ဘယ်လိုမြင်စေချင်လဲ

ဆရာတစ်ယောက်က စာသင်ခန်းတစ်ခုမှာ ရှေးဟောင်းမြို့များကို ပြန်လည်တူးဖော်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောပြနေပါတယ် တူးဖော်နိုင်ဘို့အတွက် ဘယ်လိုပြင်ဆင်ရတယ် ဘယ်လိုတူးဖော်ရတယ် ဘာတွေတွေ့ရှိရတယ် ဆိုတာတွေကို သူ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ပြောနိုင်တော့ ကျောင်းသားအားလုံးရဲ့  စိတ်ဝင်စားမှုကလည်း အပြည့်ပေါ့ အဲဒီလိုပြောရင်းကနေ  တူးဖော်မှုတစ်ခုမှာ တွေ့ရတဲ့ ရှေးဟောင်းပန်းအိုးလေးတွေရဲ့ အကြောင်းရောက်သွားတယ် ဘယ်လိုအနုပညာမြောက်အောင် ပုံဖော်ထားတယ် သက်တမ်းကတော့ ဘယ်လောက်ရှိပြီ ဆိုတာတွေပြောပြရင်းကနေ အဲဒီအိုးကလေးရဲ့ ခန့်မှန်းခြေကာလတန်ဘိုးကို မေးကြည့်တော့ ကျောင်းသားတိုင်းက ကိုယ့်အမြင်နဲ့ ကို အမျိုးမျိုးပြောကြတာပေါ့ အဲဒီအချိန်မှာပဲ ဆရာက အောက်ကပုံလေးကို အားလုံးမြင်အောင်ပြပြီးတော့ ဒါဘာပုံလဲဆိုတော့ တစ်တန်းလုံးက “ပန်းအိုးလေးတစ်လုံး”  ရဲ့ ပုံပါလို့ဖြေကြတယ်

နောက်စာသင်ခန်း တစ်ခုမှာကတော့ ဆရာသင်ရတဲ့ခေါင်းစဉ်က အမြွှာမွေးဖွားခြင်းနဲ့ ပတ်သက်တဲ့ ဆေးပညာအယူအဆ အကြောင်းတွေကို ဆွေးနွေးပါတယ် စာသင်ကောင်းတဲ့ ဆရာကြီးတွေဆိုတော့ သူ့စာသင်ခန်းမှာလည်း အားလုံးကစိတ်ဝင်တစားပါဘဲ သတင်းစာတွေမှာ ကြော်ငြာနေတဲ့ အမြွှာလိုချင်သူများအတွက် သတင်းကောင်းဆိုတဲ့ တိုင်းရင်းဆေး ကြော်ငြာလေးအကြောင်းကိုတောင် ထည့်ပြောသွားပါသေးတယ် အဲဒီအချိန်မှာဘဲ စောစောက စာသင်ခန်းမှာ ပြသွားတဲ့ ပုံလေးကိုပဲပြကြည့်တော့ ကျောင်းသားအားလုံးက “အမြွှာနှစ်ယောက်ရဲ့” ပုံပါလို့ဖြေကြပါတယ်

ဒီအကြောင်းအရာကို သိပြီးသားလူတွေလဲရှိမှာပါ တစ်ခါတစ်လေ သူတို့မြင်စေချင်တဲ့ အကြောင်းအရာကို တစ်ဖက်လူ မြင်လာစေဘို့ အတွက် အတွေးပုံသွင်းခံရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ် ကာယကံရှင်တွေကတော့ အဲဒီလိုသွင်းခံလိုက်ရပါလား ဆိုတာတောင် သိလိုက်မှာမဟုတ်ပါဘူး ရွာသားတွေ ပညာရှိသတိဖြစ်ခဲ ဆိုတာလို ဖြစ်မှာစိုးလို့ မှတ်မိတာလေးတစ်ခု ပြန်မျှဝေကြည့်တာပါနော် ရွာသားတွေရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါတယ် ခင်ဗျာ

