ဝမ်းနည်းကြေကွဲခြင်း

လူတိုင်းမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ရှိကြမှာပါ

သူများတွေနဲ့ရန်ဖြစ်တိုင်းကျွန်တော်နဲ့ရန်ဖြစ်တာမဟုတ်ပါဘူး

သူများတွေမုန်းတိုင်းကျွန်တော်မမုန်းပါဘူး

ကျွန်တော်တို့တစ်တွေဟာ

သံသရာ၏ ဆွေတော်မျိုးတော်တွေပါ

သူ့၏အပြုကိုခံရခြင်းဟာ

ကိုယ်ကပြုခဲ့ဘူးလို့သာဖြစ်ပါတယ်လို့

သံဝေဂဉာဏ်ဆင်ခြင်ပါတယ်

လူနဲ့လူခြင်းသတ်ဖြတ်ခြင်းကင်းဝေးကြပါစေ

စကားလုံးတွေကို လူကြားကောင်းအောင် ပြောပြီး

ယဉ်ကျေးဟန်ဆောင်သူများလည်း တစ်ကယ်ယဉ်ကျေးသောစိတ်များကိန်းအောင်းကြပါစေ

မိုက်ရိုင်းခြင်ဟန်ဆောင်၍ တစ်ကယ်ယဉ်ကျေးနေသော

ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု သည်လည်း

မိုက်ရိုင်းသောစိတ် ရင်၌ကိန်းအောင်းပါစေ

ကျွန်တော်နဲ့ဘာပြဿနာမှမရှိသောသူတစ်ယောက်

သူ့အကြောင်းနှင့်သူ ကွယ်လွန်သွားခြင်းအတွက်

မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။

ဤကပင် လူသားတစ်ယောက်တွက် ဝမ်းနည်းခွင့်ရှိသော ကျွန်တော်၏လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါသည်ဟုထင်မိပါသည်။

ကျန်ခဲ့တဲ့အမွေတွေဘယ်သူဆက်ခံပါလိမ့် ? ? ? ( အတွေးချပ် )

ဖော်ပြပါပုံတွေကတော့ မစ်စတာဘင်လာဒင်ကို လူတွေအမှတ်တရပြုကြပုံတွေဖြစ်ပါတယ်

ဓာတ်ပုံတွေကို http://www.maukkha.org ကနေကူးယူတာဖြစ်ပြီး သူများလိုဘဲ ဒီနေရာကနေဘဲခွင့်တောင်းပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

17 comments

  • တညင်သား

    May 4, 2011 at 3:27 pm

    ကျွန်တော်လဲ ထပ်တူ ဝမ်းနဲပါကြောင်း…………………..

    Reply

  • parlayar46

    May 4, 2011 at 4:04 pm

    သူကွယ်လွန်တဲ့အတွက် ဝမ်းလဲမသာ ဝမ်းလဲမနည်းပါ။
    သူဟာလဲ သူ့ဘက်သားတွေ အတွက်တော့ သူရဲကောင်းပေါ့။
    ပြီးတော့ သူ့လူမျိုးတွေ (race မဟုတ်၊ အစ္စလမ်ဝါဒီတွေ) အတွက်လဲ မျိုးချစ်ပုဂ္ဂိုလ်ကြီးပေါ့။
    အဲ လမ်းလွဲတဲ့ လမ်းမှားတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး လို့လဲပြောချင်ပြောပေါ့။
    သူသတ်ခဲ့တဲ့လူအရေ အတွက်ထက် အများကြီး ပိုသတ်ခဲ့သူတချို့ ကောင်းစားနေစဉ်မှာ ဒီလိုသေသွားရတော့ ကံဆိုးတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး လို့လဲ ပြောနိုင်ပါတယ်။
    ဒါက အလယ်ကနေကြည့်တာ။ တကယ်တော့ ကျူပ်ကသူ့ဘက်ကမဟုတ်ဘူး ။ ကိုယ့်ဘက်နဲ့ကိုယ်။

