အိုဘယ့် မိန်းမသား

စဆရ ႀကီးMay 14, 20111min08

တစ်ချို့တွေကဆိုင် ပိုင်ဖို့တော့ မတတ်နိုင်ကြဘူး
တစ်ချို့တွေကတော့ ပိုင် ဆိုင်ချင်တာ မရနိုင်ကြဘူး
ပေးသလောက် ပြန်မရတာ ဒီအချစ်။

မာနတွေ၊ ပကာသနတွေခဝါချ
လူဆိုတာအတိုင်းသားကြည့်မယ်ဆို
ဒွါရပေါင်းစုံက အရိအရွဲပေါင်းစုံ စီးကျနေတာလား။

ငါ့မှာပြောစရာ မိဘရှိသလို
မင်းမှာ ပြစရာ မိဘရှိမှာပဲ
ယောကျာ်းနဲ့မိန်းမ သွေးသားတောင်းဆိုမှုကြောင့်ပဲဆိုဆို
လူအချင်းချင်း ပေါင်းဖက်ကြတာကို
ခပ်ပါးပါးဝတ်ရုံခြုံ၊ လှတတ ကင်ပွန်းတပ်တာက
“အချစ်”ဆိုတဲ့ ငမိုက်သား။

တဏှာတွေကဲတယ်ပဲဆိုဆို
စိတ်ထဲမှာ ကြိတ်ကြံတာက အသင်မိန်းမသား။

ဒါကိုပဲ လမ်းရိုးလိုက်လို့
ရှေးစကား ပြောကာပြမယ်
“ချစ်တယ်”
အို မိန်းမသား။ ။

8 comments

  • nigimi77

    May 15, 2011 at 4:15 am

    ကျုပ်အမြင်ကိုပြောတာပါ။

    ယောကျာင်္းတစ်ယောက်က မိန်းမတစ်ယောက်ကို “ချစ်တယ်” လို ့ပြောတာဟာ ” လိင်ဆက်ဆံခွင့်ပြုပါ”

    မိန်းမတစ်ယောက်က ယောကျာင်္းတစ်ယောက်ကို “ချစ်တယ်” လို ့ပြောတာဟာ “လိင်ဆက်ဆံခွင့်ပြုပါတယ်”

    လို ့ ပြောတဲ့ အဓိပါယ် လို ့ ယူဆပါတယ်။ အချိုပေါ် သကာလောင်းတဲ့ အနေနဲ ့ စကားလှအောင် “ချစ်တယ်”

    ဆိုတာကို ဘန်းပြကြတာပါ။ အချစ်ဆိုတာ တကယ်မရှိပါ။ သို ့သော်လည်း လူ ့ကျင့်ဝတ်၊ စွဲလမ်းစိတ်၊ ယုံကြည်အားထားမှု ၊ တပ်မက်မှု ၊ လိုအပ်ချက်တို ့ပေါင်းစပ်ပြီး ဒွန်တွဲနေကြတာပေါ့။

    Reply

    • hmee

      May 15, 2011 at 10:53 am

      nigimi77 ရေ မှီက အပြုသဘော ဝင်ဆွေးနွေးမှာနော်။ အိမ်ထောင်ပြုတယ်ဆိုတာ တဏှာ ဆိုတာထက် အများကြီးပိုတယ်နော်။ တကယ်တော့ သံယောဇဉ်က အဓိကြတယ်နော်။ တဏှာကို အရင်းခံတယ် ဆိုရင် အဲ့ဒီ့ အိမ်ထောင်မမြဲလောက်ဘူး။ ဘာလို့လဲဆိုတော့ တချို့အိမ်ထောင်တွေမှာ သွေးသားဆူဖြိုးတဲ့ အရွယ်ဖြစ်ပေမဲ့ တယောက်နဲ့တယောက်ကြင်ကြင်နာနာ တဏှာကို ဦးစားမပေးပဲ မောင်နှမတွေလို နေတဲ့သူတွေရှိတယ်နော်။ အလှအပကြောင့်ဆိုရင်လည်း အလှဆိုတာ စပါးစေ့ တထောက်စာပဲရှိတာမို. အသက် ၄ဝ ကျော်တာနဲ့ပျက်ပြီလေ။ ဒါပေမဲ့ အဖိုးကြီး၊ အဖွားကြီး ဖြစ်ချိန်ထိ ချစ်ချစ်ခင်ခင် ကြင်နာနေတာတွေ ရှိတယ်နော်။ တကယ်ဆိုရင် ချစ်ဲခင်းမေတ္တာက အရမ်းသိမ့်မွေ့ပါတယ်။ နားလည်အောင်ရှင်းပြလို့ ခက်နိုင်ကောင်းပေမဲ့ တကယ်လက်တွေ့ ခံစားသူတွေကတော့ သိကြပါလိမ့်မယ်။ သားသမီးနဲ့ ပတ်သက်ပြီးမှ အမျိုးတော်ရတဲ့ အနီးကပ်ဆုံး တစိမ်းတွေဆိုပေမဲ့ သားတို့အဖေ၊ သားတို့အမေ ဆိုပြီးချစ်လာတဲ့ အခါ တဏှာအချစ်ဟာ အဓိကမဟုတ်တော့ဘူးနော်။ nigimi77 လည်း အိမ်ထောင်ပြုပြီး သားသားမီးမီးလေးတွေ ယူကြည့်ပါလား အော်…လင်မယားချစ်ဆိုတာ ဒါပါလား။ အသည်းထဲမှာ နင့်နေအောင်ချစ်တယ်ဆိုတာ သားသမီးကိုပါလားလို့ သိလာလိမ့်မယ်နော်။ …:) 🙂

