ကောဏာဂမန စေတီတော်

weiweiMay 12, 20111min09

သန်လျင် ဖားအောက်တောရရိပ်သာ နယ်နိမိတ်အတွင်း အရှေ့ဘက်မျက်နှာစာမှာ သပ္ပါယ်တဲ့ စေတီလေးတစ်ဆူကို တွေ့မြင်လိုက်ရတာနဲ့ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ စေတီလေးတစ်ဆူ၊ ဘုရားတန်ဆောင်း ၂ ခု နဲ့ တန်ဆောင်းအတွင်းမှ ကျောက်ဆင်းတုတစ်ဆူကလဲ သပ္ပါယ်ကြည်ညိုစရာကောင်းပါတယ်။ GS ဘတ်ထရီ မိသားစု မှ တစ်ဦးတည်းအလှုလို့ သိခဲ့ရပါတယ်။ ဘုရားရင်ပြင်တစ်ခုရှိပြီး အဲဒီနေရာမှာ နှစ်စဉ်နှစ်တိုင်း GS ဘတ်ထရီမိသားစုမှ စတုဒီသာ ကျွေးမွေးလှူဒါန်းတယ်လို့လဲ သိခဲ့ရပါတယ်။

ဘုရားစေတီလေးကို ဖူးမျှော်မိရင်း အလှူဒါနနဲ့ ပတ်သက်တဲ့ အတွေးတွေ ဆက်ပြီးတွေးမိပါတော့တယ်။

လက်ရှိအကျိုးပေးအားဖြင့် ကြည့်ရင် အလှူမှာ ရုပ်ဝတ္ထုလိုအပ်ချက်ကို လှူဒါန်းခြင်းနဲ့ စိတ်ဓါတ်အင်အားလိုအပ်ချက်ကို ပေးလှူခြင်းဆိုပြီး မြင်တွေ့နိုင်ပါတယ်။ အစားအသောက် အဝတ်အထည် အဆောက်အဦးများ လှူဒါန်းခြင်းဖြင့် ဆာလောင်ခြင်းဆင်းရဲ၊ အပူအအေးနှင့် သဘာဝဘေးဒုက္ခများမှ သက်သာစေခြင်း ဆင်းရဲများကို အထောက်အပံ့ဖြစ်စေပါတယ်။

ယခုကဲ့သို့ စေတီတည်သည့်အလှူဒါနကတော့ ဖူးမျှော်ရသူတို့၏ စိတ်နှလုံးအေးချမ်းမှုကို ဖြည့်ဆည်းပေးပါတယ်။ ဘုရားရိပ် တရားရိပ်ဆိုတာ အေးချမ်းပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ဘုရားတန်ဆောင်းထဲကနေထိုင်ပြီး စေတီတော်ကို ဖူးမျှော်လိုက်ရတဲ့ စိတ်ခံစားချက်ထဲမှာ ပီတိလည်းပါမယ်၊ သဒ္ဓါလဲပါမယ်၊ ဘုရားဂုဏ်တော်တွေကိုလဲ မြင်ယောင်မိမယ်၊ တရားသတိလေးလဲကပ်မိမယ်၊ တဒင်္ဂအားဖြင့် သီလလဲ စင်ကြယ်သွားမယ်၊ အလှူရှင်အတွက် သာဓုအနုမောဒနာလဲ ဖြစ်မိမယ်၊ စသဖြင့် ကောင်းသည့် စိတ်များဦးဆောင်သွားတာနဲ့ စိတ်သန့်ရှင်းစင်ကြယ်ခြင်းကို ရရှိသွားစေပါတယ်။

ကျွန်မစိတ်ထဲမှာ စိတ်ကြည်နူးမိရင်း GS ဘတ်ထရီမိသားစုရဲ့ တစ်ဦးတည်းအလှူဖြစ်တဲ့ စေတီတော်ကို ကြည်ညိုရင်းနဲ့ သာဓုခေါ်မိလို့ ရွာထဲမှာ ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။

9 comments

  • weiwei

    May 12, 2011 at 4:38 am

    သူကြီးကတော့ ….
    ဒီလို မလှူနဲ့ … ဟိုလိုလှူ … လို့ ပြောအုန်းမှာ မြင်ယောင်မိသေးတယ် ….

    ဘာပဲပြောပြော ကိုယ်မလှူနိုင်တာကို သူများလှူတာကိုတော့ အနဲဆုံး သာဓုခေါ်ခြင်းဖြင့် ကုသိုလ်အလကား ယူနိုင်ကြပါစေ …

    Reply

  • bigcat

    May 12, 2011 at 4:50 am

    သဂျီး မအားသေးဘူး။ ဘီယာနဲ့ ကိုဘေးနွားကင် စားသောက်ပြီး ဇက်ရက်မင်း စည်းစိမ်ခေါ်နေတယ်။ သူနတ်ဘဝ ခံစားနေတုန်း အောက်ဘုံက လူသားအကြောင်း မစဉ်းစားဘူးတဲ့။ ထူးလည်းထူးတဲ့ မူးလည်းမူးတဲ့ ဒို့သဂျီးခိုင်… ဟေ့. ဟေ့… ဘာတဲ့တုန်းကွ….ထူးလည်းထူးတဲ့ မူးလည်းမူးတဲ့ ဒို့သဂျီးခိုင်

