Help Me !!!

မမေလးMay 14, 20111min023

ဆံပင်က မျိုးရိုးမရှိပဲနဲ့ ဖြူနေပါတယ် … ထွက်လာတာကိုက အဖြူပဲထွက်တယ် ။ သူငယ်ချင်း ဆရာဝန်သွားပြတော့ ဆံပင်တိုတိုလေးညှပ်လိုက်တဲ့ … ဆံပင်ကရှည်နေတော့ အားတွေကအလုံအလောက်မရလို့ဖြူတာဲ့ … ခု ကတုံးတောင် တုံးလို့ထွက်လာတာကိုက ဖြူနေတာ … အဲ့ဒါဘယ်လိုလုပ်ရမလဲ … အုန်းဆီလည်းလိမ်းတယ် .. မထူးတာနဲ့ လက်ဖက်ခြောက်ကိုလှော်ပြီး အုန်းဆီနဲ့ကြိုလိမ်းတယ် … ထောလပတ်ရွက် ခြေလိမ်းတယ် … အုန်းဆီထဲစိမ်လိမ်းတယ် … ဆံပငါမဲတဲ့ ခေါင်းလျှော်ရှည် ပဝမ် နဲ့လည်း နေ့တိုင်းလျှော်တယ် … ရှားစောင်းလက်ပတ် လည်းပွတ်တယ် … တြိရတနာလည်း လိမ်းတယ် … သံလွင်ဆီလည်းလိမ်းတယ် … ခု ဆရာရဲ ဆိုတာ ဒီနေ့မှ ဝယ်ပြီး စမ်းလိမ်းနေတယ် … အားလုံးကို တစ်ပြိုင်နက်တည်း လိမ်းတာမဟုတ်ဘူးနော် … တစ်ခု မစွမ်းလို့ တစ်ခုပြောင်းကြည့်တာ ခုထက်ထိတော့ အဖြူတွေထွက်တုန်းပဲ အများကြီးဖြစ်နေလို့ … မြန်မြန်နဲ့ မဲအောင် လုပ်လို့ရတဲ့နည်းရှိရင်ပြောပြကြပါဦး …

 

*ခု ဝ လာလို့ ပိန်ချင်တယ် … သက်တောင့်သက်သာနဲ့ ပိန်သွားအောင်ဘယ်လိုလုပ်ရမလဲ … ပိန်ဆေးစားလို့ရှိရင် လေးနှစ်လောက်ရုပ်ရင့်သွားတယ်တဲ့ … ကြောက်လို့ ခုတော့ ခါးကွင်းလှည့်နေတယ် …အဓိကကတော့ ပေါင်ဘေးသားနဲ့ ခြေသလုံးကို ကျချင်တာ … ခါးတွေ ဗိုက်တွေ လက်တွေက အဲ့လောက် မသိသာဘူး … အဲ့ဒီ ပေါင်နဲ့ ခြေသလုံးကတော့ သိသာတယ် … အယ်ဆိုင်းဇီ အဆီစုတ်ထုတ်တယ်လို့ကြားဖူးတယ် ။။။ ဘာကြီးနဲ့ စုတ်ထုတ်လိုက်တာလဲမသိဘူးနော်  ..

*အရပ်က ကတုံးတုံးရင် ရှည်တယ်ဆိုပြီး ခုရှည်လည်းမရှည်လာဘူး … အဖေ အမေ အစ်ကိုတွေက အားလုံးအရပ်ရှည်တယ် … အရပ်ရှည်ဆေးလည်းဝယ်သောက်တယ် … အပေါ်မထွက်ပဲ ဘေးကားလာတယ် … ယောဂဆော့ရင် အရပ်ရှည်တယ်ဆိုလို့ ဆော့တာပဲ .. ဒီလောက်ကဲ … ဘယ်လိုလုပ်ရင် အရပ်ရှည်မှာလဲ …

 