9 comments

  • shweminthar

    May 2, 2011 at 8:42 am

    black & white ပုံတစ်ပုံ ဖြစ်ပါတယ်

    Reply

  • manawphyulay

    May 2, 2011 at 11:18 am

    အမှတ်တမဲ့ကြည့်မိလိုက်တော့ ပန်းအိုးဖြူလေးတစ်လုံးနဲ့ လူမည်းကလေးလေးနှစ်ယောက် မျက်နှာချင်းဆိုင်ပုံလေးကို မြင်မိပါတယ်။

    Reply

  • MaMa

    May 2, 2011 at 2:27 pm

    အဖြေသိပြီးပြီမို့လား မသိဘူး အားလုံးကို မြင်ပါတယ်။ အမှန်ဆုံးအဖြေကို ပြောရရင်တော့ ကြည့်တဲ့မျက်လုံး၊ အကြည့်ခံရတဲ့ ပုံတွေက ရုပ်၊ အဲဒါကို ပန်းအိုးလို့ထင်၊ အမွှာလို့မြင်တဲ့ သိတတ်တဲ့ စိတ်က နာမ်ပေ့ါ။ 🙂

    Reply

  • unclegyi1974

    May 2, 2011 at 3:02 pm

    ကျွန်တော်တို့ပုံသွင်းခံနေရတာ
    နှစ်ပေါင်းဘယ်လောက်ဆိုတာပြောမပြ
    တတ်အောင်ပါဗျာ

    Reply

  • ဆူး

    May 2, 2011 at 3:07 pm

    ဘယ်လိုမှ မမြင်လို့ စိတ်မကောင်းစွာနဲ့ လှည့်ပြန်သွားတယ်။ လိုင်းမကောင်းဘူးကွယ်။ နောက်နေ့မှ တခေါက် ပြန်လာကြည့်တော့မယ်။

    Reply

  • bigcat

    May 3, 2011 at 1:17 am

    ပုံသွင်းထားခံရမရတော့ မသိဘူး၊ ပို့စ်တင်သူက နိုဇိုမီဆိုတော့ ပုံတွေကလည်း ဂျပန်ထီးနဲ့ဂျပန်မ ဖြစ်ရမယ်။ နှစ်ယောက် မျက်နှာခြင်းဆိုင်ပြီး ဘာလုပ်မလို့လည်းတော့ သိဘူး…

    Reply

    • nozomi

      May 3, 2011 at 10:15 am

      နှစ်ယောက်သားမျက်နှာချင်း ဆိုင်ရင်း ကြောင်ကြီး နဲ့ ငှက်ကြီးကို အားကျလို့ သူတို့လဲ လူကြီးလို့ပြောင်းရင်ကောင်းမလား တိုင်ပင်တယ် ထင်ပါရဲ့

      nozomi ဆိုတာ ဂျပန်လို မျှော်လင့်ချက် လို့ယူရတယ်လို့ ကြားဖူးတာပဲ လူငယ်ငယ် အသည်းငယ်ငယ်တုန်းက ရင်ခုန်ခဲ့ဘူးတဲ့ စကားလုံးလေးမို့ အခုပြန်သုံးဖြစ်တာပါ တကယ်တော့ မြန်မာမှာနေတဲ့ မြန်မာစစ်စစ်ပါဘဲ

      Reply

  • kai

    May 3, 2011 at 1:38 am

    ပုံသွင်းခံရတာ… အနော်ရထာ တက်ကတည်းကပဲ..။
    အဲဒီထဲက တိုက်လိုက်တဲ့ ပြည်တွင်းစစ် ..
    အခုထိ မပြီးဘူး..။

    Reply

  • char too lan

    May 3, 2011 at 7:09 am

    ကတုံးနှစ်ယောက် 🙂

    Reply

Leave a Reply

Your email address will not be published.