မြို့တော်ခန်းမအရောင်ပြောင်းပြီတဲ့

မမေလးMay 4, 20111min014

န်ကုန်မြို့တော်ခန်းမကြီးသည် ဗြိတိသျှ အစိုးရလက်ထက်က အင်ဂျင်နီယာမင်းကြီး စည်သူဦးတင်က တည်ဆောက်ခဲ့ ပါသည်။

စည်သူဦးတင်၏ အဘိုး ဦးကြင်မှာ မင်းတုန်း မင်းတရားလက်ထက်က အင်ဂျင်နီယာ စက်မှု ဝန်ထမ်းတစ်ဦး ဖြစ်ပြီး အဘွား ဒေါ်ခင်မိမိမှာ မင်းတုန်းမင်းလက်ထက်က အထိန်းတော်ကြီး တစ်ဦးဖြစ်ကြောင်း သိရသည်။ ယခုအခါ ထို ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံအား ပြန်လည်ပြုပြင်ရာတွင် အဆောက်အအုံ၏ ဆေးရောင်အား ယခင်ကတည်းက ရှိနေခဲ့သော အဝါရောင်မှ ယခုအခါ ဗေဒါနုရောင်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မတ်လကုန် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများ ပြုလုပ်ပြီးချိန် တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၁ခု ဧပြီ ၁ ရက်မှ စတင်၍ ကော်မတီအဆင့်မှ စည်ပင်သာယာရေးဝန်ကြီးဌာန အဆင့်သို့ ရောက်ရှိပြီး နောက်ပိုင်း ဧပြီ လဆန်းတွင် မြို့တော်ခန်းမ အဆာက်အအုံတစ်ခုလုံးအား ပြန်လည်ပြုပြင်ခြင်း ဖြစ်သည်။

ထိုသို့ ပြုပြင်ရာ တွင် မူလလက်ရာ ပုံစံကို အကြီးစား၊ အသေးစား၊ ပြုပြင်ခြင်း မဟုတ်ဘဲ ဆေး အပိုင်းသာ ပြန်လည်ပြုပြင်ခြင်း ဖြစ်သည်ဟု သိရသည်။ ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံ အား ဆေးသုတ်ရာတွင် စည်ပင်သာယာရေး ဝန်ကြီးဌာန အောက်ရှိ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ပုဂ္ဂလိက လုပ်ငန်းရှင်များ က ပုတ်ပြတ်စနစ်ဖြင့် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ယင်းအဆောက်အအုံအား တာဝန်ယူ လုပ်ကိုင်နေသည့် ကန်ထရိုက်တစ်ဦးက ပြောသည်။

မြို့တော်ခန်းမအဆောက်အအုံ ဆေးသုတ်ရာတွင် ၁၁၅ဒဿမ၇ရ အဆင့်ရှိ ဗေဒါနုရောင်သို့ အဆောက်အအုံ တစ်ခုလုံးအား ပြောင်းလဲမည်ဖြစ်ပြီး ဗေဒါအရောင့်ဖျော့အား အဆောက် အအုံခါးပတ်၊ ကနုတ်နှင့် အခြားအစိတ်အပိုင်းများတွင် ဟိုက်လိုက်ထည့်သွင်း၍ အဆောက် အအုံ အောက်ခြေအား ချောကလက်အရောင် သုတ်မည် ဖြစ်သည်။

“အဆောက်အအုံ တစ်ခုလုံးကို ဗေဒါရောင်၊ ချောကလက်အရောင်နဲ့ ပြုပြင်သွားမှာပါ။ နံရံရေဆေး၊ ပြတင်းပေါက် ဆီဆေးသုတ်မှာပါ။ ခန်းမအရှေ့ဘက်ခြမ်းဆို ပြီးသလောက် ရှိပြီ” ဟု ယင်းအဆောက်အအုံအား ကန်ထရိုက်ယူ လုပ်ကိုင်နေသည့် အထက်ပါပုဂ္ဂိုလ်မှ ဧပြီ ၂၃ ရက်တွင် ပြောကြားပြီး ဗေဒါနုရောင်မသုတ်ခင်က ချောကလက်၊ အဝါနှင့် အစိမ်း ရောင် များအား အဆောက်အအုံအား ပထမ စမ်းသပ်ခဲ့ပြီး ဗေဒါနုရောင်သို့ ပြောင်းလဲသုတ် ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဧပြီလဆန်း ၁ ရက်မှ စတင်၍ ပြန်လည်ပြုပြင် မွမ်းမံခဲ့သော ရန်ကုန်မြို့တော်ခန်းမ အဆောက်အအုံသည် မေလတွင် ပြီးစီးဖွယ်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဝန်ကြီးဌာန ရုံးစိုက်ရာနေရာလည်း ဖြစ်သည်။ ရန်ကုန်မြို့တော်ခန်းမအဆောက်အအုံ ဆေး ပြုပြင်နေချိန်တွင် ဝန်ထမ်းများ အနားယူခြင်းမရှိဘဲ ရုံးဆင်းရုံးတက် ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

