ပန်းဆိုးတန်းတံတားနားမှာ…

ttMay 5, 20111min017

tintingကိုယ်တိုင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးတော့မဟုတ်ပါဘူး… အမတစ်ယောက်ရဲ့ ကိုယ်တိုင်ကြုံခဲ့ရတာလေးကို ပြန်ပြီးshareတာပါ… ဟိုးတစ်နေ့က သူကိတ်စရှိလို့ ပန်းဆိုးတန်းကိုသွားတာ… အဲဒီမှာ လူတစ်ယောက်က လာပြီးသူ့ကို… နာရီပိုင်းအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး လိုချင်လားတဲ့… ၁နာရီ ၂နာရီလောက်နေပြီး ပိုက်ဆံ ၂သောင်း၊ ၃သောင်းလောက်ရမယ်လို့လဲ ပြောတယ်… အဲဒီအလုပ်လုပ်ချင်ရင် သူ့ဆီကို ဖုန်းဆက်လို့ရတယ်ဆိုပြီး visiting-cardလဲပေးတယ်တဲ့… သူလဲကြောက်ပြီး မယူလာဘူးလို့ပြောပါတယ်… အချိန်ကလဲ နေ့ခင်းကြောင်တောင်ကြီးကို… ခုလို ပေါ်တင်မေးရဲတာတော့ ရဲတင်းလွန်းပါတယ်နော်… အဲဒီလို လူမျိုးတွေကို အရေးမယူကြတော့ဘူးလားဟင်… မိန်းကလေးတွေ သတိထားနိုင်အောင်လို့ပါ…

17 comments

  • kai

    May 5, 2011 at 8:40 am

    မိန်းကလေး လှလှတွေချည်း ရွေးမေးတာမျိုး.. နိုင်ငံတော်တော်များများမှာရှိပါတယ်..။

    ဂျပန်မှာဆို ကျောင်းသူတွေကို အဲဒီလိုလိုက်မေးတဲ့သူတွေရှိတယ်..။ မေးတဲ့သူတွေဟာ အများအားဖြင့် စကားပြောကောင်းတဲ့ ကောင်လေးငယ်ငယ်တွေဖြစ်တတ်တယ်..။ လူစည်ကားတဲ့ ဘူတာရုံတွေ..အထိန်းအမှတ်နေရာတွေမှာ လိုက်မေးနေတာပဲ..။

    စိတ်ဝင်စားဟန်ပြလိုက်ရင်.. ကျအောင်ပြောပြီး ခေါ်သွားတာပဲ..။
    လုပ်ခိုင်းတာတွေက ..အမျိုးအစုံစုံပဲ..။ လိင်နဲ့ပါတ်သက်တဲ့အလုပ်တွေ..။
    ဖုံးလက်ခံခိုင်းပြိး ဖုံးနဲ့ ဆက်စ်စကားပြောခိုင်းမယ်..။
    ဓါတ်ပုံရိုက်မယ်..။ ဗီဒီယိုရိုက်မယ်..။
    ပိုက်ဆံတော့ တကယ်ပေးကြတယ်လို့ကြားဖူးတယ်..။ လိမ်လိုက်ရင် အဲဒီအလုပ်ကို အယုံအကြည့်မဖြစ်သွားမှာစိုးတယ်ထင်ပါတယ်..။

    ဆိုတော့.. ချက်ချင်း.. လက်ခံစကားမပြော..ဘာမှမယူပဲရှောင်ထွက်လာတာကောင်းပါတယ်.။
    ပြောသာပြောတာ..။
    အဲဒီ လှိုင်းပြာတွေ မြန်မာပြည်ကို ဝင်တော့မယ်ထင်တယ်..။

    Reply

  • babymay

    May 5, 2011 at 8:42 am

    ဟုတ်တယ် ရုုံးကအသိ တစ်ယောက်လည်း အဲလို အမေးခံရဖူးပါတယ်။။

    Reply

  • nozomi

    May 5, 2011 at 8:46 am

    ပေးတဲ့ လိပ်စာကဒ်ကို ယူပြီး မီဒီယာမှာတင်ရင် ပိုမကောင်းဘူးလား

    Reply

  • antimoe

    May 5, 2011 at 9:32 am

    ရရင်တင်ပေးပါ့မယ်…။
    ……လို့ဆိုပေမယ့်…
    အဖွားကြီးတွေကိုတော့ ဘယ်မေးပါ့မလဲနော…..။
    ရွာက ကွမ်းတောင်ကိုင် ရာှးလော့ဟုမ်း အပျိုလေးတွေ…
    ရွာ့အရေး…ကြီုးစားပေးကြပါကွဲ့။

    Reply

  • kai

    May 5, 2011 at 9:44 am

    မီဒီယာရဲ့ အင်အားကအဲဒါပါပဲ..။
    တကယ်တော့…မီဒီယာကြောင့်..အာဏာပိုင်တွေ..အလုပ်အများကြီးသက်သာရာရပါတယ်..။