23 comments

  • TNO

    May 14, 2011 at 4:28 pm

    နေကြာဆီ စားကြည့်ပါလား၊ အခုသုံးနေတဲ ့စားသုံးဆီ အစား နေကြာဆီကို ပြောင်းသုံးကြည့်ပါ၊ မိတ်ဆွေတယောက် လက်တွေ ့သုံးတာ ဆံပင်တွေ ပြန်နက်လာပါတယ်

    Reply

  • MaMa

    May 15, 2011 at 12:31 am

    ဆံပင်ဆိုးဆေးတွေက အန ္တရာယ်ရှိနိုင်လို့ ဆံပင်ဖြူနေတဲ့ (အသက်ကြီးလို့) သူငယ်ချင်းဆရာဝန်တစ်ယောက်က ဒါန်းဆိုးပါတယ်။ ဒါန်းပင်က လမ်းဘေးမှာပေါက်နေတာကို လိုက်ခူးလို့ရတယ်။ အဲဒီအရွက်ကို ထုထောင်းပြီး ခေါင်းလျှော်ပြီးတိုင်း ဆိုးတာပဲ။ ခုခေတ်က ဆံပင်ကို အနီတွေ အညိုတွေဆိုးတဲ့ခေတ်ဆိုတော့ အတော်ပဲ။ ၁ဝနှစ်လောက် ငယ်သွားတယ်လို့တောင် ထင်ရတယ်။ အရပ်ရှည်ဖို့အတွက် ရေကူးကြည့်ပါလား။

    Reply

  • manawphyulay

    May 15, 2011 at 1:05 pm

    ထောလပတ်ရွက်ကို အခြောက်လှမ်းပြီး အုန်းဆီနဲ့စိမ်ပြီး နေ့တိုင်းလိမ်းရင်လည်း ပြန်မည်းလာပါလိမ့်မယ်။

    Reply

  • sayargyi

    May 15, 2011 at 2:31 pm

    သံပုရာသီးအစေ့ကို ခေါင်းလိမ်းဆီတခုခုနဲ့စိမ်ပြီး လိမ်းပေးရင်နက်လာတယ်လို့ သိရပါတယ်
    ပိန်အောင်လို့ကတော့ အပေါင်ပစ္စည်းမယူဘဲ(အလွတ်)ငွေများများချေးလိုက်ပါ
    ၁ နှစ်မပြည့်ခင် သိသိသာသာပိန်သွားပါ့မယ်

    Reply

  • ဆူး

    May 15, 2011 at 3:03 pm

    မမလေး ရယ်.. အတော်ကို အပူအပင်တွေ ကြီးမားနေတာပါပဲလား။
    ရတာ မလို လိုတာ မရ ဖြစ်နေတာတော့ မကောင်းဘူး။
    ရတာကို အဆင်ပြေသလို ပြောင်းလဲ သင့်တယ်။

    Reply

  • မမလေး

    May 15, 2011 at 3:04 pm

    မမ … ဒါန်း ပင်က ဆိုးရတာလား … တဖြည်းဖြည်းပြန်မဲလာတာလား … ဒါန်းပင်က ဘယ်လိုလဲ မမြင်ဖူးဘူး … ရေကကူးတယ် ၆ တန်းလောက်တုန်းက အသားမဲလာလို့ မကူးဖြစ်တော့ဘူး … ဟိုးတစ်လောကတော့ တစ်လတိတိ နေ့တိုင်းသွားကူးဖြစ်တယ် … ခေါင်းကိုက်တယ် ပြီးတော့ ဝ လာတယ် … ဒါနဲ့ ရေမကူးဖြစ်တော့ဘူး … အသားမဲမှာလဲဆိုးတယ် ဟိးဟီး