14 comments

  • Hello Everyone

    May 4, 2011 at 8:07 pm

    အဆောက်အဦး တွေ ဒီလိုမျိုး ပြုပြင် မယ်ဆိုရင် အကာအရံတွေ အပြည့်ကာပြီး အလုပ်လုပ် ရပါတယ်။ ( စည်ပင် ဥပဒေ လို့ပြောတာပဲ။) သို့သော် လည်းပဲ ဟောဒီ မြို့တော် ခမ်းမ ကြီးကိုတော့ မည်သည့် အကာအရန် မျှမထား ပဲ ဖုံ တသောသော ၊ ဆေး ၊ခဲ တလွင့်လွင့် နှင့် အများပြည်သူ အားလုံးဝ ဂရုမစိုက် ပဲဆောင်ရွက် လျှပ်ရှိသည်။

    Reply

  • zawinaing

    May 5, 2011 at 4:10 am

    အရောင်ဘယ်လိုပြောင်းပြောင်း ………. ???????

    Reply

  • lulain

    May 5, 2011 at 5:00 am

    အရောင်ပြောင်းတာဆေးပြောင်သုတ်လိုက်လိုပေါ့ ထူဆန်တာကြနေတာပဲ

    Reply

  • moethidasoe

    May 5, 2011 at 5:55 am

    မဝါချင်တော့ဘူး တဲ့ .. ချက်ခြင်း ပြာလို့လဲ မဖြစ် နီလို့လဲ မဖြစ်တော့ ကြားရောင် စပ်လိုက်တာ .. လောလောဆယ် စည်ပင်သာယာရေးဝန်ကြီးရဲ့ လုပ်ရပ်က အိတ်ထဲ ဘယ်လောက် ထည့်မိပါလိမ့်နော် ..
    လူကြီးတွေ နည်းနည်း ပြောင်းပေမယ့် လူလတ်တွေ ဒီအတိုင်းပါပဲ ..

    သိချင်တာ တစ်ချက်က ရန်ကုန်မြို့မှာ Chief Minister ဆိုတဲ့ ဝန်ကြီးချုပ်က အကြီးဆုံးလား .. တိုင်းမှူးက အကြီးဆုံးလား .. မြို့တော်ဝန် ဆိုတာက အကြီးဆုံးလား (အာဏာကို ပြောတာပါ)
    တစ်ခုခု အလုပ်လုပ်ရတော့မယ် ဆိုရင် ဘယ်သူ့ကို အရင် ဦးတိုက်ရမှာလဲ .. ဘယ်သူ့ကို နောက်ဆုံးမှ ဦးတိုက်ရင် ရသလဲ ..

    Reply

    • kai

      May 5, 2011 at 9:07 am

      ယူအက်စ်နဲ့နှိုင်းပြောရရင်တော့… နိုင်ငံရေးသမားတွေက .. တလိုင်း..။ စစ်တပ်ကတလိုင်းပါ..။
      နိုင်ငံရေးသမားထဲ.. ပြည်နယ်အုပ်ချုပ်ရေးမှုးက..အကြိးဆုံးပေါ့..။ စစ်တပ်အပါအဝင်..အစိုးရဝန်ထမ်းအားလုံးက သူ့အောက်နေရတာပါ..။
      သူ့လွတ်တော်အမတ်တွေက ..သူတို့ အစိုးရအဖွဲ ့ကို Checks and Balances လုပ်ပေးရတယ်ပေါ့..။
      အဲဒီပြည်နယ်အောက်မှာ.. မြီု ့တွေရှိတာမို ့. အုပ်ချုပ်သူတွေက…မြို ့တော်ဝန်တွေပေါ့..။
      မြို ့တော်ဝန်ကလည်း ရွေးကောက်ပြီးတက်ရတာမို ့.. အတန်းခွဲရင်.. ပြည်နယ်အုပ်ချုပ်ရေးမှုးအောက်နေရမှာပေါ့..။

