သဂျီးထံသို့ အိတ်ဖွင့်ပေးစာ Open Letter

open letter

သဂျီးထံပေးစာ

သဲအင်းဂူဆရာတော်အား ကျောက်သင်္ဘောဆရာတော်၊ ဂွတ္တလစ်ဆရာတော်တို့ တရားစစ်မေးတဲ့ အသံဖိုင်ကို http://www.mediafire.com/?dymmja2mnjj သဂျီးနဲ့ပစ္စပ္ပုပန်ဝါဒီများအတွက် ပို့စ်နဲ့အတူ တင်လိုက်ပါတယ်။ ကျောက်သင်္ဘောဂိုဏ်းသည် ရှမ်းပြည်ဖက်မှာ ကျော်ကြားခဲ့တဲ့ စိတ်ကို စိတ်အတိုင်းထားရင် ပြီးတဲ့အယူပါ။ အသံဖိုင်မှာ တဖက်သတ် တရားဟောမဟုတ်ဘဲ နှစ်ဖက် အကြေအလည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဖြစ်လို့ လေ့လာသူများအတွက် သင့်တော်ပါတယ်။ ဒါ့ပြင် သဲအင်းဆရာတော်က စာမတတ်လို့ မေးမြန်းဆွေးနွေးတဲ့အခါ ပါဋ္ဌိစာသား မပါသလောက်ဖြစ်ပြီး တရားဗဟုသုတရှိလျှင် သာမန်လူအသိနဲ့ နားလည်နိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ မဂ်ကျပုံအဆင့်ဆင့်၊ အတိတ် ပစ္စုပ္ပန် အနာဂတ်၊ ကုသိုလ် အကုသိုလ် စွန့်ခြင်း၊ ပညတ် ပရမတ်၊ သမုတိအရိယာ၊ စိတ်၏ဖြစ်ပုံ၊ သစ္စာလေးပါးနှင့် မဂ္ဂင်တရား စတာတွေကို ရိုးရှင်းစွာ ဖြေကြားထားတာပါ။
ဥပမာအားဖြင့် သဂျီးနဲ့ပစ္စုပ္ပန်ဝါဒီများ ပြောလေ့ရှိတဲ့ ဘုရားတရားတော်ဆိုတာ လူတွေနားလည်ဖို့ ခက်ရအောင် ရှုပ်ထွေးနက်နဲစရာမလို၊ သာမန်နေမှုထိုင်မှုကနေ ဖြစ်တယ်၊ ဝိပဿနာ တမင်လုပ် ရှုစရာမလို ဆိုတာနဲ့နွယ်လို့ မေးမြန်းသူများက သဗ္ဗေဓမ္မာအနတ္တာ (အရာရာတိုင်းသည် အနတ္တ) လို့ ဘုရားဟော ရှိပါလျက်သားနဲ့ တရားကျင့်သူများ မရှိတဲ့အတ္တကို ဘာကြောင့် တမင်လိုက်ဖြုတ်နေရမှာလည်း၊ မရှိမှတော့ ဖြုတ်စရာမလိုဘူး။ ( စိတ်ကိုစိတ်ကလေးအတိုင်းထားပါ)။ သဲအင်းဂူ ဆရာတော်က လူအများ မရှိတာကို စွဲနေလို့ မရှိပေမဲ့ မရှိဘူးလို့ ပညတ်တပ်ပြီး အစွဲဖြုတ်ပေးရတယ်၊ ပညတ်ကနေမှ ပရမတ်သွားလို့ရတယ် စသဖြင့် သဂျီးတို့၊ ရှင်အရိယာတို့၊ lionking၊ kosicca တို့လို ပညတ် ပရမတ် အရိယာ သစ္စာအမျိုးမျိုးအပေါ် အမြင်မရှင်းသူများ နားထောင်သင့်ပါတယ်။
ဆူးရဲ့ဒက္ခိဏသာခ ရုပ်ပွားတော်ပို့စ်မှာ မနေ့က သဂျီးမန်းတဲ့ [ (အခြေခံပညာ အလယ်တန်းတောင်မအောင်တဲ့ ..) ဦးဇင်းတပါးက… သင်္ကန်းကြီးခြုံ…
“ဒကာမလေးဆူး… အခုလိုဘုရားဆင်းတုတွေကို ဝေဖန်နေရင်.. နောင်ဘဝမှာ အဝီဇိမှာ ဂျိုးကပ်မယ်… ပါးစပ်ကနေသံရည်ပူတွေလောင်းချခံရလိမ့်မယ်.. သံသရာအဆက်ဆက်… လူဖြစ်ရင်တောင်.. ဦးနှောက်ထုံထိုင်း.. ကျပ်မပြည့်သူဖြစ်မယ်”ပြောလိုက်ရင်…
..