    Reply

  • မမလေး

    May 15, 2011 at 3:09 pm

    မနောဖြူလေး အဲ့ဒီနည်းက စမ်းပြီးပြီ မထူးလာဘူး ဖြစ်နေတယ် …
    ဆရာကြီး သံပုရာသီးအစိကို နေလှမ်းရဦးမှာလား …
    မမဆူးရေ … အခုရတာကိုပဲ အဆင်ပြေသလို ပြောင်းလဲဖို့ အကူအညီလှမ်းတောင်းနေတာလေ … 😛

    စကားမစပ် … သမီးရဲ့ လက်သည်းက အရှည်ထားလို့မရဘူး ပျော့ပျော့ပြီး ကျိူးသွားတယ် … ပြီးတော့ လက်သည်း ထောင့် အသားနဲ့ ထိတဲ့နေရာလေးကလည်း တစ်ချက်တစ်ချက်ဆို နာတယ် … ဘယ်လိုလုပ်ရမလဲ …

    Reply

  • nature

    May 15, 2011 at 4:31 pm

    အရပ်ရှည်ချင်ရင်တော့ အိပ်ခါနီးနေ့တိုင်းမှန်မှန် နွားနို့ သောက်ပါ၊ လက်တွေ့နည်းတခုပါ။

    Reply

  • nature

    May 15, 2011 at 4:38 pm

    ဗိုက်အဆီကျချင်ရင်တော့နေ့တိုင်းအိပ်ထလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အိပ်ခါနီး အစားမစားပါနဲ့၊ ထမင်းစားရင် ဟင်းအနှစ်ဆမ်းမစားပါနဲ့၊ အသီးအရွက်နဲ့ အပြုတ်များများစားပါ။တတ်နိုင်ရင်ဥပုသ်စောင့်ပါ။

    Reply

  • kai

    May 15, 2011 at 8:37 pm

    ဖြစ်ချင်တာတွေ… တကယ်(တကယ်)ဖြစ်ချင်ရင်…
    ၁) ဟိုလူပြောယုံ.. လုပ်ကြည့်..။ ဒီလူပြော ..စမ်းကြည့် မလုပ်ပါနဲ့..။
    ၂) ဆေးမြီးတို ဆိုတာ နိုင်ငံတိုင်းမှာရှိပါတယ်.။ ဆေးမြီးတိုဆိုတာ.. ဆေးမြီးရှည်မဟုတ်တာ ..သေသေချာချာ သဘောပေါက်ပါ..။
    ၃) နားလည်ကျွမ်းကျင်တဲ့.. ပရောဖက်ရှင်နယ် လက်မှတ်ရှိသူတွေကိုတိုင်ပင်ပါ..။
    မြန်မာပြည်မှာဆိုရင်တော့ ..ဆရာဝန်တွေကို မေးပါ..။ရွာထဲမလည်း ဆရာဝန်တွေရှိပါတယ်.။ သီးသန့်ချိန်းပြီးသွားမေးပါ..။ 🙂
    အလကားမမေးပါနဲ့..။ ပရို(ပရောဖက်ရှင်နယ်)တွေဆိုတာ.. တန်ရာကြေးပေးရပါတယ်.။
    တန်ရာတန်ဖိုးပေးမေးပေါ့နော.။
    သူတို့က.. ငွေမယူဘူးဆိုရင်တောင်… (အနည်းဆုံးတော့).. ရွာသူလေးမမ သိထားတဲ့..မုန့်ဆိုင်စာရင်းထဲက.. ၃-၄ခုလောက် လိုက်ကြွေးလိုက်ပေါ့..။ 🙂

