ကောင်းလေးနဲ့ ကောင်မလေး

မိုး မသဲ ပေမဲ့ မိုး မစဲသေးပါဘူး ညကမှောင်မှိုက်လို့ ဆိုင်လေးတစ်ခုအတွင်းမှာ အတူရှိနေခဲ့ကြတာပေါ့ ကောင်လေး စကားစပြောတယ် မင်း ကိုယ်နဲ့တစ်ခါတွေ့ပြီးကတည်းက ဘယ်ပျောက်သွားလဲ ကောင်မလေး ကပြန်ပြောတယ် မျက်နှာပူလို့ ထပ်မလာဖြစ်တာပါ မျက်နှာပူစရာက သူတို့နှစ်ယောက်ပဲသိမှာပါ ကောင်လေး က ငါမှာ မင်းကိုမျှော်နေခဲ့ရတာ ငါ့ရင်ခွင်ထဲမင်း အပြီးအပိုင်များထွက်သွားလား အတွေးတွေနဲ့ သတိရနေခဲ့ရတယ်… မိုးက သူတို့ ဆိုင်ထဲမှာရှိနေချိန်မှာပဲ ပိုလို့သာရွာလာပြန်တယ်။ ကောင်မလေး က သူ့ချစ်သူ ကောင်လေး ပခုံးမှာ ခေါင်းလေးမှီလို့ပေါ့ အတွေးတွေနဲ့ နှစ်ယောက်သား စကားမဆက်ဖြစ်ပဲ ခဏလောက် ငြိမ်နေခဲ့ကြတယ်။ ညက တစ်ဖြေးဖြေးနဲ့ မှောင်လာပြန်တယ် သူတို့တွေ စားသောက်ပြီး ဆိုင်အပြင်ကို ကြည့်လိုက်တော့ မိုးစက်တွေ မရှိတော့ဘူး ကောင်းလေး က ပြန်ရအောင် ဆိုပြီး သူ့ဘေးက ချစ်သူကိုပြောလိုက်တယ် .. ဒီလိုနဲ့ ချစ်သူနှစ်ယောက် ဆိုင်အပြင်ထွက်လာကြတယ် အိမ်မပြန်ဖြစ်ကြသေးပါဘူး သူတို့ ကြည်နူးစရာ နေရာလေးတစ်ခုကို ရွေးချယ်ပြီး ခဏအချိန်ဖြုန်းလိုက်တယ် ကောင်လေး က ကောင်မလေး ပါးပြင်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် ချစ်သူနှစ်ဦးမှာ ရင်ခုန်သံတွေ ပူနွေးလာကြပြီလေ .. တစ်ယောက်ကို တစ်ယောက် ညင်သာစွာ ပွေ့ဖက်ထားပြီး အချိန်ကို ကုန်လွန်စေခဲ့တယ်။ ကောင်လေး ရင်ထဲမှာ အဓိပ္ပါယ်မျိုးစုံ ပုံဖော်ကြည့်နေသည်။ ဘာကြောင့်လည်းဆို ကောင်လေးက သူ့ချစ်သူ ဟာ ငါပိုင်ရမဲ့ ချစ်သူမဟုတ်ဘူး အသိနဲ့ပါပဲ။ ဒီလိုပါ ကောင်မလေးက အိမ်ထောင်ရှိခဲ့ဘူးတာကို သူ့ကို မပြောပြခဲ့ဘူး ကောင်လေး သိလိုက်ရချိန်ဟာ မကြာသေးပါဘူး ကောင်မလေးကိုလဲ သူသိတာ မပြောပြခဲ့မိဘူးလေ ဒါဆို သူ့ခေါင်းထဲမှာ အတွေးများစွာနဲ့ပေါ့။

နံနက် (၉)နာရီထိုးမှာ ကောင်မလေး ကောင်လေးဆီကို ရောက်လာပါတယ် …နောက်ပိုင်း ချစ်သူနှစ်ဦး ဘာဆက်ဖြစ်သွားကြလဲ….??? ရှေ့ဆက်ဖို့အတွက် အားအင်ပြည့်တဲ့ ခြေလှမ်းတွေ လှမ်းနေလား …?