ဆူးမမတယောက်..
“ဟုတ်… ဟုတ်..”
နဲ့ လက်အုပ်လေးချီ..အသာလေးကုတ်နေမှာ .. မြင်သေး
] မှတ်ချက်ထဲကလို မူလတန်းတောင်မတတ်တဲ့ ဦးပဇ္ဇင်းကြီးနဲ့ စာတတ်ဘုန်းကြီးများရဲ့ အပြန်အလှန် ဆွေးနွေးခန်းမှ အသိတခုခု ရစေကြောင်း မေတ္တာစေတနာနဲ့ ဝေမျှလိုက်ပါတယ်။ သဂျီးနဲ့ပစ္စုပ္ပန်ဝါဒီများမှ အချိန်ပေးနိုင်ရင် သဲအင်းဂူ ဆရာတော်ကြီးရဲ့ ဖြေကြားချက်တွေကနေ မိမိတို့လက်ခံထားတဲ့ ဗုဒ္ဓတရားအမြင်ကို သိပါရစေ။

30 comments

  • ဆူး

    April 29, 2011 at 12:35 pm

    သဂျီးရေ.. တရားနာ အုန်းနော်.. တရား မနာဘဲ.. မနေနဲ့..
    ရွာသားတွေရဲ့ စေတနာ နားလည် နိုင်ပါစေ။

    Reply

  • kopauk mandalay

    April 29, 2011 at 12:52 pm

    သူဂျီးက သူ့ကို အဲလိုပြောတော ့ ပြုံးပြုံးကြီးလုပ်နေသလိုဘဲ။
    သူက မသိ မတတ်တာတော့ မဖြစ်လောက်ဘူး ။
    တစ်ခုခုတော့ လွဲနေသလိုဘဲနော်။

    Reply

  • nayzaw

    April 29, 2011 at 12:57 pm

    ငါရွာသားတွေဘယ်လောက်တော်သလဲဆိုတာကိုပညာစမ်းနေတာနေမှာပေါ
    သူကြီးကိုရွာသားအစွမ်းပြကြမယ်ဟေ့

    Reply

  • MaMa

    April 29, 2011 at 1:23 pm

    သဂျီးအပေါ်ထားတဲ့ ရွာသားတွေရဲ့ စေတနာပါ။ လောကဓံကို ကြုံဖူးမှ (ဆင်းရဲမှ) တရားရ ဆိုတာလို မဖြစ်အောင် အချိန်မှီ (အသေမဦးမှီ) မြတ်စွာဘုရားရဲ့ တရားတော်တွေကို ခန ္တာဉာဏ်ရောက် ကျင့်ဖူးစေချင်ပါတယ်။ ပညာတတ်နဲ့ ပညာရှိ ကွာခြားသလို၊ အသိနဲ့ အကျင့် ကွာခြားပါတယ်။ (ကိုယ်ကိုယ်တိုင်တော့ မြည်းစမ်းကြည့်ဖူးရုံပဲ ရှိပေမယ့်)အစားကောင်း စားရင် ချစ်ခင်သူတွေကို သတိရတတ်သလိုမျိုးမို့ သဂျီးကိုလည်း တရားအရသာ ခံစားစေချင်ပါတယ်။