    Reply

  • MaMa

    May 15, 2011 at 11:57 pm

    မမလေးရေ- စာကို ခုမှတွေ့တယ်။ ရှေ့က သဂျီးမန့်ထားတာကို ကြည့်ပြီး ပြောရမှာတောင် လန့်နေတယ်။ ဒါန်းပင်က သိကြတဲ့လူ များပါတယ်။ လူကြီးတွေကို မေးကြည့်ပါ။ ကုလားမတွေ လက်သည်းမှာဆိုးတဲ့ ဒါန်းကို ပြောတာပါ။ တဖြည်းဖြည်း ပြန်မဲလာတာမဟုတ်ဘူး။ ဒါန်းရောင် (ရွှေရောင်လိုမျိုး) ဖြစ်သွားတာ။ ခုခေတ် ဆံပင်မဲနေတဲ့ လူတွေဆိုးနေကြသလိုပေ့ါ။ နောက်မှ မဲချင်ရင် ဒါန်းနဲ့ ထောလပတ်ရွက် ရောပြီးဆိုးပေါ့။

    Reply

  • မမလေး

    May 16, 2011 at 7:50 am

    ကို nature … သီလရှင် ၁ လတိတိဝတ်တာ ဥပုလ် ၁ လ တိတိစောင့်ရတယ် … လူလည်းထွက်ရော ၈ ပေါင်တောင် ဝ လာတာနော် … ကိုယ်တွေ့ ကိုယ်တွေ့
    အရင်ကတော့ ပဲနို့ မနက် ၁ ဘူး ည ၁ ဘူးသောက်ဖြစ်တယ် ခုပြန်သောက်မယ်လေ ဘယ်နှလလောက်သောက်မှထူးခြားမှာတုန်း …

    ကိုကိုင်း ဆိုတာ သူကြီးလား ဟုတ်လား … အထူးကုန်ဆရာဝန်တွေဆီတော့ သွားမမေးပါရစေနဲ့ ကိုယ့်မုန့်ဖိုးတောင် ကိုယ်သုံးလို့မလောက်လို့ပါ 😛

    Reply

  • photwenty

    May 16, 2011 at 9:47 am

    ကျနော်သိသလောက်နည်းနည်းပွားပေးပါမယ်

    မိန်းကလေးတွေက အသက် ၂၁ နှစ်နောက်ပိုင်းဆိုရင် ဘယ်လိုမှအရပ်မရှည်နိုင်တော.ပါဘူး
    ယောက်ကျားလေးတွေကတော. ၂၃ နှစ်နောက်ပိုင်းပါ
    အရပ်ရှည်ချင်ရင်တော. လည်ပင်းကြီုးဆိုးပြီး ခုန်ချဖို.ပဲနည်းလမ်းရှိမှာပါ အမှန်တကယ်ကိုပြောတာပါ
    ပိန်ချင်ရင်တော. နံနက်စောစောအပြေးလေ.ကျင်.ခန်းလုပ်ပါ ရေချိုးခါနီးမှာ အိပ်ထမတင်လေ.ကျင်.ခန်းလုပ်ပါ ထိုင်ထလုပ်တာကတော. အဆီကျပါတယ်
    ဘေးထွက်ဆိုးကျိုးက တင်ပုဆုံရိုးကြီးလာတဲ.အတွက် အဲ ရှင်းရှင်းပြောရရင် တင်ကြီးပါတယ်
    ဆံပင်နက်ချင်ရင်တော. ရှားစောင်းလက်ပတ် ချက်ဆေးကိုစားပါ မြန်မာဆေးတွေက အနည်းဆုံး ၄၅ ရက် လောက်စားမှ အာနိသင်ပြတာပါ ဆေးတွေကို ဆုံနေအောင်မစားပါနဲ.လို.အကြံပြုပါရစေ
    ဆံပင်နက်ဖို. အကောင်းဆုံးနည်းလမ်းကိုရှာနေပါတယ် သိရင် ထပ်တင်ပေးပါမယ် မမလေးခင်ဗျား
    အောင်မြင်ပါစေ

    Reply

  • photwenty

    May 16, 2011 at 9:50 am

    မိန်းခလေးများအနေနဲ.နွားနို.အရမ်းသောက်တာမကောင်းပါဘူး
    အရပ်ပုတဲ.မိန်းခလေးများ ဆိုရင် ကိုယ်ဝန်ရလာရင် အမွှာပူးမွေးဖို.ရာခိုင်နှုန်းပိုများပါတယ်

