18 comments

  • susunosuki

    May 11, 2011 at 8:40 am

    ဦးနုကို ခုမှပဲသေချာမြင်ဖူးတော့တယ်။ ကျေးဇူးပဲဗျာ။ ဒါနဲ့ နောက်ခံက ဘယ်ဘုရားဖြစ်နိုင်လဲ။

  • nature

    May 11, 2011 at 11:30 am

    ဦးနုဟာကျနော်လေးစားတဲ့သူတယောက်ပါ၊ သာသနာတည်တန့်ပြန့်ပွါးရေးအတွက်အမြင်ကျယ်သူဖြစ်ပါတယ်။ သာသနာတည်တန့်ပြန့်ပွါးရေးအတွက်သင့်တော်မဲ့ မဟာစည်ဆရာတော်ဘုရားကြီးကို ရန်ကုန်ကိုပင့်ခဲ့ပါတယ်၊ပိဋကတ် ၃ပုံစာမေးပွဲတွေပြုလုပ်ပေးခဲ့ပါတယ်။

  • ဆူး

    May 11, 2011 at 1:34 pm

    ဦးနု ရဲ့ တပါတီ အာဏာ စနစ်ကနေစပြီး အိမ်စောင့်အစိုးရ ပေါ်လာရာက စလို့…..

  • MaMa

    May 11, 2011 at 2:09 pm

    အဲဒါမှ ရွှေခေတ် အစစ်ပဲ။ မြန်မာတွေ ကမာ္ဘကျော်ခဲ့တာ ပုံပြင်မဟုတ်ဘူး ပေါ့။

  • mielay

    May 11, 2011 at 2:19 pm

    ရွှေခေတ်ကို ပြန်မြင်ယောင်မိလို့ ကျေးဇူးတင်ပါတယ်။

  • Mee2

    May 11, 2011 at 4:50 pm

    ရွှေခေတ်လား မခေတ်လားတော့သိဘူး။ခုထက်ထိသူသွေးခွဲခဲ့တာတွေကြောင့်———

  • padonmar

    May 11, 2011 at 5:18 pm

    ၁၉၅၄ မေလ ၁ရ ရက်နေ့ ဆဌသင်္ဂါယနာတင်ပွဲကို ကမ္ဘာအေးစေတီမှာကျင်းပပါတယ်၊
    အခု Time က ၁၉၅၄ ဩဂုတ်လထုတ်ဆိုတော့ အဲဒီ အတွက်ဂုဏ်ုပြုတာဖြစ်နိုင်တော့
    ပုံထဲကစေတီဟာ ကမ္ဘာအေးစေတီဖြစ်မှာပါ၊
    ကြုံတုန်းကြွားရရင် ကျွန်မက ဦးနုတို့ ခင်နှင်းယုတို့ရဲ့ဇာတိကပါ၊
    ဦးနုပြည်ပြေးဘဝက ပြန်လာပြီး ဗောဓိပင်ကို ပင့်လာပြီး ဝါးခယ်မဘုရားကြီးထဲမှာ လာစိုက်တော့ တွေ့ခဲ့ဘူးပါတယ်၊
    အသက် ၈ဝကျော် ပဲပွဲစားကြီးတစ်ယောက်ကို အဘ ဘယ်ခေတ်အကြိုက်ဆုံးလဲမေးတော့ ဦးနုခေတ်လို့ဖြေပါတယ်၊
    နိုင်ငံရေးအရ သူမကောင်းဘူးမြင်တာတွေလည်းရှိမှာပါ။
    ဒါပေမယ့် စာရေးဆရာတစ်ယောက်အနေနဲ့ သူရေးတဲ့ ကာမတဏှာ။ကျေးဇူးရှင်။
    ငရဲဆိုချိုနဲ့လားဗျို့ ။ရက်စက်ပါပေ့ကွယ်၊စတဲ့ ဝတ္ထုတွေ အရမ်းကောင်းပါတယ်။
    သူဘာသာပြန်တဲ့ လူပေါ်လူဇော်လုပ်နည်း(မိတ္တဗလဋီကာ)ဟာလည်း လူတိုင်းအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ကောင်းအောင် ကြိုးစားပေးထားတဲ့ သူ့စေတနာကိုသိသာစေမှာပါ၊
    သူရေးတဲ့ လူထုအောင်သံပြဇာတ်ကြောင့် မြန်မာနိုင်ငံဟာ WTO စပြီးဖွဲ့ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့ရပါတယ်၊
    ပြောချင်တာကတော့ သူကောင်းတာတွေ သူပေးခဲ့တာတွေ အများကြီးပါ။

