ကော်နက်ရှင်ကျရင်လည်း သုံးလို့ရတဲ့ Skype ကို သုံးစွဲသူများလာ

klnApril 30, 20101min01

တော်တန်ရုံကော်နက်ရှင်ကျနေရင်လည်း သုံးလို့ရပြီး ထို်င်းနိုင်ငံကို မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်လာနိုင်တာကြောင့် Skype ကို သုံးစွဲသူများလာတယ်လို့ သိရတယ်။ “အရင်က နိုင်ငံတကာကို ဖုန်းခေါ်ရင် Pfingo ကို အသုံးများတယ်၊ Pfingo က ကော်နက်ရှင်ကျရင် သုံးမရတာမျိုးကြောင့် Skype ကို ပြောင်းသုံးကြတယ်၊ Skype က ဂျီတော့ခ်လောက်ကော်နက်ရှင်ရှိရင်ပဲ သုံးလို့ရတယ်၊ ဖုန်းခေါ်ဆိုခလဲ Pfingo ထက်သက်သာတယ်” လို့ အင်တာနက်လိုင်းချိတ်ဆက်ပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကပြေပါတယ်။ Skype က နိုင်ငံတစ်နိုင်ငံကို မိနစ်အကန့်အသတ်မရှိ တစ်လဝယ်မယ်ဆိုရင် ခြောက်ဒေါ်လာဖြစ်ပြီး နိုင်ငံပေါင်း ၄၃နိုင်ငံကို ဝယ်မယ်ဆိုရင်တော့ ၁၃ဒေါ်လာပဲကျသင့်တယ်လို့ သိရတယ်။ “မလေးရှားနိုင်ငံတစ်ခုပဲ မိုဘိုင်းဖုန်းကို လှမ်းခေါ်လို့မရဘူး၊ ကြိုးဖုန်းနဲ့ပဲပြောလို့ရတယ်”လို့ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ Skype နဲ့စင်္ကာပူ၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ အမေရိကန်၊ ကနေဒါ၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပြင်သစ်၊ ရုရှားအပါအဝင် နိုင်ငံပေါင်း ၄၃နိုင်ငံရဲ့ မိုဘိုင်းဖုန်းတွေကို အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ပါသည်။khitlunge.org.mm

One comment

  • susunosuki

    May 1, 2010 at 11:46 am

    ခုရက်ပိုင်းလိုင်းတွေသိပ်ကျနေတော့
    သက်သာပြီး ကောင်းကောုင်းပြောလို့ရမယ့် လိုင်းမျိုးကိုရွေးလာကြတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.