    Reply

  • weiwei

    April 29, 2011 at 2:49 pm

    ကိုကြောင်ကြီးပြောဖူးလို့ လွန်ခဲ့တဲ့ ၆ လ လောက်ကထဲက ဒေါင်းလုပ်လုပ်ပြီး နားဖူးပါတယ် … အသံဖိုင်သိပ်မကြည်လို့ နားထောင်ရတာ သိပ်မရှင်းဘူး …

    သဲအင်းဂူဆရာတော်ဟောခဲ့တဲ့ မဂ်လေးပါးတရားတော်စာအုပ် ကျွန်မဆီမှာရှိတယ် … ဦးမိုးကြိုး ပြန်လည်တည်းဖြတ်ထုတ်ဝေထားတဲ့စာအုပ်ကလေးပါ … အင်တာနက်မှာ မရှိဘူးဆိုရင် ကျွန်မစာရိုက်ပြီး ဓမ္မဒါနအနေနဲ့ တင်ပေးချင်ပါတယ် …
    အင်တာနက်မှာ ရှိမရှိ အကြောင်းပြန်ပေးပါ …

    Reply

    • bigcat

      April 29, 2011 at 11:31 pm

      သဲအင်ဂူဆရာတော်ကြီးရဲ့ အသံဖိုင်အတော်များများကို http://www.mediafire.com/kotseikkosit နဲ့ http://www.dhammadownload.com/TheeInnGuSayadaw-UOakKaHta-mp3.htm မှာနားထောင်နိုင်ပါတယ်။ အန်တီဝေပြောတဲ့ စာအုပ်ကို အပိုင်းလိုက် ဖြတ်တင်လို့ရှိရင် ဖတ်သူအများ စိတ်ဝင်စားမယ် မထင်ဘူး။ ဆရာတော်ကြီး အကြောင်းလိုမျိုး ဆိုရင်တော့ အဆင်ပြေလိမ့်မယ် ထင်တယ်။ အဲဒီစာအုပ်ကို ရန်ကုန်က စာအုပ်ဆိုင်တွေမှာ ရှာကြည့်ပါလား။ ဟိုတခါ စိတ်ဓာတ်မြှင့်တင်ရေးလုပ်လို့ ပွဲဆူသွားတဲ့ ဆရာတော်ဆိုက်မှာလည်း သဲအင်းဆရာတော်ကြီး ထေရုပတ္တိထွက်မယ်ပြောတယ်။ သူနဲ့ဆရာတော်ကြီးနဲ့ ဘယ်လိုပတ်သက်မှု ရှိသလည်းတော့ မသိဘူး။ မဟုတ်မဟတ်တော့ မဖြစ်လောက်ဘူးထင်ပါတယ်။ ဖြစ်နိုင်ရင် ရှာပြီးအပိုင်းလိုက် တင်ပေးပါလား…

      Reply

      • weiwei

        April 30, 2011 at 4:50 am

        ရှာကြည့်ပေးပါ့မယ် … ရှာတွေ့ရင် ကွန်ပြူတာနဲ့ ပြန်ရိုက်ပြီး တင်ပေးပါ့မယ် …

        Reply

  • fatty

    April 29, 2011 at 3:19 pm

    သူကြီးမြန်မာပြည်က မထွက်ခင်က ၃၈ လမ်းမှာ တနိုင်ငံလုံးကထွက်သမျှ စာအုပ်တွေထိုင်ဖတ်နေတာတွေ့ဘူးတယ် ..။
    နှယ်နှယ်ရရတော့မှုတ်ဘူးနော် …… လက်ထဲမှာလဲ နှစ်လုံးထိုး တူမီးနဲ့ …။

    Reply

  • padonmar

    April 29, 2011 at 3:26 pm

    Bravo Bigcat !!!!!!!!!!!!!!!