  • mgbahlaing

    May 12, 2011 at 4:58 am

    ဦးနု နိုင်ငံရေးလုပ်တာ ကောင်းတယ် မကောင်းဘူး တော့ ကျွန်တော့်
    အနေနဲ့ မဝေဖန်နိုင်ပါ။ သို့သော် စာရေးဆရာ တစ်ယောက်အနေ
    နဲ့တော့ ကောင်းသည်။လေးစားသည်။

  • kai

    May 12, 2011 at 9:41 am

    အဲဒီနှစ်နားလောက်က ထုတ်တဲ့.. တိုင်းမ်မဂ္ဂဇင်းမှာပဲ.. ဦးနုဟာ..ဘာသာရေးနဲ့နိုင်ငံရေးရောချလိုက်လို့.. မြန်မာပြည်ထိခိုက်သွားတဲ့အကြောင်း ဆောင်းပါးပါဖူးတယ်..။
    ပြန်ရှာရရင်.. တင်ပေးဦးမယ်..။

    အခုနိုင်ငံရေးလုပ်နေတဲ့ ပြည်ပရောက်မြန်မာတွေက..ဦးနုလုပ်ခဲ့တာတွေကို သေသေချာချာ လေ့လာသင့်တယ်..။
    ပြည်ပကိုပြေးတယ်..။ ပြည်ပအစိုးရဖွဲ ့တယ်..။ လက်နက်ကိုင်တော်လှန်တယ်..။
    ကုလသမဂ္ဂက ထောက်ခံတယ်( ဦးသန့် ရှိနေတာမို ့ပါ)
    အိန္ဒိယကထောက်ခံတယ်.။ ယိုးဒယားကထောက်ခံတယ်..။
    တရုတ်က အဲဒီအချိန်က.. စက္ကူကျားဘဝပဲရှိသေးတယ်..။ သူက ဗကပကို ထောက်ခံပန့်ပိုးနေတာမို ့.. အဲဒီခေတ်က ဦးနေဝင်းကို ချနေတဲ့ ဖက်ကပါပဲ..။

    နောက်ဆုံး..ဦးနု… မြန်မာပြည်ပြန်ပါတယ်..။

  • nature

    May 12, 2011 at 11:10 am

    သူကြီးရေ ကျနော်ပြောတာဦးနုရဲ့ ဘာသာရေးဆောင်ရွက်ချက်ကို လေးစားတယ် ပြောတာပါ၊ နိုင်ငံရေးမပါပါဘူး၊ သူလဲလေလောကီသားပေမို့ ရာထူး အာဏာဆိုတာကတော့လူတိုင်းလိုလိုမက်တတ်တာပဲ၊ သူကြီးကလွဲလို့ပေါ့။ 🙂
    မြတ်စွာဘုရားတရားတော်မှာပံ့သကူကောက်ဆိုတာရှိပါတယ်၊ သူ့ရဲ့ကောင်းကွက်တွေကိုရွေးပြီးတွေးရင် ကိုယ်ရဲ့နှလုံးသားထဲမှာ ဒေါသဆိုတဲ့အကုသိုလ် ကင်းဝေးပြီး အေးချမ်းနေမှာပါ။
    ယောနိသောမနသီကာရလို့လည်းခေါ်ပါတယ်။
    ပြောလက်စနဲ့ပြောရဦးမယ်၊ လူတွေက ကုသိုလ်ကိုအမျှဝေရင် သာဓုခေါ်ပြီး ကုသိုလ်ယူကြတယ်၊ ဒါပေမဲ့ မသိတာက အကုသိုလ်ကျတော့ အမျှမဝေပဲ အားရပါးရဝိုင်းယူတတ်ကြတာကိုပါပဲ။