11 comments

  • cobra

    April 27, 2011 at 7:54 am

    စိတ်ဝင်စားလို့ဖတ်နေတာ..
    ဖတ်ရင်းဖတ်ရင်းနဲ ့…..
    ခေါင်းစားတဲ့မေးခွန်းပါလာတော့ဘယ်လိုဖြစ်သွားမှန်းတောင်မသိဘူး။
    ဇာတ်လမ်းကကောင်းပါတယ်ဆိုမှဆက်မရေးပဲနဲ ့မေးခွန်းလာမေးနေတယ်။
    ဘာမှန်းလည်းမသိဘူး………။
    သွားလူဆိုး……..။

    Reply

  • နိုင်နိုင်

    April 27, 2011 at 8:29 am

    ဆက်ရေးမှာပါဗျာ မေးခွန်းလေးထုတ်ကြည့်တာက နောက်ဘယ်လိုဖြစ်မယ် ဖြစ်သင့်တယ်ပေါ့ဗျာ ..
    ဆက်ရေးမယ်နော်…ဒါပဲ ဟွန်း…:D

    Reply

  • maylekha

    April 27, 2011 at 10:07 am

    မသိလို့ပါ ။ ပြောပြပါဦး။

    Reply

  • hokg

    April 27, 2011 at 11:03 am

    မြန်မြန် ဆက်ရေးပါ ။ ဒါပဲ…

    Reply

  • kopauk mandalay

    April 27, 2011 at 4:02 pm

    ကောင်လေးရဲ့သူငယ်ချင်းတွေကတော့ ပြောပါသတဲ့
    အတိတ်ဆိုတာအတိတ်မှာထားခဲ့ရမယ်။
    မင်းနဲ့အတူရှိနေချိန်မှာ သူ့စိတ်က မင်းဆီမှာဆိုရင်ကျေနပ်သင့်ပြီဆိုပေမယ့်
    လူကြီးမိဘတွေကတော့ မင်းမှာယူစရာမိန်းမဒီလောက်ရှားသလား?လို့မေးတော့
    ကောင်လေးခဗျာမှာ……………………………………………………

    Reply

  • လူချင်းပဲပေါင်းဖက်မယ်ဆို လူကိုယ်လုံးကောင်းကောင်းရှာယူ
    စိတ်ချင်း၊ နှလုံးသာချင်းပေါင်းဖက်မယ်ဆို စိတ်ကောင်း၊ နှလုံးသားကောင်းရှိတဲ့သူ ရှာယူပေါ့ဗျာ
    သိပ်ကိုလွယ်ပါတယ်။ အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် အသုံးဝင်ခြင်းသာ လိုရင်းပါ..

    Reply

  • Snowy

    April 28, 2011 at 8:07 am

    အင်း … လောကကြီးမှာ ဘယ်ဟာမှပြည့်စုံတယ်မရှိပါဘူး .. ရတာမလို လိုတာမရ လူ့ဘဝ 🙂

    Reply

  • antimoe

    April 28, 2011 at 9:29 am

    ၁ဝနာရီထိုးလို့ ရုံးဖွင့်တာစောင့်ရင်း…
    သေသေချာချာ ပြန်စဉ်းစားသင့်ပါတယ်…။
    နောက်ကြောင်းရှင်းမှ…ရှေ့ကိုဖြောင့်ဖြောင့် ဆက်သွားနိုင်မှာပါ။
    အကုန်ရှင်း…ဖို့လိုတယ်။
    အိမ်ထောင်ပြုတယ်ဆိုတာ…တစ်ဘဝစာပါ။

    Reply

  • နိုင်နိုင်

    April 28, 2011 at 10:24 am

    အန်တီမိုးပြောတာမှန်ပါတယ် အကုန်ရှင်းဖို့လိုတယ်ဆိုတာပါ…

    Reply

  • naywoonni

    April 28, 2011 at 1:20 pm

    နောက်ကြောင်းရှင်းတာကိုစောင့်နေရင်းးး နဲ့ တစ်မနက်လုံး လမ်းတစ်ဖက်ကို မကွေ့ဖြစ်ဘူးးးး ။။ဖြစ်သွားမယ် ……..အဲဒိတော့ လမ်းနဲနဲရှင်းသလိုဖြစ်တာနဲ့ ကွေ့မယ်ဆိုတာ အချက်ပြလိုက် ပြီးတော့ရဲရဲတင်းတင်းသာကွေ့လိုက်တော့…….

    Reply

  • windtalker

    May 29, 2011 at 6:16 am

    ကာတွန်းမောင်ဝဏ္ဏ ရေးသလို နောက်ကြောင်းမရှင်းတာ ဘောင်းဘီ ဝတ်ထားလို ့။ နောက်ကြောင်းရှင်းတာ ထဘီ ဝတ်ထားလို ့ပေါ့နော်

    Reply

Leave a Reply to cobra Cancel Reply

Your email address will not be published.