    Reply

  • kopauk mandalay

    April 29, 2011 at 3:38 pm

    သူကြီးရေ စောစောစီးစီး အမြင်ပြောင်းရင်ပြောင်း မပြောင်းရင်တော့
    ရွာထဲကလူတွေက သကြီးကိုဝိုင်းပြီး သင်္ကန်းဆီးပေးတော့မှာနော်

    Reply

  • cobra

    April 29, 2011 at 4:02 pm

    သူကြီးရေကျွန်တော်ခေါင်းတုန်းပေးမယ်….။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 4:17 pm

    ကိုယ်ဖြစ်ကိုယ်ခံ
    ငါသဂျီးသည်ငချဉ်မဟုတ်
    ပုံ………….
    ………………ကိုယ်စားလှည်

    Reply

  • တညင်သား

    April 29, 2011 at 5:45 pm

    ဆူးမမ က အာဏစက် လက်နက်နဲ့ ပစ်တယ် …ကိုကြောင်ကြီးက ဓမ္မစက် လက်နက်နဲ့ ပစ်တယ်..ဒီဘဝ မှာတော့ ချွတ်လို့ ရမှာ မဟုတ်ဘူးထင်တယ်………

    Reply

  • shwe ni

    April 29, 2011 at 9:44 pm

    ကိုကြောင်ကြီးရေ download လင့်ကမရဘူးconnection ကြောင့်လားမသိ
    “25.Kyuk + God ,meeting ကျောက်သင်္ဘောနှင့်ဂွတ္တလစ်တို့ မေးမြန်း .mp3
    (34.9 MB)” အဲလိုတော့ပေါ်ပြီး နှိပ်ရမဲ့နေရာမပေါ်ဘူး.