  • paukpauk

    May 12, 2011 at 2:13 pm

    သေချာတာ ဝင်ပြောပါရစေ။
    မြန်မာနိုင်ငံအုပ်ချုပ်ခဲ့သူထဲမှာတော့ ဦးနုလောက် စိတ်နှလုံးကောင်းတာ..
    ပညာတတ်တာ.. ဒီမိုကရေစီဆန်ခဲ့တာ ဘယ်သူမှ မရှိခဲ့ဘူး။
    လေ့လာသမျှ တင်ပြတာပါ။
    သူလိုလူမျိုးခု ရရင်ပဲ တိုင်းပြည်ဟာ ဝုန်းကနဲ ခုန်တက်သွားနိုင်ပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းတောင် အပြော အဆို မခံရအာင်မနေနိုင်ခဲ့ပါဘူး။
    ဦးနုကို လေးစားတယ်။

  • eros

    May 12, 2011 at 2:54 pm

    အရန်စေတီတွေ အရ ရွှေတိဂုံ ဘုရားပါလို့ သေချာပေါက်ပြောပါတယ်။

  • Ko Ko Aung

    May 12, 2011 at 3:15 pm

    သမိုင်းကသင်ခန်းစာယူဘို့ဆိုတာ သမိုင်းအမှန်ကိုသိမှဖြစ်မယ်။
    သမိုင်းအမှန်ကိုသိဘို့ဆိုတာ သမိုင်းအမှန်ကိုသိဘို့အခွင့်အရေးရမှဖြစ်ပါမယ်။
    ကျွန်တော့်လို ပြည်တွင်မှာပဲနေ မြန်မာစာကိုပဲ ဖတ်တတ်တဲ့ လူများစုအဖို့တော့ သမိုင်းအမှန်ကို သိခွင့်ရဘို့ အလှမ်းဝေးနေတုန်းပါ။
    အချက်အလက်တွေ ဖျောက်တာဖျောက် ဖုံးတာဖုံးထားပြီး ပုံဖျက်ထားတဲ့သမိုင်း ၊ လိုရာဆွဲ အရောင်ဆိုးထားတဲ့ သမိုင်း ၊ ဗြောင်လိမ်ဗြောင်စား ဇွတ်ပြောထားတဲ့ သမိုင်းတွေကြားမှာ …..။

    အမှန်ကိုမသိတာဟာ အမှားကိုသိတာပါ။

  • paukpauk

    May 12, 2011 at 4:07 pm

    စာရေးတာနဲနဲလောသွားလို့
    ဆိုလိုချင်တာက ဗိုလ်ချုပ်တောင် မကောင်းကြောင်းပြောတဲ့သူတွေရှိတာ..
    ဦးနုကိုလဲ ပြောကြပေမပေါ့။

    ဗိုလ်ချုပ်ထက်တော့ ဦးနု ပိုမကောင်းနိုင်ဘူးဟု ယူဆပါသည်။

    (စကားချပ်။ ဗိုလ်ချုပ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းကိုသာ ရည်ညွှန်းပါသည်။)

