မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီမှ ကျူးကျော်ဆိုင် များရှင်းလင်း။

kokyawMay 11, 20111min03

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီမှ ကျူးကျော်ဆိုင် များရှင်းလင်း။
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ မှတာဝန်ရှိ ဝန်ထမ်း များသည်

(၉-၅-၂၀၁၁)နေ့တွင် လည်းကောင်း၊ (၁၀-၅-၂၀၁၁)နေ့ တွင်လည်းကောင်း လမ်း(၈၀)ပေါ်ရှိ ပလက်ဖောင်းပေါ် တွင်  ရောင်းချလျက်ရှိသော လဘက်ရည် ဆိုင်များ၊အထည်ဆိုင်များ၊ ကွမ်းယာလှည်း များ၊ ကိုလက်မှတ်ရေးထိုးရှင်းလင်းခဲ့ပါသည်။

သို့ရာတွင် လမ်း(၈၀)ပေါ်တွင်(၂၆) လမ်းမှ(၃၅)လမ်းအတွင်းသာရှင်းခဲ့ပြီး၊ ပလက်ဖောင်းပေါ်သာမက ကတ္တရာလမ်းပေါ်တိုင် ကျူးကျော်ရောင်းချနေကြသော (၈၄)လမ်း၊ (၈၃)လမ်းများအပါအဝင် ကျန်နေရာတော်တော် များများမှာလည်း ရှင်းလင်းခံရခြင်း များ မတွေ့ရှိရသဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၏ ကွက်ကြားမိုး ရွာသွန်းဖြိုးဟု မန္တလေးမြို့ နေပြည်သူများပြောဆိုနေ ကြကြောင်းပါခင်ဗျာ။

3 comments

  • naywoonni

    May 12, 2011 at 7:12 am

    ပေါက္ခရ မိုးဆိုတာဒါမျိုးနဲ့တူပါရဲ့ ကိုကျော်ရေ……….။ ပေါကရ ရွာချင်တဲ့နေရာမှာရွာတာလေ…။ တိုင်တဲ့သူရှိတဲ့နေရာလောက်ပဲ လူမြင်အောင်ရှင်းပေးတာနေမှာပါ…။ ပြီးရင်အရင်ကထက် စည်းကမ်းမဲ့ဈေးသည်တွေစည်လညဦးမှာ ကြည့်ထား…။ ဒါမျိုးတွေက ရိုးနေပါပြီ..။ နှစ်လုံးသုံးလိုံးဒိုင်တွေနဲ့ ဟိုအဖွဲ့အစည်းလိုပဲ….။ စည်းကမ်းမဲ့ဈေးသည်တွေမရှိရင် စည်ပင်လည်း ရှိတော့မှာတောင်မဟုတ်ဘူး…။ သူရို့ဆီကမှ ပိုက်ဆံတောင်းချင်သလိုတောင်းလို့ရတာကလား..။.

    Reply

  • kltatdo

    May 12, 2011 at 11:21 am

    လမ်းဘေးဈေးသည်ဆိုတာ လူနေထူထပ်တဲ့ မြို့ကြီးတိုင်းမှာ ရှိကြတဲ့ ကိစ္စပါ။ သူတို့ကလည်း သမာအာဇီဝနဲ့ ရိုးရိုးသားသားလုပ်ကိုင်စားကြတဲ့ ပြည်သူတွေပါဘဲ။ ရန်ကုန် ၊မန္တလေးမြို့ ကြီးတွေမှာ အများဆုံးတွေ့ရမှာပါ။ လမ်း၊ပလက်ဖောင်း နဲ့ အများပြည်သူ သွားလာတဲ့အခါ အနှောက်အယှက် မဖြစ်ရအောင် ပလက်ဖောင်းပေါ်မှာနေရာသတ်မှတ်ပြီး လမ်းရှောက်နိုင်တဲ့အနေအထား (၄ပေ၊၅ပေ)ချန်ပြီးမန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ က ရှဉ့်လည်းရှောက်သာ…..ပျားလည်းစွဲသာ….ဆိုသလို စနစ်တကျနေရာစီစဉ်ပေးလိုက်ရင် နတ်လူသာဓု ခေါ်ကြမှာပါ။

    Reply

  • nature

    May 12, 2011 at 5:03 pm

    မြန်မာပြည်ဟာခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဆင့်မရောက်သေးသဖြင့် သန့်ရှင်းလှပဖို့ဆိုတာထက် သမာအာဇီဝလုပ်ကိုင်စားနေတဲ့ ပြည်သူများစားဝတ်နေရေးကိုဦးစားပေးသင့်ပါသည်၊ နိုင်ငံတော်က စံနစ်တကျ (လမ်းပိတ်ဆို့မှုမဖြစ်စေရန်) ဝိုင်ဝန်း ပံ့ပိုးပေးသင့်ပါသည်၊ ဖမ်းဆီးခြင်းအားဖြင့် ခါးပိုက်နှိုက်များ လုယက်သူများတဖြေးဖြေး တိုးပွါးလာစေနိုင်သည်ဟုထင်ပါသည်။ လမ်းဘေးဈေးသည်များတိုးပွားလာခြင်းသည် စားဝတ်နေရေးခက်ခဲသူများ များပြားလာခြင်းကြောင့်ဖြစ်နိုင်ပါသည်၊ လမ်းဘေးဈေးသည်များသည် သမာအာဇီဝလုပ်ကိုင်စားသောက်ခြင်းဖြစ်ပြီး သူတို့၏ မိသာစုစားဝတ်နေရေးကိုငဲ့သောအားဖြင့်မဖမ်းဆီးသင့်ဟုမြင်ပါသည်။ ဖမ်းဆီးပါကတဖြေးဖြေးဒုစရိုက်မှုများထူပြောလာစေနိုင်သည်ဟုမြင်ပါသည်။

    Reply

Leave a Reply

Your email address will not be published.