သန်လျင် ဖားအောက်တောရရိပ်သာ

weiweiMay 8, 20111min017

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာ့ရိပ်သာ၊ ဖားအောက်တောရရိပ်သာခွဲ၊ သန်လျင် အကြောင်း မိတ်ဆက်ပေးချင်လို့ပါ။ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအနီး ရေကြောင်းတက္ကသိုလ် (သီလဝါ) သွားတဲ့ လမ်းမဘေးမှာတည်ရှိပါတယ်။ အကျယ်အဝန်း ၁၁ ဧက ကျော်ရှိပြီး ၁၉၉၅ ခုနှစ်က စတင်ပန္နက်ချခဲ့တာဖြစ်ပါတယ်။ ရိပ်သာဂေါပက ဥက္ကဌအဖြစ် ဒေါက်တာမင်းတင်မွန်က တာဝန်ယူလျှက်ရှိပါတယ်။ ပုံမှန်တရားအားထုတ်သူ ရဟန်း၊ သီလရှင်၊ ယောဂီ ၂၀ဝ ဝန်းကျင်ခန့်ရှိပြီး သင်္ကြန်ပိတ်ရက်များမှာ ၁၅၀ဝ မှ ၂၀၀ဝ ကြား ရှိပါတယ်။ သတ်သတ်လွတ်ဆွမ်း ကျွေးပေမယ့် အသားဟင်းထက် ပိုစားကောင်းပါတယ်။ (မယုံကြည် တစ်ခါလောက်လာလည်လှည့်ပါ)။ မည့်သည့်ရက်မှာမဆို စခန်းဝင်ချင်တဲ့အချိန် ဝင်လို့ရပါတယ်။ မုခ်ဦးပေါက်ဝနားမှာ ဂေါပကရုံးခန်းရှိပါတယ်။ မှတ်ပုံတင်ပြပြီး စာရင်းပေးသွင်းလိုက်ရုံပါပဲ။ ဆွမ်းအတွက်အလှူငွေ ထည့်စရာမလိုပါဘူး။ စေတနာပေါက်ရင်တော့ လှူလို့ရပါတယ်။ စာရင်းပေးပြီးတာနဲ့ နေရမယ့် အဆောင်ကို လိုက်ပို့ပါတယ်။ သာမန်အချိန်မှာ အခန်းတစ်ခန်း (ရေချိုးခန်းအိမ်သာတွဲလျက်) မှာ တစ်ယောက် (သို့မဟုတ်) နှစ်ယောက် နေရပါတယ်။ အားလုံးစုပေါင်းပြီး ဓမ္မာရုံထဲမှာ တရားအားထုတ်ကြရပါတယ်။ တရားပြဆရာများရှိပြီး တရားစစ်ဆေးပေးပါတယ်။ အမျိုးသမီးများ ယောဂီဝတ်စုံဝတ်ဆင်ရပါတယ်။ နိုင်ငံခြားသား ရဟန်း သီလရှင်၊ ယောဂီများလဲ ရှိပါတယ်။ နေ့ဆွမ်းစားချိန် စီတန်းပြီး ကြွလာတဲ့မြင်ကွင်းက အလွန်ကြည်ညိုစရာကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်နဲ့ သီးပင် စားပင်မှာ စနစ်တကျစိုက်ပျိုးထားတာကြောင့် မျက်စိပသာဒလဲ ကောင်းပါတယ်။
တရားစခန်းဝင်ရက် ထွက်ရက် သတ်မှတ်ထားခြင်းမရှိပါဘူး။ အဆင်ပြေသလို တစ်ပတ်ခန့်မှသည် တစ်သက်လုံးနေချင်လျှင်လည်း ရပါတယ်။