    Reply

  • babymay

    May 12, 2011 at 4:52 am

    သာဓု–သာဓု–သာဓု။။ ဒါနဲ့ မဝေရေ— အဲဒီသန်လျင်ဖားအောက်တောရရိပ်သာ ရဲ့ တနေ့တာ ယောဂီတွေရဲ့ ကျင့်စဉ်ကို သိချင်လို့။။ ပြောပြပေးပါလား။။။ ကျေးဇူးပါရှင်။။။

    Reply

  • weiwei

    May 12, 2011 at 5:00 am

    အကြမ်းဖျဉ်းအားဖြင့် ယောဂီတစ်ယောက် က စစဝင်ချင်းမှာ အာနာပါန ကမ္မဌာန်းကို ပွားများရပါတယ်။ တစ်ခါ တရားထိုင်လျှင် တစ်နာရီခွဲ ထိုင်ရပါတယ်။ မနက် ၄ နာရီမှာ စတင်ပါတယ်။ စုစုပေါင်း တစ်နာရီခွဲ တရားထိုင်ချိန် ၄ ချိန်နဲ့ တစ်နာရီထိုင်ချိန် တစ်ချိန်ရှိပါတယ်။ တရားနာချိန် ၂ ချိန် နဲ့ မနက်ပိုင်း သီလယူခြင်းနှင့် ညပိုင်း စုပေါင်းဘုရားရှိခိုးခြင်းတစ်ကြိမ် ပါဝင်ပါတယ်။ တစ်ထိုင်နဲ့တစ်ထိုင်ကြားမှာ တစ်နာရီအနားပေးပါတယ်။

    တရားရှုနည်းအသေးစိတ်သိချင်ရင်တော့ ဖားအောက်တောရဆရာတော်ဟောကြားသော တရားများနှင့် စာအုပ်များ အင်တာနက်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ….

    Reply

  • babymay

    May 12, 2011 at 5:16 am

    ကျေးဇူးတင်ပါတယ် မဝေ။။။

    Reply

  • ဆူး

    May 12, 2011 at 1:16 pm

    အလှူကတော့ တကယ်ကြီးတဲ့ အလှူကြီးပါပဲ။
    နေပူထဲက လာတဲ့ လူ အဖို့ အရိပ်တခုခုမှာ ခိုလိုက်ရရင် တော်တော် သက်တောင့် သက်သာ ဖြစ်စေတာ အမှန်ပါပဲ။
    စေတနာသည် အဓိက ကျပါသည်။

    Reply

  • မမလေး

    May 12, 2011 at 3:40 pm

    အဲ့လို လှူနိုင်တန်းနိုင်တယ်ဆိုတာ နည်းတဲ့ကုသိုလ်ကံတော့ မဟုတ်ဘူးနော် … အဲ့လိုမျိုးလှူဒါန်းချင်လိုက်တာ … သာဓု သာဓု သာဓု ပါ …

    Reply

  • weiwei

    May 12, 2011 at 4:13 pm

    ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး စေတီတစ်ဆူတည်ထားကိုးကွယ်ချင်တာနဲ့ နေရာလိုက်ရှာရင်း ဖားအောက်တောရဝင်းထဲမှာ နေရာတစ်နေရာ ရခဲ့တယ်လို့ သိရပါတယ်။ သိန်း ၇၀ဝ နဲ့ မတည်ပြီး စေတီစတည်ခဲ့ပေမယ့် စေတနာပိုပေါက်လာတာနဲ့ သိန်းတစ်ထောင်ကျော်ကို တစ်ဦးတည်းဒကာလုပ်ပြီး စေတီနဲ့ ဓမ္မာရုံတည်ခဲ့တယ်တဲ့ … ကုန်ကျစရိတ်အသေးစိတ်ကို မသိခဲ့ရဘူး …

    Reply

  • weiwei

    May 12, 2011 at 4:20 pm

    နောက်ထပ် အလှူကြီးတစ်ခုလဲ ရှိပါသေးတယ် … ကျောက်တန်းမြို့နယ်ထဲက Green Garden လို့ နံမည်တွင်တဲ့ ခြံကြီးကို ခြံပိုင်ရှင်မိသားစုကနေ ဖားအောက်တောရဆရာတော်ကို လှူဒါန်းလိုက်ပါတယ်။ ကာလပေါက်ဈေး သိန်း ၃၀၀ဝ ခန့်တန်တဲ့ အဲဒီခြံနဲ့ တိုက်ကို ယခုအခါ ရိပ်သာပြုလုပ်ရန် အဆောက်အဦးများ ဆောက်လုပ်နေပြီဖြစ်ပါတယ်။ အလှူရှင် မိသားစု၏ ဝမ်းသာကြည်နူးမှုကို တွေ့မြင်လိုက်ရသူတိုင်း အားရဝမ်းသာ သာဓုခေါ်မိကြပါတယ်။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.