    Reply

  • weiwei

    May 16, 2011 at 10:41 am

    အပေါ်ယံအလှအပတွေထက် စိတ်လှဖို့က ပိုအရေးကြီးပါတယ် မမလေးရယ် …
    မမလေးရဲ့ ပို့စ်တွေ ကွန်မန့်တွေဖတ်ရတာနဲ့တင် စိတ်သဘောထားရိုးသားပွင့်လင်းတဲ့သူဆိုတာ သိသာနေပါတယ် …

    တချို့ကောင်လေးတွေက ဝတာလေးမှ ကြိုက်တာတဲ့ … 😛
    ပုတော့ နုတယ်တဲ့ 😛

    Reply

  • မမလေး

    May 16, 2011 at 10:53 am

    ကိုဖိုး20 … ရှားစောင်းကို ဘယ်လိုချက်စားရမှာလဲ … အမွှာပူးတော့ လိုချင်သား ဟိးဟီး …. သမီးက ခုမှ ၁၉ နှစ်ပဲရှိပါသေးတယ် … ရှည်နိုင်လောက်သေးတယ် … Bus ကားစီးရင် ဒုတ်ခရောက်တယ် ပုရင် တန်းမမှီ ဘာမမှီနဲ့ …

    Reply

  • မမလေး

    May 16, 2011 at 10:57 am

    မမဝေ … ကျေးဇူးပါ … သမီးက စိတ်ကတော့ မပုပ်တတ်တာ အမှန်ပဲ … generous girl လေးပါ … ဟီးဟီး … ဟဲဟဲ အပေါ်ယံ မလှမပ လို့လဲမဖြစ်သေးဘူးမမရေ … မလှမပနဲ့ သမီးမကြိုက်ပါဘူး …
    ( ခုလောလောဆယ်တော့ ခုလိမ်းနေတဲ့ ခေါင်းလိမ်းဆီထဲမှာ သံပုရာစိ ထည့်ဖို့သွားလုပ်လိုက်ဦးမယ် )

    Reply

  • nature

    May 16, 2011 at 11:25 am

    ၁လမရရင်တော့မမလေးရေ ပိန်ချင်ရင် တသက်လုံးသာစောင့်ပေတော့။ 🙂

    Reply

  • sayargyi

    May 16, 2011 at 3:17 pm

    သံပုရာသီးအစေ့ကနေမလှမ်းရဘူးတဲ့…ဒီအတိုင်းလေသလပ်ထားပြီး ထည့်လိုက်ရင်ရပါတယ်…ပုလင်းတဝက်အထိအနဲဆုံးထည့်ပါ..သံပုရာစေ့ များများရအောင် အအေးဆိုင်လိုမျိုးမှာ အကူအညီတောင်းပြီးစုခိုင်းထားလိုက်ပေါ့
    ပိန်အောင်လို့ ပိုက်ဆံချေးချင်ရင်တော့ ကျွန်တော့်ကိုချေးလိုက်ပါ….

    Reply

  • naywoonni

    May 16, 2011 at 3:55 pm

    ပိန်ချင်ရင်တော့ အိပ်ယာထ ပလုပ်မကျင်းပဲ ရေအဝသောက်ပါ…။ မနက်စောစောနဲ့ ညပိုင်း နှစ်မိုင်လောက်ရောက်အောင်ပြေးပါ….။ နေရာမရှိရင်တော့ နေရာမရွှေ့ပဲနာရီဝက်လောက် ပြေးပါ ကျောမှာ တစ်ခုခု ပိုးထားနိုင်ရင်ပိုကောင်းပါတယ်…။ ဝတဲ့လူက အစားလျော့စားလေ ဝလေ ဖြစ်တတ်ပါတယ်…။ ဝမ်းမှန်အောင်ဂရုစိုက်ပါ။ ခြောက်ပတ် ဒါမှမဟုတ်ရင်ဂှစ်ပတ်အတွင်းပိန်သွားပါလိမ့်မယ်…။ ပိန်သွားရင်တောင် ပြေးတာကိုမရပ်သင့်ပါဘူးနော်….။ ဆံပင်က တော့ ကျွန်တော်လည်း ငှက်ဖျားဆေးတွေကြောင့် အသက် 30 မပြည့်ခင်ကတည်းကဖြူနေတာ မလုပ်တတ်ဘူး….။