      Reply

  • Ko Ko Aung

    May 15, 2011 at 5:28 am

    ကျွန်တော့်အမြင်ကတမျိုး ….
    တစိမ်းမိန်းကလေးနဲ့ ယောကျင်္ားလေး နှစ်ယောက်ကြားက အချစ် ဆိုတာ “ ကြိုက်တာ တော်တော်များများကို အခြေခံထားတဲ့ ထူးဆန်းတဲ့ စွဲလမ်းစိတ်တမျိုး ” ပါ။ အဲဒီထဲမှာ လိင်စိတ်က အဓီက ဟုတ်ချင်မှ ဟုတ်မှာပါ။
    တဖြေးဖြေးအချိန်ကြာလာတော့ ကြိုက်တာလေးတွေ နဲနဲစီလျော့လာတယ်။ အဲဒီတော့ ချစ်တယ် ဆိုတဲ့စွဲလမ်းစိတ်တွေလဲ နဲနဲစီ လိုက်လျော့လာတယ်။
    အချိန်ကြာ အသက်ကြီးလာတဲ့အခါ အချစ်ဆိုတာ ဘာမှမဟုတ်တော့ဘူး။
    ငယ်ငယ်တုန်းကတော့ တကယ်ဟုတ်ပါတယ်။

    Reply

  • ကျွန်တော်က အတွေးစလေးချပေးလိုက်တာ
    ပုံစံတစ်မျိုးနဲ့ရောက်သွားအောင်ပေါ့
    တွေးမိတဲ့သူတွေနဲ့ အပြန်အလှန် ဆွေးနွေးချင်ပါသေးတယ်..

    Reply

  • OQ23

    May 15, 2011 at 3:33 pm

    သူ့ဟာနဲ့သူတော့အမျိူးမျိူး ရှိပါတယ်။
    ခံစား ချက်ပေါ့နော်။

    Reply

  • kopauk mandalay

    May 15, 2011 at 4:14 pm

    မမန်းတော့ဘူး ကဗျာတပု်ဒ်ရေးပြီး တင်ပေးလိုက်တော့မယ်။

    Reply

  • nature

    May 15, 2011 at 5:21 pm

    မေတ္တာကြွေးရှိတဲ့သူတွေကတော့တဖက်သတ်အချစ်နဲ့စွဲလမ်းပြီး တဖက်သတ် ပေးဆပ်ရတတ်တယ်လို့ကြားဖူးပါတယ်။

    Reply

  • nagargyi

    May 16, 2011 at 3:56 am

    အိမ်ထောင်ကျ တာကတော့ တစ်ယောက်နဲ့တစ်ယောက် ကြိုက်တဲ့အချက်ရှိလို့ ဒါမှမဟုတ် မိဘပေးစားလို့ ဖြစ်နိူင်ပါတယ်။ အဲ့ဒီအချိန်မှာ သံယောဇဉ်ရှိလို့ ဆိုတာကြောင့် ယူကြတာ နည်းပါလိမ့်။ ဒါပေမယ့် အနေကြာ လာတဲ့အခါ လူလူချင်း သံယောဇဉ်ဆိုတာ ဖြစ်ကြတာပါပဲ။ ကလေးရှိရင်တော့ ပိုပြီး သံယောဇဉ် တွယ်တာပေါ့။
    သွေးသားဆန္ဒ ကတော့ တစ်ပိုင်းလို့ မြင်တယ်။ အဲ့ဒါမရှိရင်လည်း အိမ်ထောင်တော်တော်များများ အဆင်ပြေလိမ့်မယ်လို့ မမြင်ပါဘူး။

    Reply

Leave a Reply to ရှူံးနိမ့်မှုများနဲ့.. လူ Cancel Reply

Your email address will not be published.