    Reply

  • Bayote

    May 5, 2011 at 5:33 am

    အင်အားကြီးတွေရဲ. အပိုင်စိုးလိုမှု၊ နိုင်လိုထက်စီးမှု သိမ်းမှုလိုမှု မတရားဖိနှိပ်မှုတွေ များလာတဲ့အခါ အကြမ်းဖက်မှုတွေဖြစ်လာတတ်ပါတယ်။ ဘယ်တော့မပြီးဆုံးနိုင်တဲ့ ရန်ပွဲ ဖြစ်သွားနိုင်ပါတယ်။

    အိုစမာ ကို အရှင်ဖမ်းနိုင်ခြင်းရှိပါလျှက်၊ အသေဖမ်းခဲ့ပုံ(မှတ်ချက် ဖမ်းဆီးချိန် ကာကွယ်ရန် လက်နက် အိုစမာတွင် မရှိ) အလောင်းကို အများမသွားနိုင်သော ဘာသာရေးအရ မြေတွင်မြှပ်ရမည့် အလောင်းကို ရေထဲ ပစ်ချပုံကို ကြည့်ချင်းအားဖြင့် အနောက်တိုင်းသားများ လူ့အခွင့်အရေးကို သိနိုင်ပါတယ်။

    နှစ်ဘက်လုံးမှားခဲ့ပါတယ်။ Twin Tower လူထောင်ချီသေခဲ့ပါတယ်။ အခုတော့ သိန်းကျော်နေပါပြီ။ ပြန် အသေခံသွားရမှုပါ။ ဘာသာရေးစစ်ပွဲ တစ်ချိန်မှာ ဦးတည်သွားနိုင်ပါတယ်။

    Reply

  • king

    May 5, 2011 at 6:19 am

    ဘာမှတော့ မပြောချင်ပါဘူး
    ဒါပေမယ့် နည်းနည်းလျှာရှည်လိုက်အုန်းမယ်
    လူဆိုတာ ကိုယ်မှန်တယ်ထင်ရာ ကိုယ်နောင်တမရအောင် လုပ်နေရင်းနဲ့
    နောင်တရစရာတွေ ဖန်တီးသွားကြတာပဲ
    နောင်ဆုတ်ချင်ရင်တောင် မဆုတ်နိုင်လောက်အောင် လွန်ခဲ့ပြီဆိုပြီး မရပ်တန့်ကြတော့ပဲ
    ဆက်တိုးကြတယ် … မှားမှန်းသိလို့ နောက်ဆုတ်မယ်ဆိုရင် နောက်ဆုတ်လိုက်ပါ
    နောက်မကျသေးပါဘူးလို့ ပြောကြားရင်း နောင်တရနေသူများကို ဒီနေရာကနေ
    တိုက်တွန်းလိုက်ပါတယ် …………………………..

    Reply

  • naywoonni

    May 5, 2011 at 7:02 am

    ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ အုတ်အော်သောင်းနင်းနဲ့ ကသန်းကရမ်းဖြစ်သွားအောင်လုပ်နိုင်တာကို ချီးကျူးပါတယ်..။ ဟို….. သီချင်းလေးတစ်ပုဒ်ရှိခဲ့ဖူးတယ်..။ ဘာတဲ့…….
    “မျက်လုံးတစ်ဘက် xxxကန်းနေပါရက်နဲ့ …..ဘုရင်ကိုဖမ်းပြီး ….အကျဉ်းချဝံ့သူ…ငါရမာန်ကန်းကြီးအားxxxအားကျမိတယ်…. တို့ကျောင်းက သသမိုင်းဆရာလေးတောင် xxxxလူပေလေးလို့ငါ့ကိုခေါ်………”.ဆိုတဲ့သီချင်းလေးလို………… တစ်ချိန်က လူငယ်ထုကြားမှာရေပန်းစားခဲ့တဲ့ ဆရာစောဘွဲ့မှူး ရဲ့”မှားတဲ့ဘက်မှာသီချင်းလေးပါ..။

