စပ်မိ စပ်ရာ (၇)

nagargyiMay 16, 20111min03

တစ်ခါတစ်လေ ကြားတတ်ကြပါတယ်။ ယောကျာ်းမို့ မိန်းမမို့ ဘယ်လူမျိုးမို့ ဘယ်ဘာသာမို့ ဒီလိုလုပ်တာ ဆိုတာပါ။ အမှန်က လူတစ်ဦးချင်းစီရဲ့ လုပ်ဆောင်မှု့နဲ့ပဲ ဆိုင်တာပါ။
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ လူတစ်ယောက်ရှိ ပါတယ်။ သူဟာ အိမ်ထောင်လည်း မရှိပါဘူး။ လူလတ်ပိုင်းအရွယ် လူပျိုကြီး ဆိုပါတော့။ သူဟာ တစ်နေ့ကြတော့ မိန်းကလေးတစ်ယောက် ကိုတွေ့ပြီး ကြိုက်မိတယ်။ မိန်းကလေး ဆိုပေမယ့် သူ့နဲ့အသက် တူတူလောက် ပါပဲ။ စုံစမ်းကြည့်တော့ မိန်းကလေးမှာ အိမ်ထောင်ရှိကြောင်း သိရတယ်။ သူကလည်း ဒီမိန်းကလေးကိုပဲ စွဲလန်းနေတယ်။ နောက်တော့ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး။ မိန်းကလေးနဲ့ ချစ်ကြိုက် သွားတယ်။ နောက်တော့ မိန်းကလေးရဲ့ ယောကျာ်းလည်း သိသွားပြီး ပြဿနာတွေတက် ရုံးတွေရောက် ဖြစ်တာပေါ့။ သူလည်း အလုပ်တွေပျက် အရှက်တစ်ကွဲ ဖြစ်ကျန်ခဲ့တယ်။ ဟိုလင်မယား ကတော့ ကလေးတွေ မျက်နှာနဲ့ ပြန်ပေါင်းသွားကြ တာပေါ့။
မိန်းကလေးတစ်ယောက်။ လူငယ်ပဲ ရှိသေးတယ်။ ရုပ်လေးကလဲ ချောတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သူ့ကံတော့ မကောင်းရှာဘူး။ သူ့ယောကျာ်းက ငယ်ငယ်ရွယ်ရွယ်နဲ့
ဆုံးသွားလို့ ခါလည်အရွယ် ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တာပေါ့။ ကလေးကို နယ်မှာ မိဘတွေနဲ့ထားခဲ့ပြီး ရန်ကုန်မှာ အလုပ်လာရှာတယ်။ အဆက်အသွယ်နဲ့ အနှိပ်ခန်းမှာ အလုပ်ရရော။ သူက ရုပ်ကလည်းရှိ၊ အပြောအဆိုကလည်း ကောင်းဆိုတော့ ဧည့်သည်ကလည်း ရတာပေါ့။ အဲ့ဒီမှာ ဧည့်သည်တွေထဲက လူကြီးတစ်ယောက်နဲ့ တော်တော်ရင်းနှီး လာတယ်။ အဲဒီလူကြီးက ရွှေဆိုင်ပိုင်ရှင်။ သူ့မှာ မိန်းမရော ကလေးရောရှိတယ်။ ကလေးတွေကလည်း အရွယ်မရောက် သေးဘူး။ သူက ကောင်မလေး ယောကျာ်းဆုံးတာ။ ကလေးတစ်ယောက် ရှိတာကို ကောင်းမလေး ပြောပြထားလို့ အကုန်သိတယ်။ နောက်ဆုံး အဲဒီမိန်းကလေးကို စွဲလန်းပြီး ယူမယ်လုပ်ရော။ အိမ်က မိန်းမလဲ သိပြီး ကောင်မလေးကို သူတို့ရဲ့ အခြေအနေ ကလေးတွေရဲ့ အကြောင်း ပြောပြပြီး အသနားခံတယ်။ ကောင်မလေး အနေနဲ့ တင့်တောင့်တင့်တယ်နဲ့ ကိုယ့်ကလေးနဲ့ နေနိုင်မယ့် အခြေအနေပါ။ ဒါပေမယ့် သူများ အိမ်ထောင်ရေး ပြိုကွဲပြီး ကလေးတွေ ဒုက္ခရောက်မှာ စိုးလို့ လူကြီးကို မယူနိုင်ကြောင်း ပြောပြတယ်။ ဒါပေမယ့် လူကြီးက မိန်းမနဲ့ ကွာရှင်းဖို့ အထိလုပ်လာတော့ သူလည်း အလုပ်က ထွက်ပြီး နယ်ပြန်သွား တော့တယ်။
အဲဒီ မိန်းကလေးကို သူလုပ်နေတဲ့ အလုပ်ပဲ ကြည့်ပြီးပြောရင် သူဟာ အဲဒီလူကို လက်မခံ နိုင်စရာ မရှိဘူး။ လူတိုင်းကလည်း ဒီလိုပဲ ယူဆတယ်။ ဒါပေမယ့် အဲ့ဒီလူရဲ့ မိန်းမနဲ့ ကလေးတွေကို ကိုယ်ချင်းစာပြီး လက်မခံခဲ့ဘူး။
ဒါကြောင့် လူတစ်ယောက်ကို သူ့အနေအထိုင် အလုပ်အကိုင် အပြောအဆို ကိုကြည့်ပြီး အလွယ်တကူ မဆုံးဖြတ်သင့်ဘူး လို့ထင်တယ်။ နောက်ပြီး ကိစ္စတစ်ခုကို ကြည့်ပြီး ယောကျာ်းလေးမို့ ဒီလိုလုပ်တာ မိန်းကလေးမို့ ဒီလိုလုပ်တာလို့ မပြောဘဲ လူတစ်ဦးချင်းစီ ကိုသာကြည့်ပြီး သူကောင်းတယ် မကောင်းဘူး လို့ပြောသင့်ပါတယ်။

3 comments

  • manawphyulay

    May 16, 2011 at 3:33 am

    လူတစ်ဦးချင်းစီ ကိုသာကြည့်ပြီး သူကောင်းတယ် မကောင်းဘူး လို့ပြောသင့်ပါတယ်။
    Right,so good. Nice post! Good Idea….

    Reply

  • athaylay

    May 16, 2011 at 9:25 am

    ဟုတ်တယ်နော်။

    Reply

  • unclegyi1974

    May 17, 2011 at 3:56 pm

    ယောကျာ်း မိန်းမ
    ပညာတတ် ပညာမတတ်
    ရာထူးရှိ ရာထူးမရှိ
    ဆင်းရဲ ချမ်းသာ
    ဒါတွေက တခုမှလူကိုကောင်းတယ်ဆိုးတယ်
    မသတ်မှတ်ပါဖူး
    လူတယောက်စီရဲ့ရင်းတွင်းစိတ်
    ကမှလူတွေရဲ့အသိစိတ်ဘယ်လောက်ရှိတယ်
    ဆိုတာသတ်မှတ်တယ်လို့မှတ်ပါတယ်

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.