ရဟနာ္တသိမ်

ဆူးMay 2, 20111min011

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော် နှစ် ၂၃၅နှစ်မြောက် တွင် ပါတလိပုတ်ပြည် (ယခု အိန္ဒိယနိုင်ငံ ပတ္တနား) အာသောကာရုံ ကျောင်းတိုက်ကြီး ၌ သျှင်မောဂ္ဂလိပုတ္တတိဿ မဟာထေရ် အကြီး အမှူးပြု၍ ရဟနာ္တတစ်ထောင် ရွှေးချယ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ကိုးလတိုင်တိုင် တတိယ သင်္ဂါယနာတင်တော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်တော်မူကြသည်။ တတိယ သင်္ဂါယနာတင်ပြီးလျှင် သျှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် နောင် အခါ မစ္စန ္တရစ် အရပ်များတွင် သာသနာတော် တည်တံ့ပြန့်ပွားထွန်းကားမည့် အကြောင်းကို အနာဂတံသ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ သာသနာတော်နှစ် ၂၃၅နှစ် မြောက် တန်ဆောင်မုန်းလပြည့်နေ့၌ ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွတ်တော်မူသည်။ ကိုးတိုင်း ကိုးဌာန သာသနာပြု ကြွရာတွင် သုဝဏဘူမိ (ယခု သထုံ) မြန်မာနိုင်ငံသို့ ကြီးသော တန်ခိုးရှိသော သျှင်သောဏထေရ် သျှင်ဥတ္တရထေရ် တို့သည် သျှင်အနုရုဒ္ဓါထေရ် သျှင်တိဿဂုတ္တထေရ် သျှင်သောဏေယထေရ် တို့နှင့် အတူကြွတော်မူကြသည်။ ထိုသျှင်သောဏထေရ် သျှင်ဥတ္တရထေရ် အမှူးရှိသော ရဟနာ္တ အရှင်မြတ်တို့သည် ရာမညတိုင်း ဒေသ အားလုံးသို့ သာသနာပြု လှည့်လည် ကြွတော်မူလေရာ သီဟဒီပကျွန်း သန်ချင်သို့ ဆိုက်ရောက်ကြွလာတော်မူစဉ် (သဒ္ဓဓမ္မာဒယ ဂိုဏ်းထောက်ကျောင်း) သိမ်တော်ကြီးကို သာသနာတော်နှစ် ၂၁၆ နှစ်မြောက်တွင် သမုတ် တည်ထားတော ်မူကြသည်။ ရဟနာ္တအရှင်သူမြတ်ကြီးများ သမုတ်တည်ထားသော သိမ်ဖြစ်၍ ရဟနာ္တသိမ်တော်ကြီးဟု အမည် တွင်သည်။ ဤရဟနာ္တသိမ်တော်သည် ၁၃၀၃ ခုနှစ်အထိ နှစ်ပေါင်း ၂၃၀၉ နှစ်ကြာမြင့်ပြီ။
သာသနာတော်နှစ် ၂၅၄၅ ကောဇာ သက္ကရာဇ် ၁၃၆၃ ခရစ်နှစ် ၂၀၀၁