    ပိုစ့်တစ်ခုအနေနဲ့တင်မလို့ပဲ..။ ပုမမဦးသွားလို့ မတင်တော့ဘူး

    Reply

  • Ko Ko Aung

    May 5, 2011 at 3:02 pm

    အဲဒါ အကြမ်းဖက်သမားတွေရဲ့ ဇတ်သိမ်းလား ၊ သို့မဟုတ် အင်အားနည်းသူတွေရဲ့ ဇတ်သိမ်းလား ဆိုတာ ဇဝေဇဝါဖြစ်တုန်းပဲ။

    Reply

  • ကွန်မင်းတွေဖတ်ပြီးတော့ ဘင်လာဒင်နဲ့ပတ်သက်ပြီး ပို့စ်တစ်ပုဒ်တင်ချင်လာပါတယ်။ ရင်ထဲရှိတဲ့အတိုင်းရေးမှာမို့ အတွေးမှား အမြင်မှားတွေရှိလာရင် သီးခံကြဖို့ ကြိုတင် မေတ္တာရပ်ခံလိုပါတယ်။

    Reply

  • maythakhin

    May 6, 2011 at 3:47 pm

    မေပြောတာအမှားပါရင်သည်းခံပေးပါနော်၊ မည်သို့ပင်ဆိုစေကာမူ ကိုယ်ပြုခဲ့တဲ့ဒဏ်ကိုကိုယ်ခံရတယ်လို့ ထင်မိပါတယ်။

    Reply

  • cobra

    May 6, 2011 at 4:42 pm

    မှန်တာပေါ့….
    ကိုယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မှာပေါ့….
    သိပ်မှန်တာပဲအမေရယ်…။

    Reply

  • maythakhin

    May 6, 2011 at 4:51 pm

    အမယ်၊လူကိုများအမေတဲ့။အကောင်းလည်းပြောရသေးတယ်။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 5:05 pm

    ဟုတ်သားဘဲလူဂလေးဂလဲ
    ကိုယ့်အမေဂိုနောက်စရာလား
    လူဂျိုးလေး
    ကိုယ်ပြောတာမှန်တယ်မလား မေ 🙂 🙂 🙂

    Reply

    • bigcat

      May 7, 2011 at 1:59 am

      ကိုပုရင် ခင်ဗျားက ကျုပ်နောက်မှ သူ့ကိုတွေ့တာပါဗျာ…

      Reply

      • ဆူး

        May 7, 2011 at 5:31 am

        ဘင်လာဒင် သေတာ ဘကြီးပု နဲ့ ဦးကြောင်ကြီး ရန်ဖြစ်ရတော့မယ်ပေါ့။

        Reply

      • char too lan

        May 7, 2011 at 6:59 am

        အဟမ်း အဟမ်း
        အပေါ်ဂခလေးဒွေဘေးဖယ်ချမ်းဘာ (ဘပု + ဦးကြောင်)
        လူဂျီးဒွေ ဖဲရိုက်နေဒါဂို …. 🙂

        Reply

  • maythakhin

    May 6, 2011 at 6:25 pm

    ဟုတ်မယ်ထင်တယ်၊ဒီလိုခင်မင်ရင်းနှီးမှုတွေရှိလို့ MG ထဲကိုဝင်လာခဲ့တာပါ။နွေးထွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။နောက်ထပ်ဆက်လက်ပြီးတော့ ဝင်ရေးသွားပါရပါစေ။

    Reply

  • nature

    May 6, 2011 at 11:00 pm

    လူဆိုတာသေမျိုးချဉ်ပါဘဲ၊ သူကတော့ ဥပစ်စေဒကကံ ကြောင့်သေတာပေါ့။

    Reply

Leave a Reply to maythakhin Cancel Reply

Your email address will not be published.