    Reply

  • True Answer

    April 30, 2011 at 3:20 am

    big cat ရဲ့ မျှဝေမှုအတွက် လေးစားဂုဏ်ယူပါတယ်။ တကယ်တော့ မိုးပြာဝါဒဟာ ဖြစ်တည်မှုသာပဓာန ဝါဒ ကို ထပ်ဆင့် ဝါဒဖြန့နေတယ်လို့ မြင်ပါတယ်။ ဆရာဦးဆန်းလွင်လည်း ဒီဝါဒကို ဗုဒ္ဓတရားတော်အမြင်နဲ့ စာအုပ်ရေးထားတာရှိပါတယ်။ အင်တာနက်မှာတော့ရှိလားမသိပါဘူး၊ ဗုဒ္ဓ တရားတော်များဟာ လောကီ မှာအသုံးဝင်ရုံမက-လောကီကိုလွန်မြောက်သည့်လောကုတ္တရာတရားတော်များလည်း ပါဝင်နေပေသည်။ မိုးပြာဝါဒသည် မဂ်ဉာဏ်-ဖိုလ်ဉာဏ်ပေါက်အောင် မှန်ကန်စွာလမ်းညွှန်နိုင်သော မှန်ကန်သည့် ဆရာသမား – အရိယာများနှင့် မတွေ့ကြုံ-မဆုံဆိုက်နိုင်ခဲ့ခြင်းမှာ လောကီကိုလွန်မြောက်သည့် လောကုတ္တရာတရားတော်များကို မဖြစ်နိုင် – မရှိနိုင်ဟု ယူဆကာ လောကုတ္တရာတရားများကို လောကီတရားများအဆင့်သာရှိသယောင် ထင်မှတ်စေရန် ဈေးလျော့လျက် ဗုဒ္ဓ၏ တရားတချို့ကို ကိုယ်လိုရာဆွဲယူအကိုးအကားလုပ်လျှက် ……ကိုယ်ထင်ရာအမှန်တရားလုပ်ကာ အများနားလည်မှုလွဲအောင်ပြုလုပ်လျက်ရှိနေသည်ဟု မြင်မိပါသည်။ ရှင်အရိယာနှင့်ပတ်သက်ပြီးတော့လည်း ၎င်းသည် သူ၏ပထမပို့စ်များတွင် အများလက်ခံမှုကို ရရှိစေရန် ….ကျမ်းစာ အကိုးအကားတချို့ကို ကိုယ်လိုရာ ဆွဲယူလျှက် လူများအသိအမှတ်ပြုသော ကျမ်းစာ ဘယ် စာအုပ် ဘယ်လောက်စာမျက်နှာ မှ စသည်ဖြင့် အများလက်ခံစေရန် တင်ပြလေသည်။ လက်မခံသူများက ကျမ်းစာဖြင့် ပြန်ထောက်သောအခါ ကာလာမသုတ်ကို ပြန်ညွှန်းလျှက် ကျမ်းစာထဲပါတိုင်း မယုံသင့်ဟု ဘုရားဟောကြောင်း ပြန်လည်ချေပလေသည်။ ကာလမသုတ်သည်ပင်လျှင် ကျမ်းစာထဲမှ ဖြစ်နေသည်ကို မသိသလော-(သို့မဟုတ်) နဂိုထဲက ကျမ်းစာကို reference အဖြစ် (အမှန်တရားအဖြစ်) မယုံကြည်ပါက ၎င်း၏ ရှေ့ပိုစ်များမှ စာသားများသည် ဘယ်ကျမ်းစာအုပ်၊ ဘယ်စာမျက်နှာမှာ ဖော်ပြထားကြောင်း ကျမ်းကိုးပြလျှက် လူအများယုံကြည်မှုကို တည်ဆောက်ရန်မလိုအပ်ပါချေ။ အမှန်တရားကို သိနားလည်မှုတွင် ရိုးသားဖြောင့်မတ်မှုသည် အလွန်အရေးကြီးပေသည်။ ဝါဒတစ်ခုကို နှစ်သက်မှုအတွက် ဘာမှဝေဖန်စရာမရှိသော်လည်း ဝါဒအဆင့်တစ်ခုထက်ကျော်လွန်သော…သတ်မှတ်ထားသော တကယ်မဟုတ်သည့် လောကီချမ်းသာများထက် လွန်မြောက်သော ဗုဒ္ဓဟောကြားခဲ့သည့် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတရားကို လောကီဆန်ဆန် ပြောဆို ဈေးချကာ – မမှန်မကန်ပြောဆိုမှုများကို တတ်နိုင်သလောက်တားဆီးသော – ကို big cat ကို အားပေးလျှက် ယခုကဲ့သို့ လမ်းညွှန်မှုလေးများ များများ ရေးပေးပါရန် ပန်ကြားအပ်ပါသည်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2011 at 3:52 am