အဝင် မုခ်ဦး
အမျိုးသမီးဆောင်
ရိပ်သာတွင်းမှ နတ်လမ်းများ
၁၀ဝ တန် စေတီ

ရိပ်သာဝင်းအတွင်းက ဘုရားစေတီလေးကို ၁၀ဝ တန် စေတီလို့ ခေါ်ကြတယ်။ အများကောင်းမှုဖြင့် စေတီတည်နိုင်အောင်ရည်ရွယ်ပြီး လူတစ်ဦးလျှင် ၁၀ဝ ကျပ် လှူဒါန်းပြီး စုပေါင်းတည်ထားပါတယ်။ မိသားစုဝင် ၅ ယောက်ရှိလျှင် ၅၀ဝ လှူလို့ရပါတယ်။ အလှူရှင်နံမည်များကို ရေရှည်တည်တံ့အောင် ကဗ္ဗည်းထိုးပြီး ဘုရားဌာပနာအနေနဲ့ မြှုပ်နှံထားခဲ့ပါတယ်။ (ကျွန်မ နံမည်လဲ ပါခဲ့တာပေါ့)

17 comments

  • weiwei

    May 8, 2011 at 6:44 pm

    မနေ့က အဲဒီကိုရောက်ရင်းနဲ့ ဓါတ်ပုံနဲနဲရိုက်လာခဲ့တာ … ကျွန်မ မကြာခဏရောက်ဖြစ်တဲ့ ရိပ်သာတစ်ခုဖြစ်ပါတယ် …
    တရားအားထုတ်ချင်စိတ်ပေါ်လာစေရန် နိဗ္ဗာန်အကျိုးမျှော်ပြီး ဒီပို့စ်ကို ရေးတင်လိုက်ရပါတော့တယ် …
    ရေကြောင်းတက္ကသိုလ်ရောက်သည့် မည့်သည့်လိုင်းကားကိုမဆို စီးလို့ရပါတယ် …
    ရန်ကုန်မြို့ထဲကနေ တက်စီငှားရင်တော့ ၄၅၀ဝ ကျပ်ခန့် ပေးရပါတယ် (ဆီဈေးတက်လို့တဲ့) …

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 8, 2011 at 9:50 pm

    မွန်ပြည်နယ် မော်လမြိုင်မှာလည်း
    ဖားအောက်ရိပ်သာဆိုတာရှိတယ်
    အတူတူဘဲလားမသိဘူးနော်

    Reply

  • bigcat

    May 9, 2011 at 12:23 am

    သဂျီးက အသား၊ငါး အရှင်တွေကို လတ်လတ်ဆတ်ဆတ် ကိုယ်တိုင် သတ်ဖြတ် ချက်ပြုတ် စားခွင့်ပြုရင်၊ အရက်ကိုလည်း ဆေးဖြစ်ဝါးဖြစ် မနက် နေ့ခင်း ညနေ မတ်ခွက်နဲ့ တခွက်စီသောက်ခွင့်ပြုရင်၊ မိန်းခလေးသူငယ်ချင်းနဲ့ နှစ်ယောက်ခန်းမှာ နေခွင့်ပြုရင်၊ ကိုယ့်အခန်းထဲမှာ ကိုယ်အစီအစဉ်နဲ့ကိုယ် ကျင့်ကြံခွင့်ပေးရင်၊ ကေဘယ်လ်တီဗွီနဲ့ ဂြိုလ်တုတယ်လီဖုံးထားပေးရင် လာမယ်တဲ့။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 9, 2011 at 1:57 am

    ဝိပဿနာရိပ်သာနဲ့ သက်သတ်လွတ် ဆိုတော့
    တစ်ခုခုတော့ရှင်းပြဘို့လိုနေပြီထင်တယ်
    ( ကိုကြောင်ကြီးလေသံဖြင့်။ ။ ဤကားထောင်ဘော )

    Reply

    • bigcat

      May 9, 2011 at 2:44 am

      ဃလိုယှိဒယ် ဓကါပုယဲ့ ….
      နေရာတိုင်းမှာ အသားငါးပေါတာ မဟုတ်ဘူး။ ရှိလည် လူရာချီနေတဲ့ ယောဂီတွေစားဖို့ အသေသားတွေ အလွယ်တကူ ရနိုင်ပါ့မလား။ လှူကြပါဆိုပြန်ရင်လည်း ဒကာပုတို့က ဘီယာဖိုးတောင် မလောက်ဘူးဆိုနေတော့….
      အင်းခက်ပါတယ် အနိစ္စ ဒုက္ခ အနတ္တ…..