      အဲဒီလို အတန်းအဆင့်တွေခွဲသွားရာမှာ ..မိခင်ပါတီက သိပ်အရေးကြီးတယ်..။
      ရွေးကောက်ပွဲတက်ရမဲ့ နိုင်ငံရေးသမားတွေအားလုံးက.. ပါတီကျောထောက်နောက်ခံနဲ့.. အစုလိုက်လှုပ်ရှားကြရတာ..
      သင်းကွဲရင်.. တခြားပါတီက .. နှိပ်ကွပ်လိုက်ရော..။
      ယူအက်စ်က တိုးတက်တာ..ပါတီကြီး၂ခုပဲရှိနေလို့ပဲ..။

      မြန်မာပြည် အခုပုံစံက .. အာဏာရသွားတဲ့ ပါတီကြိးတခုထဲရှိနေပြီး.. စစ်တပ်ဖက်က တိုင်းမှုးတွေကလည်း.. အခုအာဏာရှိတဲ့ ပါတီကလူတွေရဲ့ အောက်ကဆိုတော့ .. ပုံစံမှန်နေတယ်ခေါ်ရမှာပဲ..။
      ဒီလိုမှမဟုတ်ရင်.. စီးပွားရေးလုပ်ချင်သူတွေက …ဘယ်သူ့ဦးတိုက်ရမလည်း မသိဖြစ်မှာပဲ..။

      Reply

  • lusoegyikoko

    May 5, 2011 at 8:52 am

    မပြောချင်တော့ပါဘူး…သကြန်မတိုင်ကတည်းက ဆေးအဟောင်းတွေကို ကျောက် စက်တွေနဲ့ တိုက်တာ တော်တော့်ကိုဆိုးတယ် မိုးလင်းမိုးချုပ်ပဲ အများပြည်သူတွေကိိုိုမြို့လယ်ခေါင်မှာ ဒုက်ခပေးနေတာ ဘာဥပဒေမှမရှိဘူးလား အခုတော့ပြီးသွားပြီ။

    Reply

  • lusoegyikoko

    May 5, 2011 at 8:55 am

    ကျန်သေးတယ် နောက်ပြောင်းတဲ့အရောင်ကလည်း ktv မှာသုတ်တဲ့ ခရမ်းနုရောင် ရောထားသေးတယ်။

    Reply

  • king

    May 5, 2011 at 10:06 am

    အရောင်ပြောင်းသလို
    အကျင့်စရိုက်တွေလည်း ပြောင်းကုန်ကျရင်တော့
    ………………………………………………………………………..
    ငါဘာတွေကို ဘယ်ကနေ ဘယ်လိုတွေ လုပ်ရမယ်ဆိုတာ ဘယ်သူ့ကို ဘယ်လိုမျိုးနဲ့ ဘယ်လိုချဉ်းကပ်လို့မှ
    မရလောက်တော့ဘူးထင်တယ်နော်

    Reply

  • လင်းဝေကျော်

    May 5, 2011 at 10:33 am

    ဘာပဲဖြစ်ဖြစ် တင့်တင့်တယ်တယ်ဖြစ်အောင် လုပ်တာပဲလေ။
    အရင်ကတော့ ဆေးသုတ်ကန်ထရိုက်နဲ့ ပေါင်းစားပြီး ကပျစ်ကညစ် သုတ်သွားတော့ စုတ်ပျက်သတ်နေတာ။