    အင်း…………….
    ဒီမိုးပြာတွေ မိုးအုန့်တာတွေနဲ့
    ဘာနည်းပညာ ညာနည်းပညာတွေကတော့
    မပြောခြင်လို့မပြောတာ
    ပြောရင်လည်းတစ်ဖက်လူက
    နှလုံးသွင်းမကောင်းရင် ဥပါဒ်ဖြစ်ဦးမယ်
    ရှင်းရှင်းပြောရရင်
    မြတ်စွာဘုရားရှင်တော်မြတ်ဟောကြားထားတဲ့တရားတော်တွေက
    ရှင်းရှင်းလေးဘဲ
    လုပ်နိုင်ရင်လုပ်ကြ မလုပ်နိုင်ရင်မလုပ်နဲ့ဒါဘဲရှိတယ်
    ဘဝဟူသမျှဒုက္ခချည်းဘဲဒါကြောင့်ဘဝဆိုရင်ဘယ်ဘဝမှခင်တွယ်စရာမကောင်းပြီ ဒါဘဲ
    ဘဝကိုဖြတ်ဘဲ
    ကာမကုံဆိုတာ ဘယ်မှာအဆုံးရှိလို့လဲ
    ရိုးရိုးလေးဘဲပြောရရင်
    မိမိကိုယ်ကိုမိမိကျေနပ်ခြင်းဘဲ
    ခုဟာကဒီလိုမဟုတ်ဘူး
    ကိုယ်က ကာမကုံတွေခံစား ကမြင်းကြောထခြင်တိုင်းနဲ့
    မြတ်စွာဘုရားရှင်တော်ဟောတဲ့တရားတော်တွေကိုတစ်ဖက်ထားပြီး
    ကမြင်းကြောထဘို့ကာမကုံတွေတွက်ဝိနည်းလိုက်ရှောင်ပြီး
    ဟိုကျမ်းကိုကိုး
    ဒီကျမ်းကိုကိုး
    တော်တော်စောက်ချိုးမပြေတဲ့ဆင်ခြေတွေက
    ဖာသည်မတွေ တိုင်ကိုလက်တစ်ဖက်နဲ့ကိုင်ပြီးကသလိုမျိုးဖြစ်နေတယ်ဝေး
    နောက်ကြုံလို့ပြောလိုက်ဦးမယ်
    နိဗ္ဗာန်ဆိုတာကို သေပြီးရှိမယ်လို့မှန်းရင်မှားတယ်မှန်တယ်ဆိုတဲ့
    ဆရာတော်လားလူလားမသိဘူး
    ဟုတ်ပါတယ်
    ဝိပဿနာစခန်းတွေမှာလဲ ပစ္စုပ္ပန်ကိုဘဲရှုဘို့ ဒီလိုဘဲနည်းပေးတာဘဲ
    နောက်ဉဏ်ဝင်လာပြီး အနိစ္စရှု အာသဝေါပြတ်ကရောဟယ်
    အဲ့ဒါကို ဟိုကျမ်းကိုး ဒီကျမ်းကိုနဲ့ကိုယ်လိုသလိုပြောကြ
    ကံဆိုတာက မရှိသလိုလိုပြော
    နောက်တစ်ခုအနေနဲ့ပြောခြင်တာက
    သဘောတရားတွေကို ကိုယ်လိုသလိုတွေးရင်
    စေတီလေးမျိုးဟာလည်း အလကားဘဲလို့အဓိပ္ပါယ်တွေပေါက်ပြီး
    ရုပ်ဝတ္ထုကိုမကိုးကွယ်ကြတော့ပြီ
    ပုဂ္ဂိုလ်ဟာလည်းအလကားဘဲလို့အဓိပ္ပါယ်ပေါက်ပြီး ရှင်ရဟန်း ကိုးကွယ်မှုမရှိတော့ပြီ
    လူတွေကစာဖတ်ပြီး ဟိုလူ့ဝေဖန်ဒီလူ့ဝေဖန်
    ဝိဿာခါကျောင်းအမလည်း လင်ယူသားမွေးလုပ်တာဘဲပြောပြီး
    ကိုယ်ရဲ့စောက်ချိုးမပြေတာတွေကို ကာဘာယူ
    အရှင်မောဂ္ဂလန်လဲနဂါးကြီးကို ခုနစ်ပတ်သွားပြီး စကွိတာဘဲပြောပြီး
    ကိုယ့်ရဲ့ခန္တီတရားကင်းတာတွေကို ဆင်ခြေပေး
    ဆက်ပြီးပြောရရင်လည်းမကောင်းတော့ပါဘူး
    ဒီတော့ကာ
    ကျုပ်ကတော့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့တရားတော်မြတ်တွေဟာ
    ဘဝဆိုတာဒုက္ခဘဲ
    ဒါကြောင့် ဘဝရှိနေသမျှဒုက္ခဆိုတာရှိနေမှာဘဲ
    ဘဝကိုဖြတ်ဘဲ မျိုးဆက်ကိုဖြတ်ဘဲ
    တစ်ခြားဝါဒီတွေကတော့ လက်ခံမှာမဟုတ်ဘူး
    မျိုးဆက်တွေဖန်တီးမယ် ကာမကုံတွေခံစားမယ်
    ပိုဆိုးတာက
    ဓမ္မတရားတော်ကတစ်ဖက် ကာမကုံကတစ်ဖက်နဲ့ဆင်ခြေဆင်လက်ဆင်နားရွက်တွေနဲ့
    အင်းးးးးး
    ပြောရရင်တော့
    ပြောရရင်တော့
    ပြောတော့ပါဘူး