      Reply

  • weiwei

    May 9, 2011 at 3:02 am

    မော်လမြိုင်က ဖားအောက်မှာ ယောဂီ တစ်ထောင်ကျော် ပုံမှန် တရားအားထုတ်လျက်ရှိပါတယ် … သတ်သတ်လွတ်ဆွမ်းပဲ ကျွေးပါတယ် … ကိုကြောင်ကြီး ပြောသလို လူအများစာစီစဉ်ဖို့အတွက် သားငါးအခက်အခဲရှိလို့ သတ်သတ်လွတ်ကျွေးခြင်းဖြစ်ပါတယ် … မစားနိုင်လို့ ကိုယ့်ဟာကိုယ် ငါးပိကြော် ငါးခြောက်ကြော်ယူလာပြီး စားရင်လည်း ခွင့်ပြုပါတယ် …

    Reply

  • susunosuki

    May 9, 2011 at 5:16 am

    သန်လျင်က ဖားအောက်ရိပ်သာခွဲကို လမ်းကြုံရင် ဝင်ကြည့်ပါဦးမယ်။ မော်လမြိုင်အလွန် ကဖားအောက်ကတော့ တော်တော့်ကို အေးချမ်းတိတ်ဆိတ်ပါတယ်။ နေရာဒေသက ကားလမ်းနဲ့ လှမ်းတာကြောင့်ကော၊ သစ်ပင်မြင့်တွေများတာကြောင့်ရော၊ တရားဘာဝနာထုံလွှမ်းတဲ့ နေရာဖြစ်တာကြောင့်ရော ငြိမ်းအေးမှုကို ခံစားရပါတယ်။

    Reply

  • ဆူး

    May 9, 2011 at 1:16 pm

    ရိပ်သာတွေမှာ လူအများစာ အသားငါး ကျွှေးဖို့ဆိုတာ တကယ်မလွယ်တဲ့ အလုပ်ပါပဲ။
    ကြက်သားဆိုပါတော့ ပျမ်းမျှ ၃ယောက်ကို ၂ဝသားနှုန်းဆိုရင် လူ အယောက် ၃၀ဝ ဆိုရင် ပိဿ ၂ဝ ဖြစ်သွားပြီ။ အဲဒီထက်မှ အယောက် ၆၀ဝ ဆိုလျှင် ပိဿ ၄ဝ ဖြစ်သွားပြီ။
    ဈေးထဲမှာ ၁ပိသာ ၂ ပိသာ ကတော့ ဒီတိုင်း ဝယ်လို့ လွယ်ပေမဲ့ အများအတွက် များများစားစား ဝယ်မည် ဆိုလျှင် ဝက်ဘယ်နှစ်ကောင် သေစေမည်နည်း။
    သို့အတွက် သတ်သတ်လွတ် ကျွှေးတာ အဆင်ပြေဆုံးပါပဲ။

    Reply

  • MaMa

    May 9, 2011 at 2:21 pm

    ဝေရေ ပုံလေးတွေတွေ့တာ သွားချင်စိတ်ပေါက်လာပြီ။ သူများတွေပြောတာတော့ ဖားအောက်က တရားစခန်းဝင်ရတာ ခက်တယ်။ လူတိုင်းကို အလွယ်တကူ လက်မခံဘူးလို့ ပြောကြတယ်။ ဝေဝေ ပြောမှပဲ အဲဒီလို လက်ခံမှန်းသိတယ်။ TV မှာ ဖားအောက်တောရအကြောင်းလာတုန်းက ဆွမ်းလောင်းနေကြတာတွေ၊ သံဃာတော်တွေ ဆွမ်းစားနေပုံတွေ တွေ့တယ်။ ကြည်ညိုစရာပဲ။

    Reply

  • မမလေး

    May 9, 2011 at 2:38 pm

    သာဓု သာဓု သာဓု ပါမမဝေ … နောက်ခါသွားရင် သမီးအတွက် မိသားစု ရ ယောက်စာ ၇၀ဝ လှူခဲ့ပေးပါနော် …

    Reply

    • weiwei

      May 12, 2011 at 4:07 am

      စေတီအတွက် အခုမှလှူလို့ မရတော့ဘူး မမလေးရေ … တည်ဆောက်ပြီးစီးသွားပြီဖြစ်လို့ … တခြားနေရာတွေမှာပဲ လှူဒါန်းလို့ ရနိုင်မှာဖြစ်ပါတယ် ..