    Reply

    • kai

      May 5, 2011 at 6:18 pm

      ရှေးဟောင်းပစ္စည်းကိုတော့ .. (နားလည်သူတွေမဟုတ်ရင်).. အကြီးအကဲစိတ်ဆန္ဒတခုထဲနဲ့..မထိမကိုင်သင့်ပါဘူး..။
      မြို ့တော်ခန်းမအဆောက်အဦးက.. ပရီဝါး(စစ်ကြိုလောက်) က..မြန်မာတဦးက ဒီဇိုင်းဆွဲပြီး ဆောက်တယ်မှတ်မိတယ်..။
      ၇၅နှစ်ကျော်လောက်ပြီမို ့.. အမှတ်တရ ရှေးဟောင်းအနေနဲ့ သတ်မှတ်လို့ရနိုင်လောက်ပါတယ်..။

      မြန်မာပြည်လို အခြေအနေမျိုးနဲ့က.. အဲဒီလို ကိုလိုနီခေတ်အဆောက်အဦတွေနဲ့..ရုပ်ပြပြီး.. တိုးရစ်ဇင်ကဏ္ဍတိုးတက်အောင်လုပ်သင့်တယ်..။
      အဆောက်အဦတခုစီက.. နိုင်ငံခြားသား(အထူးသဖြင့် အင်္ဂလိပ်) တနှစ်ကို အယောက်၁သောင်းလောက် အေးဆေးဆွဲဆောင်နိုင်အောင် လုပ်သင့်တယ်..။

      သံဈေးတုံးကလည်း.. စင်္ကာပူနဲ့(ခေတ်ပြိုင် )၂ခုဆောက်ထားခဲ့တာ.. စင်္ကာပူက အဲဒါမှီခိုစားပြီး တနှစ်ဒေါ်လာ မီလီယန်ချီဝင်နေချိန်.. မြန်မာက သံဈေးဖျက်ပြီး တိုက်စုတ်ဆောက်လိုက်တာ.. တနှစ် ဒေါ်လာ သိန်းချီထွက်နေတာပဲ အဖတ်တင်သွားတယ်..။

      Reply

  • unclegyi1974

    May 5, 2011 at 3:09 pm

    မြို့တော်ခန်းမရဲ့သမိုင်းကြောင်းကမသေးပါဘူး
    အဆောက်အဦးအနေနဲ့လည်းသမိုင်းဝင်ပါ
    ရှေးဟောင်းအဆောက်အဦးစာရင်းထဲတောင်
    စာရင်းဝင်လောက်ပါပြီ
    ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးတခုကို
    လုပ်ချင်သလိုလျှောက်လုပ်နေတာမကောင်းပါဘူး
    သမိုင်းတန်ဖိုးပျက်ပါတယ်
    ပြင်မယ်ဆေးသုတ်မယ်ဆိုတကယ်နားလည်တဲ့ပညာ
    ရှင်တွေဆီကအကြံဉာဏ်ယူပြီးလုပ်သင့်တယ်
    ထင်ပါတယ်ကြာရင်သမိုင်းတန်ဖိုးပျောက်သွား
    မှာစိုးရပါတယ်……

    Reply

  • bigcat

    May 5, 2011 at 11:15 pm

    ဒေါက်တာဒေါ်မိုးသီတာခင်ဗျား..
    ရန်ကုန်မှာ ဘယ်သူအကြီးဆုံးလည်းဆိုတာ ကျနော်သိပါတယ်။ အားလုံးလည်း ကြိုက်သော်ရှိမကြိုက်သော်ရှိ လိုက်နာကြပါ။ အသက်အကြီးဆုံးနဲ့ ဦးတိုက်ရမှာကတာ့ မြို့စောင့်နတ်ပါ။ မြို့စောင့်ဘိုးဘိုးကြီးကို မောင်ကြောင်ကြီးမှ ရှိခိုးဦးတိုက်ပါ၏……

    Reply

  • moethidasoe

    May 6, 2011 at 5:05 am

    ကြောင်ကြီးရယ် ..ဒီလိုတွက်ကြေးဆိုရင် မြို့ ဆိုတာ ပေါ်လာပြီးမှ မြို့စောင့်နတ်က နေရာရမှာလေ .. မြို့တည်တဲ့ လူက (အသက်)ပိုကြီးမယ် ထင်တယ် .. ဒဂုံ သမိုင်းကြောင်း ဖတ်ပြီးရင် ပြန်ရေးမယ်နော် ..

    Reply

Leave a Reply to king Cancel Reply

Your email address will not be published.