    Reply

    • ရွှေ ကြည်

      August 31, 2012 at 2:11 pm

      ဘဝဟူသမျှဒုက္ခချည်းဘဲဒါကြောင့်ဘဝဆိုရင်ဘယ်ဘဝမှခင်တွယ်စရာမကောင်းပြီ ဒါဘဲ။

      မှန်လိုက်လေ ဘပုရေ ဗရာကြော်ဗျို့ စိမ်းမရလို့ မန့်ပြီးထောက်ခံလိုက်တယ်..။

      Reply

  • nigimi77

    April 30, 2011 at 6:06 am

    အတိတ်၊ အနာဂါတ် ဂိုဏ်းသားတွေ တက်ညီလက်ညီ စုရုံးပြီး ယီးလေ့လေ့ ယီးလေ့လေ့ လုပ်နေကြသလားပဲ။

    Reply

  • char too lan

    April 30, 2011 at 7:15 am

    ငါမှားလား……….. မင်းမှန်လား………….
    တူနယ့်တန့်တန့်တန်းးးးးးးးးးးးး
    😀

    Reply

    • ဆူး

      April 30, 2011 at 8:19 am

      ငါ မှန် သလား မင်း မှား နေသလား။

      Reply

  • countryboy

    May 2, 2011 at 9:30 am

    သဲအင်းဂူဆရာတော် တော်တယ်ဆိုတာ သိပေမယ့် အလုပ်မပြီးရင် မကောင်းဘူးထင်တယ်နော်
    လူတွေကို ဘယ်လောက်အကျိုးရှိစေသလဲဆိုတာ ပြောပြဖို့လိုအပ်သလို အမျှော်အကြောက်တွေနှင့် အကျိုးကို မပြစေချင်ပါ။ မျှော်တာဟာလည်း အကျင့်ပျက်စေသလို ခြောက်တာဟာလည်း အကျင့်ပျက်စေပါတယ်။

    Reply

  • nature

    May 2, 2011 at 1:18 pm

    သူကြီးကိုဘယ်ချွတ်လို့ရမလဲတညင်သားရေ၊ သူကြီးကဘောင်းဘီဝတ်ထာတာကိုး။

    Reply

  • shweminthar

    May 2, 2011 at 1:40 pm

    ဘာသာရေးနဲ့ ပါတ်သတ်ပြီး ကျနော် အယူအဆ ပြောရရင်
    ဘာသာရေးကို ကျနော်က အဆုံးအမ တနည်းလမ်းတစ်စု လို့ ဘဲ မှတ်ယူထားပါတယ်
    ဘာသာရေးဆိုတာ မရှိလို့ လဲ မဖြစ်ဘူး။ အဆုံးအမ မရှိရင် ဘယ်လိုနေမလဲ……
    ဘယ်လို အဆုံးအမ ကို ယူမလဲ လက်ခံမလဲ ဆိုတာ တော့ ကိုယ့် သဘောနဲ့ ကိုယ်ပေါ့
    ကျ နော်က တော့ အဲလိုဘဲ မှတ်ယူပါတယ်
    သဂျီးလဲ သူ လက်ခံ နိုင်တဲ့ (ဘာသာရေး) အဆုံးအမလေးတွေ တော့ လိုက်နာမှာပါ
    သူလက်မခံ နိုင်တာ လဲ ရှိမှာပေါ့။