    Reply

  • မမလေး

    May 16, 2011 at 4:25 pm

    ဆရာကြီး က နုံတယ်နော် … 😛
    ကိုနေဝန်းနီ … ဟိုမှာလေ သံပုရာစိ နဲ့ အုန်းဆီရောလိမ်းရင် အဆင်ပြေမယ်တဲ့ စမ်းကြည့်လေ … သမီးလည်း ဒီနေ့ စမ်းမလို့ပဲ ဘူးတစ်ဝက်ဆိုတော့ လည်းခက်သားဟ … မနက်ဖြန်မှ အအေးဆိုင်မှ အစိ သွားတောင်းရမယ် ..

    Reply

  • zoe

    May 17, 2011 at 4:33 am

    အင်း… ၁၉နှစ် မှာနောက်ထပ် အရပ်ရှည် ဖို့ သိပ်မ လွယ် တော့ ဘူး ။၊ဆံပင်နက်ဖို့က ဆိုး ဆေး ဆိုရင် ဒါန်း ပင်ကပိုကောင်း မယ် သဘာဝပစ္စည်း ဖြစ်လို့ ။ Hennaလို့ခေါ်တယ် ။ http://en.wikipedia.org/wiki/Henna ,http://www.hennaforhair.com၊,၊
    ိဒါ မှ မ ဟုတ် ဒီ လင့်ခ ကို ဖတ် ကြည့် ပါ လား ။ http://www.ehow.com/how_2087118_darken-hair-naturally.htm
    ပိန် ဖို့ က ပိန်ဆေး မစား နဲ့ (အများ အား ဖြင့် ဝမ်းနှုတ် ဆေး တွေ ပါ) အဆီ ထုတ် တာတွေ မလုပ် နဲ့ ။ အန္တရာယ် များတယ် ။ အစားကို ပုံမှန် ထက် နဲနဲ လျှော့စား ပြီး ကိုယ်နဲ့ သင့်လျော်မဲ့ လေ့ ကျင့်ခန်း ကို နေ့တိုင်း နာရိဝက် လုပ်ရင် တကယ် ပိန် တယ် ။ အန္တရာယ် လဲမရှိ ဘူး ။ စိတ်တော့ရှည်ရ မယ် ။ဒါပေမဲ့ အစိတ် ပိုင်း လိုက် အဆီ ကျ ချင် ရင်တော့ special လေ့ကျင့်ခန်း လုပ် ရတယ် ။ နား လည်တဲ့ ကာယ လေ့ကျင့်ခန်း နီးစပ် တဲ့ သူ ကို မေး သင့် တယ် ။http://www.ehow.com/how_5083653_slim-down-thighs.htm၊, http://www.superskinnyme.com/how-to-slim-down-big-thighs.html,
    နွားနို့ က အမျိုးသမီး တွေ အထူးလို အပ် တယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ အမျိုးသမီး တွေ အရိုးပွ ရောဂါ ဖြစ် တပ် လို့ပဲ ။
    အောင် မြင် ပါ စေ ။ 🙂 🙂

    Reply

  • မမလေး

    May 17, 2011 at 4:04 pm

    ကျေးဇူး အများကြီးအများကြီးအများကြီးကို တင်ပါတယ်နော် …

    Reply

Leave a Reply

Your email address will not be published.