မေလ ၁ရက်နေ့မှ စ၍ မေလ ရရက်နေ့ အထိ ရရက် တရားစခန်း ဖွင့်လှစ်ထားပါသည်။

11 comments

  • bigcat

    May 3, 2011 at 1:10 am

    သိမ်ကြီးဈေး မျက်စောင်းထိုးမှာလည်း ရဟနာ္တသိမ်တော်ကြီး တခုရှိတယ်…

    Reply

  • kai

    May 3, 2011 at 1:34 am

    ဟိုထောင့်လေးနားမှာလည်း …ရဟန္တာသိမ်ကြီး ၂ခုတောင်ရှိတယ်..။
    ဂေါတမဗုဒ္ဓကိုယ်တော်တိုင်… ရင်ငွေ ့လှုံပြီး.. ပွားထုထားတဲ့..ဆင်းတု၂ဆူလည်း စံပယ်နေတယ်..။
    လွန်ခဲ့တဲ့.. နှစ် ၂၅၄၈ခုနှစ်.. နယုန်လပြည့်နေ့ သောကြာနေ့မှာ.. သိကြားမင်းက ဂေါတမဘုရားရှင်ကို.. ပူဇော်ကန်တော့တဲ့အနေနဲ့.. သိမ်ကို ဖန်ဆင်းပေးထားတာ..။
    သိမ်တက်တဲ့လှေကားေတွေကတော့.. ယမမင်းရဲ့သားတော်၂ပါးက.. တထစ်ဆီကို..ရွှေ၊ငေ၊ွပတ္တမြားနဲ့..(တန်ခိုးနဲ့မဖန်ဆင်းပဲ).. လုပ်အားအလှူနဲ့.. ကိုယ်တိုင်..၃ရက်တိတိ..လုပ်ပေးခဲ့တယ်တဲ့..။
    သိမ်ရဲ့..အတွင်မှာအလင်းရောင်ရှိအောင်ကို.. ရာဟုနတ်သားက..လုပ်ပေးပြီး.. ဝါဆိုလပြည့်နေ့ရောက်တော့… ရှင်သီဝတာဒေဝါအမှုးပြုတဲ့… ရဟန္တာအရှင်မြတ် အပါး ၂၃၉၄ ပါးက.. အခုဒေသမှာ..သာသနာတော်ကွယ်မှာ မြင်တော်မူတာမို ့.. ဝိပသနာကို နှစ် ၁၃ဝဆက်တိုက်ကျင့်နိုင်သူတွေပဲ သိမ်ပေါ်တက်လို့ရအောင် အဓိဌာန်တော်မူပြီး လုပ်တော်မူတယ် ကျောက်စာတိုင်မှာထွင်းထားတယ်..။

    တကယ်တော့.. အခုနေရာဟာ.. သုဝဏ္ဏသီရိဘူမိ လို့ေခေါ်တယ်..။
    သုဝဏ္ဏဘူမိက.. ဒီနေရာက..မြေခဲတခဲယူပြီးမှ..အာသောကမင်းလက်ထက်မှာ.. အမည်ပညတ်ခဲ့တာတဲ့..။

    တရားနဲ့နေပြီး..နိဗ္ဗာန်ခြေတလှမ်းထားထားသူတွေပဲ ကျောက်စာကိုမြင်ရပြီး.. သာသနာကို အနှစ် ၅၀၀ဝ စောင့်ရှောက်ပါမည်ဆိုတဲ့… အဓိဌာန်လိုက်လို့….ဘိုးဘိုးအောင်က မြင်တော်မူသွားတာမို ့.. အားလုံးကုသိုလ်ရရောအင်.. အင်တာနက်မှာတင်ဖို့.. လာပြောတာကို တင်ပေးလိုက်တာပါနော..။
    မယုံရင်.. ဘိုးဘိုးအောင်ကို … သုံးခါ အမည်တတ်ပြီး… အော်ဆဲလိုက်..။
    ယုံအောင်လုပ်ပေးမယ်.. မ,စမယ်တဲ့..။ 🙂

    Reply

    • bigcat

      May 3, 2011 at 2:12 am

      သဂျီး အမြင်မှန်ရစ ပြုလာပြီ ရွာသားအပါင်းတို့။ ကစော်ထွေပြီး ပြောတာလား၊ ရင်ထဲက တကယ်လာတဲ့ စကားလားဆိုတာ နောက်ထပ် အခုလို နှစ်ကြိမ်သုံးကြိမ်လောက် ဝန်ခံတာတွေ့ရင်တော့ စိတ်ချရပြီ။ ဟေး…မြန်မာပြည်ကြီး စစ်ကျွန်ဘဝက လွတ်မြောက်တော့မယ်ကွ…..