    Reply

  • kopauk mandalay

    May 2, 2011 at 3:15 pm

    ကြောက်လို့အားကိုးရှာ၊
    အဲဒါကနေ ကိုးကွယ်ရာဆိုတာပေါ်လာပါလေရော.
    အစကတော့ ကြီးတာ ထူးဆန်းတာမှန်သမျှ ကိုးကွယ်။
    နောက်ကြာလာတော့ရွေး လို့ကိုးကွယ်
    ကိုးကွယ်ရင်းကိုးကွယ်ရင်းကိုးကွယ်စရာတွေများလာ……………………
    ကိုးကွယ်ခံသူတွေကလဲ တရားအမျုိုးမျုးိပြ
    အဲတော့ လူတွေကလဲ အမျုးိမျုးိစဉ်းစားကြ
    အဲဒီအခါမှာ
    နောက်တော့ ပိုပိုပြီးဖြန့်တွေး
    တွေးရင်းတွေးရင်းကနေ မေးခွန်းတွေမေး
    မေးတဲ့သူကမေးဖြေတဲ့သူကဖြေ
    နည်းလမ်းတွေက လဲအမျိုးမျုးိထွက်
    အဲဒီအခါ
    ကြိုက်သူ မကြိုက်သူ လူစုတွေကွဲ
    မှန်သလား မှားသလား မေးခွန်းတွေက ပျံ့ကြဲ
    ကိုပေါက်ကတော့ ………………………….

    Reply

  • Htoo thin

    August 31, 2012 at 3:50 am

    အင်းခက်တာက ချာရာသီမှ ဓါတ်ပညာလေးတွေကလဲတီးမိခေါက်မိတော့ လူတွေက လေနဲ့ ဝမ်းနဲ့မကွဲတာ ထင်ပါရဲ့ ပညာရှင်ရှိကြီး တဦး ပြောတာ ကြားဖူးတာ တော့ သိတဲ့လူတွေကပိုတတ်တဲ့လူတွေက ကို့ယ်ကိုကိုယ်ကို ငါသိတယ်ဆိုတာ ငါဘာမှမသိသေးဘူးဆိုတာ ဗျာ…….။ဘယ်သူမှ မရည်ရွယ်ပါ…

    Reply

  • Htoo thin

    August 31, 2012 at 3:54 am

    ယုံကြည်တယ် မယုံကြည်ဘူးဆိုတာ အဲဒီအရာအတွက် ဉာဏ်ပညာဘယ်လောက်ဆူးရှသလဲထက်သလဲဆိုတဲ့ ဦးနှောက်အသိဉာဏ်နဲ့ဘဲသက်ဆိုင်တယ် ကျုပ်ဘကြီးတယောက်လဲ ဒီလိုဘဲ တိုက်ဆိုင်ရင်ခွင့်လွှတ်ပါဗျာ…

    Reply

  • Wow

    August 31, 2012 at 12:41 pm

    ဒဂျီးက ကကြောင်ပြောတဲ့ အတိုင်းသာဆိုရင် ဟိုသင်းလိုရှင်ပြုပြီးလောက်ပြီ… ထပ်ပြီး ဗမာလိုရှင်ပြုပေးဂျဦး မလို့လားဟင်င်င်….. 😀

    Reply

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    August 31, 2012 at 1:42 pm

    ဒို့များ လေးစားရတဲ့ သူကြီးကတော့ တိတ်တိတ်ဆိပ်ဆိပ် ပဲဟေ့ ။
    မဟုတ်မှလွဲရော အင်းဂလိတူ အင်းဂလိ ကျမ်းရှာဖွေနေဆဲ နေမှာပါ ။
    သူက အထောက်အထား ပိုင်ပိုင်နဲ့ ထုဦးမှာ မြင်ယောင်မိသေး ။

    Reply

Leave a Reply

Your email address will not be published.