  • kopauk mandalay

    May 12, 2011 at 4:23 pm

    အရင်ခေတ်က လွန်လေပြီးသော ကျွန်တော်တို့ရဲ့ရှေ့ကသွားနှင့်သူများရဲ့
    အားသာချက် အားနည်းချက်
    ကောင်းသောအချက် ညံ့ဖျင်းသောအချက်များကို
    ကျွန်တော်တို့နောက်လူများအတွက် သင်္ခန်းစာတွေပေးနေသလိုပါဘဲ။
    ဒီတော့ မကောင်းတာကို ဖယ် လို့ ကောင်းတာကို ဆွဲသုံးလိုက်မယ်ဆိုရင်
    ကျွန်တော်တို့အချိ်န်ကုန်သက်သာမယ်လို့ ထင်ပါတယ်။
    သွားလေသူ လွန်လေပြီ်းသူတွေရဲ့အမှားတွေကို ခုမှထောက်ပြနေလို့ သူတို့လဲ ပြန်ပြင်နိုင်မှာမဟုတ်တော့ပါဘူး။
    အနာဂါတ်ကိုဘယ်လိုကောင်းအောင်လုပ်မလဲလို့ စိတ်ကူးယဉ်ချင်တယ်ဆိုယဉ်လို့ရပေမယ့် ပြီးခဲ့တဲ့အတိတ်ကတော့
    ပြီးသွားခဲ့ပါပြီ။
    ပြန်လည်သုံးသပ်ကြည့်ယုံကလွဲလို့………………………………………………………….

  • naywoonni

    May 12, 2011 at 4:31 pm

    သူ့ကို သဘောကျတဲ့ သူတွေရှိနေတုန်းဗျားးး
    နိုင်ငံတော်ဘာသာပြဌာန်းခဲ့လို့တဲ့ 😛

  • kai

    May 12, 2011 at 8:36 pm

    မန္တလေးဂေဇက်က ..ဦးနုသား ၂ယောက်လုံးနဲ့ အင်တာဗျူးထားဖူးတယ်..။
    ဦးသောင်းထိုက်ရယ်..ဦးအောင်ရယ်..
    နှစ်တောင်ပေါက်နေပြီ..။ ပြန်တင်ပေးဦးမယ်..။

    ဦးနုဘယ်လိုလူလည်း..နည်းနည်း ပုံဖေါ်နိုင်တာပေါ့..။ သူက ယူအက်စ်ကို ..နဝ်ကြီးချုပ်အနေနဲ့ရောက်တုံး.. ယူအက်စ်တောင် ပိုက်ဆံပေးဖူးတယ်…။
    သူ့အကြောင်း ပြန်ပြောတာ .. သမိုင်းကိုသိအောင်ပါ..။
    မအ, အောင်လို့ပေါ့..။

    Ko Ko Aungပြောတာလေးကြိုက်တယ်..
    အမှန်ကိုမသိတာဟာ အမှားကိုသိတာပါ။ ..တဲ့..။

  • phyoshein

    May 14, 2011 at 5:31 pm

    ဦးနုကို လေးစားပါတယ်…
    နိုင်ငံရေးသမား.. အထူးသဖြင့် မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ သူတွေထဲမှာ..
    စာရေးတဲ့သူ သိပ်မရှိလှဘူးထင်ပါတယ်…
    ဘာပဲပြောပြော ဘာသာရေးကို အလေးပေးတဲ့ စာရေးသူတစ်ယောက်က နှလုံးသား(သဘောထား) ကောင်းဖို့များပါတယ်..
    စာအရေးအသားကိုတော့ အတော်ကြိုက်ပါတယ်..
    နိုင်ငံအုပ်ချုပ်ပုံကိုတော့ သိပ်မသိပါဘူး…
    ဟုတ်တယ်..သူ့အကြောင်းလေး…. သိသလောက်တင်ပေးကြပါဦး…
    အမလေး… ဒီလောက်ကောင်းတယ်ဆိုတာ ကျုပ်တို့နိုင်ငံမှာ ရှားရှားပါးပါးနော်
    အနော်ရထာခေတ်ကတည်းက စကြည့်… ခုခေတ်အထိ.. သိပ်မဆိုးဘူးဆိုရင်…
    အတော်ဟုတ်နေပြီ…

Leave a Reply