      Reply

  • nigimi77

    May 12, 2011 at 3:45 am

    ဒါနဲ ့ မေးပရစေ မဝေဝေ က အသက် ဘယ်လောက်လောက်ရှိပြီလဲ ။ တိုင်းပြည်မှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်

    အင်အား ဆုံးရှုံးမှုတွေများလာသလားလို ့ ကြီးကြီးကျယ်ကျယ် တွေးမိလို ့ပါ။

    Reply

    • weiwei

      May 12, 2011 at 4:05 am

      အင်း …
      ကြီးကြီးကျယ်ကျယ် ပြန်ဖြေရရင်တော့ တိုင်းပြည်တိုးတက်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ တတပ်တအား ပါဝင်ဆောင်ရွက်နေဆဲပါပဲ …
      ဘာသာရေးနဲ့ စိတ်ပင်ပန်းမှုကို အပန်းဖြေလေ့ရှိပါတယ် …

      Reply

    • bigcat

      May 12, 2011 at 4:29 am

      စိတ်မပူပါနဲ့ တပ်မ၇ရ စစ်သားရေ။ အန်တီဝေက တရုတ်ပြည်က သင်လာတဲ့ ရှောင်လင်တုတ်သိုင်းကို စွမ်းအားရှင် အယောက်တထောင်တိတိအား သင်ကြားပေးလျက်ရှိပါသည်။ သူ့အသက်ကိုတော့ သီတင်းကျွတ် သက်ကြီးဝါကြီး ကန်တော့ပွဲမှာ ရှောင်လင်ဂိုဏ်းချုပ်ကြီးက အန်တီဝေ အနောက်မှာနေရကြောင်း သိုင်းလောကသားများအကြား တီးတိုးပြောဆိုလျက် ရှိပါတယ်။
      နိုဇိုမိရေ.. ကကကွန်တပ်မှူး အဘက နိဂိမိပေးထားတဲ့ ဘလက်လေဘယ်လ် ဝီစကီပုလင်း အတုဆိုတာ သိသွားလို့ စိတ်ဆိုးပြီး သူ့ကိုကရင်ပြည်နယ်ေ ရှ့တန်းပို့လိုက်လို့ ရံဖန်ရံခါ မြို့ထဲရိက္ခာထုတ်အသွား ရှိမှသာ ပွားနိုင်တော့ကြောင်း တပ်တွင်းသူလျှိုများထံမှ ကြားသိရပါသည်။

      Reply

      • weiwei

        May 12, 2011 at 4:45 am

        ကိုကြောင်ကြီးက လျှို့ဝှက်သတင်းတွေ အကုန်ရနေပုံထောက်တော့ FBI က လေ့ကျင့်ထားတဲ့ ဗမာ့ကြောင်တွေထဲမှာ ပါနေသလားမသိဘူး …. 😛

        Reply

  • nozomi

    May 12, 2011 at 3:59 am

    ကိုနိဂမိ ပျောက်ချက်သားကောင်းလှချေလား အတွေးဆန်းဆန်းနဲ့ စာလေးတွေ ရေးပါဦး တစ်ချက်တစ်ချက် မန်းတာပဲ တွေ့နေရတယ်

    Reply

  • PEACEMAKER

    May 12, 2011 at 4:16 am

    သက်သက်လွတ်ဆိုတာထက် သားကြီးငါးကြီးလွတ်လို့ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။

    Reply

Leave a Reply

Your email address will not be published.