    Reply

  • king

    May 5, 2011 at 10:56 am

    သားတို့ကျတော့ အချိန်ပိုင်းအလုပ်တွေ ခေါ်ကြဘူးနော်
    ကျွန်တော်တို့တိုင်းပြည်မှာ အချိန်ပိုင်းအလုပ်တွေများ ပေါ်လာမလား မှတ်ပါတယ်
    မဟုတ်တဲ့ အချိန်ပိုင်းအလုပ်ပဲ ရှိတယ်
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • nature

    May 5, 2011 at 2:40 pm

    တချို့ကရုပ်ဖြောင့်အပြောကောင်းတဲ့သူတွေကိုမွေးတတ်ကြတယ်၊ သူတို့ကငွေကိုရေလိုသုံးပြပြီး အပြောကောင်းကောင်း High Boss ပုံစံနဲ့ ဝင်လုံးတတ်ကြတယ်၊ ယုံစားမိရင်တော့ဘဝပျက်ပြီပဲ။ ခြေခြေမြစ်မြစ် မသိသူတွေကို အရမ်းမယုံစားပါနဲ့။

    Reply

  • MaMa

    May 5, 2011 at 11:52 pm

    ကြုံဖူးတာကတော့ အမျိုးသမီးကြီးတစ်ယောက် လက်ဆွဲခြင်း အစုတ်လေး တစ်လုံးကိုင်ပြီး အနားကပ်လာတယ်။ မိန်းမချင်းမို့ အကူအညီ တောင်းတာပါ။ ဆေးရုံကဆင်းလာပြီး ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ ဒုက္ခရောက်နေလို့ဆိုပြီး ငွေတောင်းတာပဲ။

    Reply

  • လင်းဝေကျော်

    May 6, 2011 at 3:56 am

    ကဒ်ကို ယူပြီး ရဲစခန်းလဲတိုင် မီဒီယာတွေကိုလည်း ဖွလိုက်ပြီးရော

    Reply

  • manawphyulay

    May 6, 2011 at 3:56 am

    ဟုတ်တယ် ကဒ်လေးတွေ ကမ်းတယ်။ မနောမှာလည်း ရထားတယ်။ တစ်နေ့ကို ၄ သောင်းရချင်ရင် သူ့ဆီဆက်သွယ်ပါတဲ့။ နိုင်ငံခြားဈေးကွက်လို့ ရေးထားတာပဲ။ ဖုန်းနံပါတ်နဲ့ နာမည်လည်း ပါတယ်။ နာမည်ကတော့ မိန်းမ နာမည်ပဲရှင့်။ နောက်နေ့ ကဒ်လေးနဲ့တင်ပေးမယ်နော်။

    Reply

  • tt

    May 6, 2011 at 6:31 am

    manawရေ… ကဒ်တင်ပေးမယ်ဆိုလို့ ကျေးဇူးပါနော်…

    Reply

  • မမလေး

    May 6, 2011 at 7:33 am

    အဲ့ဒါဘာအလုပ်ကိုပြောနေတာလဲ …

    Reply

  • susunosuki

    May 6, 2011 at 9:15 am

    လက်ဆွဲပြီး ကားပေါ်အတင်းတင်တာထက်စာ ရင်တော်သေးတာပဲမှတ်ရမယ်။ ကြီးကြီးမားမား အနာ္တရယ်တော့မဟုတ်သေးပါဘူး။ သတိတော့ထား စရာပါ။

    Reply

  • windtalker9

    May 7, 2011 at 5:10 am

    သွားလာကြတဲ့ ဗမာအမျိုးသမီးများအနေနဲ ့လည်း ဝတ်စား ဆင်ယင်မှု ဆင်ခြင်ဖို ့လိုမယ် ထင်တာပဲ…။ အရမ်း ခေတ်ဆန် ဟိုပေါ ်ဒီပေါ ်ဝတ်သွားနေရင်လည်း အထင်လွဲ ပြီး ပေါ ်တင် အခေါ ်ခံ ရနိုင်တယ် လို ့ထင်ပါတယ်

    Reply

  • Student

    May 9, 2011 at 9:50 pm

    ဒါကတော့ ဒါပေ့ါခင်ဗျာ

    Reply

  • လင်းဝေကျော်

    May 10, 2011 at 3:54 am

    မနောရေ ကဒ်တင်ပေးလိုက်ပါလား။
    လှမ်းဆက်သွယ်ပြီးမေးကြည့်မယ်လေ။

    Reply

  • shwe ni

    May 10, 2011 at 7:02 am

    ညနေစောင်းကို သိမ်ကြီးဓျေးနား က ရုပ်ရှင်ရုံနားမှာ အရေးကြီး ကိတ်စရှိရင်တောင် တယောက်ထဲ မသွားဘို့ . အဲနားကခုံးကျော်တံတားမလျှောက်ဘို့ ကျမ သူငယ်ချင်းတွေကမှာထားဘူးတာ ခုကြနေ့လည်ကြီးတောင် . ရဲတင်းနေကြပါလား

    Reply

Leave a Reply

Your email address will not be published.