်ခန်းရပ်ပြဇာတ်ကရင် အသံမြည်အောင် လက်ခုပ်တီးပေးတဲ့ ကိုကြောင်ကြီးကို သားဖက်နေရာမှာ ပါဝင်သရုပ်ဆောင်ခွင့်ပေးမယ်။

    Reply

  • မမလေး

    May 25, 2011 at 5:39 pm

    သမီးကိုကျတော့ ပစ်ထားကြတယ် ..:(

    Reply

  • MaMa

    May 25, 2011 at 11:31 pm

    မမလေးကိုတော့ တခန်းရပ်ပြဇာတ်မှာ မနောဗေဒင်ဟောတဲ့ ကုလားမလေး နေရာပေးမယ်လေ။ 🙂

    Reply

  • fatty

    May 27, 2011 at 7:13 am

    မမလေးကို ပြစ်ထားတာမဟုတ်ရပါဘူး………………………
    လူဆိုးတွေနဲ့ တိုင်ပင်နေတုန်းမို့ပါ ………………………။
    ကိုအောင်ပုတို့ ကိုကြောင်ကြီးတို့ ကိုပေါက် တို့နဲ့ တိုင်ပင်တုန်း ………………….။

    Reply

  • photwenty

    May 27, 2011 at 10:02 am

    အဲဗျာ
    ဦးဖက်ပြောပုံကြီးက မမလေးကို ခိုးဖို.
    လူဆိုးတွေနဲ. တိုင်ပင်သလိုကြီးဖြစ်မနေဘူးလားဗျာ

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.