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 2:01 am

    ( အာသောကာရုံ ကျောင်းတိုက်ကြီး ၌ သျှင်မောဂ္ဂလိပုတ္တတိဿ မဟာထေရ် အကြီး အမှူးပြု၍ ရဟနာ္တတစ်ထောင် ရွှေးချယ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ကိုးလတိုင်တိုင် တတိယ သင်္ဂါယနာတင်တော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်တော်မူကြသည်။ )
    အဲ့သည်တုန်းက
    မာန်နတ်ကိုရှင်ဥပဂုတ္တရဟ န္တာကြီးကဆုံးမလို့သာ
    သင်္ဂါယနာတင်တော်မူတာအောင်မြင်တယ်လို့မှတ်သားဂျကွဲ့
    ရှင်ဥပဂုတ္တ ဆိုတာက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မြောက်ကျွန်းမှာ ကြေးပြဿတ်ကြီးနဲ့စံပယ်တော်မူနေတာလေ
    မကြာခင်ဟိုတစ်လောက
    ဘိန်းမုန့်ရောင်းတဲ့ ကြီးအေးစိန်ကြီးတောင် ဒီကိုယ်တော်ကြီးကို
    ဘိန်းမုန့်တွေလောင်းလှူလိုက်ရသေးတယ်ဆိုဘဲ
    အံမယ် အံမယ် ကိုယ်တော်ကြီးက သင်္ကန်းအောက်ပိုင်းက ရေတွေဆိုရွှဲလို့နေပါသတဲ့

    Reply

  • weiwei

    May 3, 2011 at 3:25 am

    ဆူးက လက်ဦးသွားတယ် … မေဒေးနေ့က သန်လျင်က ဖားအောက်တောရကိုသွားရင်း လမ်းမှာ ရဟန္တာသိမ်တော်ကြီးဆိုတဲ့ ဆိုင်းဘုတ်တွေ့လို့ ဝင်စပ်စုပြီး ပို့စ်တင်အုန်းမယ်လို့ စိတ်ကူးထားတာ 🙂
    သန်လျင် ၁၈ ကုန်းထိပ်နားက အဲဒီရဟန္တာသိမ်တော်က နံမည်ကြီးပါတယ် … အတိအကျတော့ မသိပေမယ့် သရဲခြောက်တယ်လို့တော့ ကြားဖူးတယ် …

    Reply

  • kopauk mandalay

    May 3, 2011 at 7:27 am

    မန်းလေးမှာတော့ ရှင်အရဟံသိ်မ်ဆိုတာ နာမည်ကြီးဗျာ။
    နောက်နေထွက်သိမ်တို့ နေဝင်သိမ်တို့ဆိုတာလဲရှိသေးရဲ့။
    ကြည့်ဘူးမြင်ဘူးချင်ပါတယ်ဆိုရင်တော့ ဓါတ်ပုံရိုက်တင်ပေးလိုက်မယ်နော်။

    Reply

  • researcher

    May 3, 2011 at 9:14 am

    ဟုတ်ရဲ့လား မဝေရယ်၊ သိမ်နားမှာ သရဲခြောက်တယ်ဆိုတော့ သရဲက သိမ် ကိုမကြောက်ဘူးပေါ့။ တချို့ပြောတော့ သိမ်ဝင်သပိ်တ်ကွဲကို သရဲတွေကြောက်တယ်ဆို။ 🙂

    Reply

    • ဆူး

      May 3, 2011 at 12:55 pm

      သရဲ က တချိန်က တော်တော် ဆိုးပါတယ်။
      အခုတော့ ငြိမ်သွားပါပြီ။
      သိချင်ရင်တော့ လမ်းကြုံရင် အဲဒီကို လေ့လာရေး သွားကြည့်ပါ။
      လိပ်စာ အတိအကျကိုတော့ မဝေကို မေးပါ။
      ဆူး က ကားကြုံလိုက်စီးပြီး တွေ့တာ ရိုက်ပေးတာ ဆိုတော့.. လိပ်စာ မပြောတတ်ဘူး

      Reply

  • Kaung Thant

    May 3, 2011 at 10:03 am

    အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလို post လေးတွေတင်ပေးတော့ လူငယ်တွေဗဟုသုသရတာပေါ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆူးရေ နောက်လဲဒီလို တွေကို ဖတ်ချင်ပါတယ်။

    Reply

  • Kaung Thant

    May 3, 2011 at 10:05 am

    အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလိုလေးတွေတင်ပေးတော့ လူငယ်တွေဗဟုသုသရတာပေါ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆူးရေ နောက်လဲဒီလို တွေကို ဖတ်ချင်ပါတယ်။

    Reply

  • MaMa

    May 4, 2011 at 12:37 am

    ကိုပေါက်ရေ မြင်ဖူးချင်ပါတယ်။ စာပါတွဲရေးပေးရင်တော့ ပိုကောင်းမှာပေ့ါ နော။

    Reply

Leave a Reply

Your email address will not be published.